ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 8, 2010

`ငရဲလားမယ့်, ၀ဲစားများ´

> ဘယ်သူတွေ ဘယ်ဝါတွေ လောကမှာ အလုပ်ရှုပ်ဆုံးပါလဲ။ ဘယ်သူတွေ ဘယ်လောက်ဘဲ အလုပ်ရှုပ်ပါစေ၊ ကျုပ်တို့ ယမ မင်းကြီးက အဲဒီလူတွေ အလုပ်ရှုပ်တာလောက်တော့ `အဆိုတော်ကြီး တွံတေးသိန်းတန်´ ဆိုတဲ့ ဟိုသီချင်းလို - ဘာ-တဲ့ `ပျင်းတောင် ပျင်းသေးတယ်´ပေါ့ဗျာ။ တကယ်ပါ ယမ မင်းကြီးအတော်အလုပ်များပါတယ်။ ယားလို့တောင် မကုပ်အားဘူးလို့ သူရဲ့ နံပါတ် နှစ်ရာ့ခြောက် (ပြောင်းပြန်မဖတ်ပါနဲ့) မယားထံက သတင်းစကားကြားရပါသတဲ့။ ဒါကြောင့် အကုပ်ငှားရတာ ကုပ်ခက ကြက်နှစ်ကောင် ၁ ပုလင်းပေးရသတဲ့။
ငရဲကြီးရှစ်ထပ်ကို အုပ်ချုပ်တော်မူရတဲ့- အပိုင်စားရတဲ့ ငရဲသနင်း ယမ မင်းကြီးပါ၊ ရှစ်နိုင်ငံ၊ ရှစ်တိုင်းပြည်၊ ရှစ်ပြည်ထောင် ကိုစိုးမိုးအုပ်ချုပ်တော်မူရပါတယ်။ ကျနော်တို့ ဂိုးလ်ဒင်းလန်းက `ငရွှေ´ကြီးအာဏာရှိတယ်၊ ဆိုတာ ယမ မင်းကြီးက `သနားတယ်´တဲ့။
ကြည့်ပါ `ယမ မင်းကြီးရဲ့ နိစ္စဓူဝ အလုပ်တွေ မနက် ၅ နာရီမှာ အိပ်ယာကထပါတယ်။ ရေချိုးသန့်စင်ပြီးတာနဲ့ `မနောမယ´ ထမင်း၊ ကြော်စား၊ RT ခန်းထဲဝင်ပြီး ရှစ်နိုင်ငံကို RT Message တွေပို့ရတယ်။

မြန်မာပြည်(ပြေ)၊ နေပြည်တော် တလွှားက ဘယ်သကောင့်သားတွေ လာချိန်နီးပလဲ၊ အမည်စာရင်းတွေ စစ်ရ၊ ဆေးရ အကောင်းသေးသေး၊ ပမွှားလေးတွေကိုတော့ သိပ်လက်မခံချင်သေးဘူး။ သနားတယ်။ အကောင်းကြီးကြီး အမြီးရှည်ရှည်တွေကို မှတ်လောက်အောင် ဆုံးမမှ ယမ မင်းကြီးကို မြန်မာပြည်(ပြေ)လူထုက ဂရု ဂါရ၀ ဆလုပါသ (Salute)မှာဆိုတော့ အခုအခါ သမယမှာဖြင့် ဘယ်သူ ဘယ်အ၀ှာရယ် မခွဲခြားပါဘူး။ လာလိုက်တဲ့ ရ.၀.တ တွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်ကျားတွေ ကိုအားရပါးရစစ်၊ အပြစ်တွေကလဲကြီးသမို့၊ ဒယ်အိုးကြီး မီးဖိုပေါ်တင်၊ ဆီအစားရေတွေထည့်၊ ဒီအကောင်တွေဆီနဲ့ မတန်ဘူး၊ `အဲ့ဒဲထိုး၊ ပြေစုတ်´ ဆိုတဲ့ ငရဲပြည်စကားနဲ့ ငယ်သားတွေကို အမိန့်ပေးရပြန်တယ်။ `အဲ့ဒဲဖိုး ပြေစုတ်´ ဆိုတာ လူ့ပြည်စကားနဲ့ ဆိုရင်တော့ `အိုးထဲထဲ့ - ပြုတ်စေ´လို့ အဓိပ္ပာယ်ရတာပေါ့…။
ဒီကနေ့လဲ ယမ မင်းကြီး အလုပ်ရှုပ်မြဲပါ။ ငရဲပြည်၊ ရှစ်ပြည်မှာ ပထမ ပြည်နယ်ဖြစ်တဲ့ သိန်းဇိုးငရဲပြည်နယ် (သိန်းစိုး ငရဲပြည်ဆိုလို့ရပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲ ကင်မရှော် ဥက္ကဌ `သိန်းစိုး´ကိုရည်ညွှန်းပါတယ်။) စောစောစီးစီး ဖုန်းဆက်လာတယ်။ ယမ မင်းကြီးရဲ့ မိုဘိုင်းဖုန်းမြည်သံက တမျိုးလေးပါ။ ကလင်၊ ကလင်၊ ကလင်၊ မဟုတ်ပါဘူး။ (ထီးန်ပုံ၊ ထီးန်ပုံ၊ ဗျိန်၊ ဗျိန်၊ ဗျိန်) လူ့ပြေမှာ မသာချရင် နောက်က မသာပို့တီးတဲ့ ဆိုင်းသံပါ။ (မျောက်မင်း အူသံလို့ခေါ်ပါတယ်။) အဲဒီအသံဟာ ယမ မင်းကြီးရဲ့ မိုဘိုင်းဖုန်းမြည်သံပါ။ ဒါ့ကြောင့် ယမ မင်းကြီး နောက်တော်ပါ PA (ကိုယ်ရေးအရာရှိ) ကိုခေါ်ပြီး ဆိုင်ကယ် ဆန်ပလော့စ်နဲ့ သိန်းစိုး ငရဲပြည်ကို ကြွမြန်းရပါတယ်။
ရောက်တယ်ဆိုရင်ဘဲ ချက်ချင်းဆိုသလို PA က မက်ဂါဖုံးခေါ် အော်လံနဲ့ ငရဲသားတွေ တန်းစီဘို့အမိန့်ပေးရတယ်။ ယမ မင်းကြီး ငရဲသားတွေကို အမှုစ စစ်ပါပြီး။
ပထမ ဆုံးငရဲသား ရှေ့ရောက်လာပါတယ်။ ယမ မင်းကြီးက စစစ်ပါတယ်။
`မောင်မင်းက လူ့ပြည်တုန်းက ဘာမကောင်းတာ လုပ်ခဲ့လို့ ငရဲပြည်ရောက်လာတာတုန်း´တဲ့။ ငရဲသားက ဖြေပါတယ်။
`မှန်လှပါ။ ကျနော်မျိုး ငွေကွာမှုနဲ့ ရောက်လာတာပါတဲ့´ ငွေက ဘယ်လိုကွာတာတုန်းလို့ ယမ မင်းကြီးက မေးတယ်။ `ရပ်ကွက်ထဲက အမှန်ကောက်ခံရငွေက သိန်း နှစ်ဆယ်ဖြစ်ပါတယ်။ စာရင်းရေးမိတာက ငါးသိန်းဘဲရေးမိလို့ ဆယ့်ငါးသိန်းကွာတာနဲ့ ရပ်ကွက်လူထုက ၀ိုင်းသမလိုက်တာ ငရဲပြည်ကို ဘတ်စ်ကားမစီးဘဲ ရောက်လာတာပါဘဲ မင်းကြီး´လို့ ငရဲသားက ဖြေလိုက်တော့.......
ယမ မင်းကြီးက `အိမ်း- အိမ်း ဒီလောက်တောင်၊ စာရင်းလိမ်ရသလားဟင်´ဆိုတော့ ငရဲသားက ပြန်ပြောလိုက်သေးတယ်။ `ဒါတောင် စာရင်းဖေါ်တာများသေးတယ်။ နှစ်သိန်းလောက် စာရင်းဖော်ရင် ရတာဘဲလို့ အိမ်က မိန်းမက ပြောတယ်´
`တယ်… မဟုတ်တာလုပ်တဲ့အကောင် နေပါအုံး မင်းအလုပ်က ဘာအလုပ်လဲ´လို့ မေးပြန်တော့ ငရဲသားက အလုပ်က `ရ၀တ´ ဥက္ကဌပါတဲ့။
`သြော်… သြော် ရ၀တ ဥက္ကဌကိုးကွ ကဲ… ငရဲပြည်မှာ အနှစ် နှစ်ထောင်စံစေ´ ဆိုပြီး ဒုံးကနဲ တင်းပုတ်ကြီးနဲ့ ထုချလိုက်တာ ဘေးကတန်းစီနေတဲ့ ငရဲသားတွေတောင် အတော်ဖြုံသွားပါတယ်။
ဒုတိယ ငရဲသားအလှည့်ရောက်ပါပြီ၊ ယမ မင်းကြီးက ဒုတိယ ငရဲသားကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး။ စစစ်ပါတယ်။ `မောင်မင်းကကော လူ့ပြည်တုန်းက ဘာမကောင်းတာလုပ်ခဲ့လို့ ငါ့ဆီရောက်လာတာတုန်း´ ဆိုတော့ ငါရဲသားက ဖြေတယ်။
`မှန်လှပါ။ ကျနော်မျိုး မိဘတွေပြန်ပြောမိလို့ ငရဲပြည်ရောက်လာတာပါ မင်းကြီး´
ယမ မင်းကြီးက ပြောတယ်။ `မိဘဆိုတာ အနန္တငါးပါး ဂိုဏ်းဝင် ကျေးဇူးရှင်တွေဆိုတာ မင်းမသိဘူးလား´တဲ့။
`အစကတော့ ပြန်မပြောပါဘူး။ မင်းကြီး ခုတော့ အလုပ်ထဲက အကျင့်တွေပါလာလို့ ပြန်ပြောမိပါတယ်။´
`မင်းအလုပ်က ဘာအလုပ်တုန်းလို့´ ယမ မင်းကြီးက မေးတော့
`အလုပ်က ဘတ်စ်ကား စပယ်ယာပါ´တဲ့
ဒီတော့ ယမ မင်းကြီးက `မိဘတွေကို ပြန်ပြောတဲ့ကောင် ငရဲပြည်မှာ အနှစ်သုံးထောင် ခံစေ´ဆိုပြီး ထုံးစံအတိုင်း ၀ုန်းကနဲ တင်းပုတ်ကြီးနဲ့ ထုပါလေရော…
ဒီလိုနဲ့ ယမ မင်းကြီး တယောက်ပြီး၊ တယောက် အမှုတွေ စစ်သွားလိုက်တာ တန်းစီနေတဲ့ ငရဲသားတွေထဲမှာ ငရဲသားတယောက်က အတန်းအပြင်ဘက် ခေါင်းကြီးထွက်ထွက်ပြီး ပြူ ပြူ ကြည့်နေတာကို အဝေးက မြင်ရတဲ့ PA က `ယမ မင်းကြီးသတိထားပါ။ ဟိုက ခေါင်းကြီး ပြူ ပြူ ကြည့်နေတဲ့ ငရဲသားကတော့ စစ်ခေါင်းဆောင် `ငရွှေကြီး´ တပည့် `တေဇ´ရဲ့ မန်နေဂျာ `ငွေရ´ပါဘုရား။ အထက်ကိုပါး အောက်ကိုဖိ ရှိတာတွေ အကုန်သယ် လက်ဝယ်ကိုင်ထား ငွေမဲတွေလဲ အများအပြားဆိုတော့ မယားတွေအများကြီးယ၊ူ ဘိန်းဖြူတွေ သောက်သုံးတော့၊ နောက်ဆုံးခရီး ယမ မင်းကြီးရဲ့ လက်ထဲရောက်လာတာပါဘုရား´ လို့ အကြောင်းစုံ လျှောက်ထားတော့…
`အိမ်… ခုလို ကြိုသိရတာ၊ ၀မ်းသာတယ်ဟေ့´ပြောရင်း ဆိုရင်း ဒီငရဲသားရှေ့ရောက်လာတယ်…။
မင်းကြီးက မေးလိုက်ပြီ… `မောင်မင်းကော ထုံးစံအတိုင်း ငါ့တိုင်းပြည် ဘာလို့ရောက်လာတာတုန်း´ လို့ဆိုတော့
