ကမ္ဘာတစ်ပတ်ကို ရေလမ်းခရီးဖြင့် ရွတ်လွှင့်သွားရန် ဒတ်ခ်ျနိုင်ငံသူအသက် ၁၄-နှစ်အရွယ် လောရာဒက်ကာ အမည်ရှိ မိန်းကလေးငယ်တစ်ဦးက လာမည့် သီတင်းနှစ်ပတ်အတွင်း စတင်စွန့်စားတော့မည်ဖြစ်သည်။ လော ရာဒက်ကာသည် အသက် ၁၃-နှစ်အရွယ် ၂၀၀၉ ခုနှစ်ကလည်းက ကမ္ဘာတစ်ပတ်ကို တစ်ဦးတည်းရွက်လွှင့် ခရီးနှင့်ခွင့်ပြုရန် တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၀ ခုနှစ်မှသာ ခွင့်ပြု ချက်ရရှိခဲ့ခြင်းဖြစ်သည်။ လောရာဒက်ကာသည် အရှည် ၃၉ ပေရှိသည့် ရွက်လှေကို အသုံးပြုကာ သူမအ ကြိုက်နှစ်သက်ဆုံး အနီရောင်လွှမ်းနေသော အသက်ကယ်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ တင်ကာ ပေါ်တူဂီနိုင်ငံ မစ်ဒယ်ဘက်ဆိပ်ကမ်းမှ စတင်ရွက်လွှင့်ရန်စီစဉ်ထားသည်။
ကမ္ဘာတစ်ပတ်ရွက်လွှင့်မည့် လောရာဒက်ကာသည် အာဖရိက၊ အေဒင်ပယ်ကွေ့တို့ အပါအ၀င် ကမ္ဘာ့နည်မည်ကြီး ဆိပ်ကမ်းများကို ၀င်ရောက်ဆိုက်ကမ်သွားမည်ဖြစ်ရာ နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ အောင်မြင်မှုရရှိပါက ကမ္ဘာ့ပေါ်တွင် အသက်အငယ်ဆုံး တစ်ဦးတည်း ရွက်လွှင့်ကမ္ဘာပတ်နိုင်သူ မိန်းကလေးအဖြစ် မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ (အင်တာနက်)
** အမေရိကန်၌ လေဆင်နှာမောင်းတိုက်ခတ် နှစ်ဦးသေဆုံး၊ နေအိမ်အချို့ပျက်စီ **
(ဟီလီနာ၊ ဇူလိုင်လ ၂၉-ရက်)
အမေရိကန်နိုင်ငံ မွန်တာနာမြို့တွင် ဇူလိုင်လ ၂၇-ရက်နေ့က အင်အားပြင်းထန်သည့် လေဆင်နှာမောင်းတိုက်ခတ်သွားရာ နှစ်ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း အမေရိကန်အရာရှိများက ဇူလိုင်လ ၂၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီးအီပစ်ခရီးသည် ၄၀၀၀-ဖြင့် ဟွန်ဒူးရပ်စ်သို့ ဆိုက်ရောက် **
(ရိုရာတန်၊ ဇူလိုင်လ ၂၉-ရက်)
ကမ္ဘာပေါ်တွင် အကြီးမားဆုံး အပျော်စီးသင်္ဘောကြီးများတွင်တစ်စင်းအပါအ၀င်ဖြစ်သည့် အီပစ်အမည်ရှိ ဇိမ်ခံအပျော်စီးသင်္ဘောကြီးသည် ဟွန်ဒူးရပ်စ်နိုင်ငံ ရိုရာတန်မြို့ဆိပ်ကမ်းသို့ ဇူလိုင်လ ၂၈-ရက်နေ့က ဆိုက်ရောက်လာခဲ့သည်။ (အင်တာနက်)
** အီရန်က ညူကိစ္စဆွေးနွေးရန် အသင့်ရှိဟု ပြောကြား **
အီရန်၏ ညူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီမှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း အီရန်သမ္မတ အာမက်ဒီနီဂျက်က ဇူလိုင်လ ၂၉-ရက်နေ့၌ ပြောကြားလိုက်သည်။ (အင်တာနက်)
** မလက္ကာရေလက်ကြား၌ ကယ်ဆယ်ရေးသင်္ဘောထားရှိမည် **
မလက္ကာရေလက်ကြား၌ သွားလာနေသောသင်္ဘောများအား သဘာဝအန္တရာယ်နှင့် မတော်တဆ ဖြစ်ရပ်များအတွက် အကူအညီပေးရန် ကယ်ဆယ်ရေးသင်္ဘောထားရှိရေး စီစဉ်လျက်ရှိကြောင်း မလေးရှားအရာရှိများက ဇူလိုင်လ ၂၉-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှားကမ်းလွန်၌ ငလျင်လှုပ် **
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်ကမ်းလွန်၌ ဇူလိုင်လ ၂၉-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၄-အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (အင်တာနက်)
** အမေရိကန် စစ်ဘက်ကုန်တင်လေယာဉ်ပျက်ကျ **
အမေရိကန်နိုင်ငံ အလာစကာပြညနယ် အီလ်မင်ဒေါ့ဖ်လေတပ်အခြေစိုက် စခန်းအနီး ဇူလိုင်လ ၂၉-ရက်နေ့က အမေရိကန်စစ်ဘက်ကုန်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း လေယာဉ်ပေါ်လိုက်ပါလာသူ လေးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** မက္ကဆီကိုကမ်းလွန်၌ မုန်တိုင်းဖြစ်ပေါ်နေ **
မက္ကဆီကိုကမ်းလွန် မက္ကဆီကိုပင်လယ်ကွေ့၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လျက်ရှိကြောင်း ယင်းမုန်တိုင်းငယ်သည် လာမည့် ၂၄-နာရီအတွင်း မက္ကဆီကိုကမ်းခြေသို့ ဦးတည်တိုက်ခတ်ဖွယ်ရှိကြောင်း မက္ကဆီကိုနိုင်ငံ မိုးလေ၀သဌာနက ဇူလိုင်လ ၂၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင်ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ ဇူလိုင်လ ၂၉-ရက်နေ့ကရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၂၆ ဒေါ်လာအထိဖြစ်ခဲ့ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အသက် ၁၄-နှစ်ရှိ ဒတ်ခ်ျ မိန်းကလေးငယ် တစ်ဦးတည်း ကမ္ဘာတစ်ပတ် ရွက်လွှင့်မည် **

No comments:
Post a Comment