**(ဇူလိုင်၁၆၊၂၀၁၀)**
ထိုင်းထီိဆုကြီပေါက်သည့်မြန်မာအလုပ်သမားထိုင်းဘတ်ငွေ၂၄သန်းထုတ်ယူပြီးနေရပ်ရင်းသို့ပြန်သွားပြီဖြစ်
ကြောင်းသိရှိရသည်။
ဆုံခါအခြေစိုက် ကျမ္မာရေးနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုမှ မြန်မာဝန်ထမ်းအမျိုးသမီးတစ်ဦးက“
တရုတ်သူဌေးတစ်ဦးပိုင်တဲ့တည်ခိုခန်းမှာ သန့်ရှင်းရေးလုပ်တဲ့လင်မယားနှစ်ယောက်ထီပေါက်တာပါ။
သူဌေးကဘဏ်အခွန်အတွက် ဘတ် ၂သန်း၊အစိုးရကအခွန်၂သန်း ဖြတ်ထားလိုက်တယ်။ သူတို့ လင်မယားနှစ်ယောက်လုံး
ကတော့ ဘတ်၂၄သန်း ကိုချောချောမောမောပဲရသွားတယ်။ သူဌေးကိုယ်တိုင်နယ်စပ်မြို့တစ်ခုကိုရောက်အောင်ပို့ လိုက်တာပါ။တော်တော်ကောင်းတဲ့သူဌေးပဲ၊ကျမသာဓုခေါ်ပါတယ်ထီပေါက်တယ်လို့ ကြားတော့ ကျမသူတို့အတွက်စိတ်ပူခဲ့တယ်ပေါ့”ဟုပြောသည်။
ပြီးခဲ့သော၂နှစ်ခန့်က ထိုင်းနိုင်ငံဖူးခက်မြို့တွင်မြန်မာအလုပ်သမားတစ်ဦးနှင့်ထိုင်းလူမျိုးတစ်ဦးတို့ ရှဲထီ
ဘတ် ၆သိန်းပေါက်ခဲ့သည်။ သို့ရာတွင်အဆိုပါ ၂ဦးလုံးမှာ ရှဲထီရောင်းချသူများဟုယူဆရသူများကသတ်
ပြစ်ခဲ့သဖြင့်အသက်ပါသေဆုံးခဲ့ရဖူးကြောင်း၊သူမ အသက်၅၀ ကျော်အရွယ် ထိုင်းမြန်မာအမျိုးသမီးတစ်ဦး
အနေဖြင့် ယခုကဲ့သို့ ဖြောင့်ဖြောင့်ဖြူးဖြူး မိမိငွေကိုအန္တရာယ်ကင်းစွာရရှိသွားခြင်းမျိုးမကြားဖူးကြောင်းပြော
ဆိုသွားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်၊လမ်းစံလမ်းစုံရွာ၊ဟတ်ယိုင်မြို့နယ်၊ဆုံခါခရိုင် နေ ထိုင်းအမျိုး သမီးတစ်ဦးရောင်းချသည့်“မာလွေ”သူဌေးလာဖြစ်ပါ ထီဆိုင် မှ ထီနံပါတ်အတွဲ(၅၃-၅၄) ၄၈၀၂၃၉ ကဏန်းဖြင့်ထီဘတ်၂၈သန်းပေါက်ခဲ့ခြင်းဖြစ်သည်။
(လုံခြုံရေးအရ ထီပေါက်သူ၏အမည်နှင့်နေရပ်တို့ အားမဖေါ်ပြသည်ကိုခွင့်လွှတ်ကြပါရန်)
**ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment