ဗြိတိန်နိုင်ငံ နော်တင်ဂမ်မြို့မှ ဗြိတိသျှလက်ဝှေ့သမား အသက် ၃၂-နှစ်ရှိ ဂျာဆန်ဘုသ်သည် ကမ္ဘာ့လက်ဝှေ့သရဖူလုပွဲအဖြစ် စတိဗ်မော်လီတာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း လာမည့်စက်တင်ဘာလ ၁၁-ရက်နေ့တွင် ဆန်းဒါးလန်းမြို့၌ ယှဉ်ပြိုင်ထိုးသတ်မည့် ယင်းပြိုင်ပွဲတွင် ဘုသ်သည် အိုင်ဘီအက်ဖ် စူပါဘင်တန်ဝိတ်ချန်ပီယံဖြစ်နိုင်မည့် အခွင့်အရေးရှိသူဖြစ်ကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** တိုက်စစ်မှူး ဘယ်လာမီ စပါးသို့ပြောင်းရွှေ့ဖွယ်ရှိ **
မန်စီးတီးတိုက်စစ်မှူး ခရစ်ဘယ်လာမီသည် စပါးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း စပါးအသင်းကလည်း ယင်း၏ တိုက်စစ်မှူး ရော်ဘီကိန်းကို အက်စ်တွန်ဗီလာသို့ ရောင်းချကာ ဘယ်လာမီအား ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ၀ဲလ်ဘက်ခ်အား ဆန်းဒါးလန်းက အငှားစာချုပ်ရေးနီးစပ် **
မန်ယူတိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ခ်အား ဆန်းဒါးလန်းနည်းပြ စတိဘရုစ်က တစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူရေး နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ဒေလီ၌ ဝေလကိုယ်စားပြု အက်ဒွပ် ယှဉ်ပြိုင်ထိုးသတ်မည် **
လက်ဝှေ့လောက၏ မြင်ကွင်းမှ လေးနှစ်တာမျှ ပျောက်ကွယ်နေသည့် လက်ဝှေ့သမား ဒါရင်အက်ဒွပ်သည် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ကျင်းပမည့် ဒေလီဓနသဟာယလက်ဝှေ့ပြိုင်ပွဲတွင် ဝေလနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ခံစစ်မှူး တယ်လ်ဘင်ဟိန်းအား ၀က်စ်ဟမ်း စာချုပ်ဖွယ် **
ဝက်စ်ဟမ်းအသင်းသည် ပက်ဘလိုဘာရီရာနှင့် လိုင်ယွန်တိုက်စစ်မှူး ဖရက်ဒရစ်ပတ်ကွိုင်နီတို့နှစ်ဦးအား စာချုပ်ခေါ်ယူပြီးနောက် ပို့စ်မောက်ခံစစ်မှူး တယ်လ်ဘင်ဟိန်းအား တတိယမြောက် ကစားသမားအဖြစ် စာချုပ်ချုပ်ဆို ခေါ်ယူဖွယ်ရှိသည်။ (အင်တာနက်)
** ခံစစ်မှူး ဘရူနိုအား ခေါ်ယူရန် ဇင်းနစ်စီစဉ် **
ပေါ်တူဂီအသင်း ပေါ်တိုခံစစ်မှူး ဘရူနိုအဲလ်ဗက်စ်အား ဇင်းနစ်စိန့် ပီတာစဘတ်ဂ်က စာချုပ်ခေါ်ယူရန် စီစဉ်နေကြောင်း မန်ယူအသင်းသည် အသင်းမှ ဆားဗီးယားခံစစ်မှူး နီမန်ဂျာဗီဒစ်ထွက်ခွာခဲ့ပါက အစားထိုးရန် အဲလ်ဗက်စ်အား ခေါ်ယူလိုကြောင်း သိရသည်။ (အင်တာနက်)
** ဂိုးသမား ဟာပါ နယူးကာဆယ်၌သာ ဆက်နေမည် **
နယူးကာဆယ်ဂိုးသမား စတိဗ်ဟာပါသည် အသင်း၌သာ ဆက်နေမည်ဟု ပြောကြားလိုက်ခြင်းဖြင့် ဆဲလ်တစ်သို့ ပြောင်းရွှေ့ရေးဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်။ (အင်တာနက်)
** စပါးမှ ဆန်းတို့စ်အား စပို့တင်း အငှားစာချုပ်လို **
စပါးတောင်ပံကစားသမား ဂျီအိုဗန်နီဒေါ့ဆန်းတို့စ်အား စပို့တင်းလစ္စဘွန်းအသင်းက အငှားစာချုပ်ဖြင့် ခေါ်ယူလိုကြောင်း စပို့တင်းတိုက်စစ်မှူး ယန်နစ်ဒီဂျာလိုအား စပါးသို့ ပေါင် ၄ ဒသမ ၂-သန်းဖြင့် ရောင်းချဖွယ်ရှိကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** ဂိုးသမား ပလီတီကိုဆာအား စပါးခေါ်ယူရေး နီးစပ် **
ရုရှားအသင်း စပါးတပ်မော်စကိုမှ ခရိုအေးရှား ဂိုးသမား စတပ်ပလီတီကိုဆာအား စပါးက စာချုပ်ခေါ်ယူရေး နီးစပ်နေပြီဖြစ်ကြောင်း စပါးနည်းပြ ဟာရီနက်က အတည်ပြုပြောကြားခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **
** အိုင်ဘီအက်ဖ်သရဖူ ဘုသ်နှင့် မော်လီတာလုမည် **

No comments:
Post a Comment