`မှန်လှပါ ကျနော်မျိုး လူ့ပြည် နေပြည်တော်မှာ အထက်ကိုဖါး အောက်ကိုဖိ လုပ်လို့ အောက်က ငယ်သားတွေ မေတ္တာပို့လိုက်တာနဲ့ ဒီရောက်လာတာပါဘဲ ဘုရား´လို့ ဆိုတော့ ယမ မင်းကြီးက `ဒါနဲ့ မင်းကိုမေးရအုံးမယ်။ တခြား ငရဲသားတွေတန်းစီနေတဲ့ ကြားက မင်းကဘာလို့ အတန်းအပြင်ခေါင်းကြီးထွက်ပြီး ကြည့်နေတာတုန်း´ဆိုတော့
ဖော်လံဖားတို့ ထုံးစံအတိုင်း `မှန်လှပါ ကျနော်မျိုး အမှန်ကိုဝန်ခံရရင်ဖြင့် ဒီကနေ့ ယမ မင်းကြီးကို ကြည့်ရတာ ဘယ်တိုင်းပြည် ဘယ်မင်းနဲ့မှ မတူဘဲ ကျက်သရေရှိလွန်လွန်းလို့ မကြည့်ရဘဲ မနေနိုင်လို့ ကြည့်မိတာပါဘုရား´လို့ ဆိုတော့ ယမ မင်းကြီးက မုတ်ဆိတ်မွေးကို လက်နဲ့ သပ်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားတယ်။
အင်း… ဒီကောင်ပြောတာတွေ ဟာ အများကြီးဖြစ်နိုင်တယ်။ ဒါပေမယ့် ငါဟာ ရှစ်နိုင်ငံ အုပ်ချုပ်နေရတဲ့ မင်းကြီးဆိုတော့ ဂိုးလဒင်းလင်းက `ငရွှေ´တို့ `တေဇ´တို့လို အမြောက်ကြိုက်ထဲမပါ သင့်ပေဘူး။ အင်းပရက်ရှင် ကိုထိန်းရမယ်လို့ စဉ်းစားပြီးသကာလ…
`ဟိတ်… ငရဲသားမိုက်´
`အောင်မယ်လေး လန့်လိုက်တာ ဘုရား´
`ငါ့ကို ခြောက်တိုက် လာမြောက်မနေနဲ့ မင်းဘိုးအေ ငရွှေ၊ တေဇ တို့လို မြောက်ပင့်ပေါင်းလို့ မရဘူးကွ မှတ်ထား… ငါ ယမ မင်းကွ၊ တစ်မင်းထဲရှိတယ် ဟေ့… နှစ်မင်းရှိရင် နှစ်ကျပ်ခွဲနဲ့ ရောင်းလိုက်မယ် လာခဲ့စမ်း PA´လို့ ခေါ်လိုက်တော့ PA ခမြာ ပြာပြာသလဲ
`အမိန့်ရှိပါဖျ၊ အမိန့်ရှိပါဖျ´
`ဟေ့ကောင်… ဘုရားလို့ ပီပီသသလုပ်ပါ။ မင်းဟာ တဖျဖျနဲ့ ဘယ်နှာတုန်း´
`မှားသွားပါတယ် ဖျ´
`ကဲ… ဒီကောင်ကို သီးသန့် အပြစ်ပေးလိုက်… ဟေ့… ဒေါင်ဒကီ- အဲ့ဒဲထိုး- ပြေစုတ်´ `ရဲ့ နဲနဲ ထေ´
လူစကားနဲ့ဆိုရင်တော့ `ဒီတစ်ကောင်ကို အိုးထဲထည့် ပြုတ်စေ- ရေနဲနဲ ထည့်လို့´ လို့ အဓိပ္ပာယ်ရတာပေါ့…
PA က ဆက်ပြီးလျှောက်ပြန်တယ်။
`သတင်းထူးပါတယ် ဖျ´
`ဟေ့… ဘာသတင်းထူးပြန်တုန်း မောင်ပီကေ (အဲလေ) ပီအေရဲ့´
`မှန်လှပါဘုရား- နေပြည်တော်မှာလဲ အနေမလျော်ညီတာကြောင့် `ငရွှေ`နဲ့ `မိကြိုင်´ အပြင် တပည့်ချစ်ကလေး `မောင်အေး´ `ရွှေမန်း´တို့ သေပန်းပွင့်တော့မယ်လို့ သိရပါတယ် ဘုရား´ လို့လျှောက်ပြန်တော့။
ယမ မင်းကြီးက `အိမ်း… ကောင်းလိုက်တဲ့ သတင်းပါလားဟရို့… ကောင်းလှချည့်လား ဒေါင်းမြကြည် ဆိုသလို ကောင်းလှချည်လား။ မောင်ပီကေ(အဲ အဲ) မောင်ပီအေရဲ့ ဒီသတင်း ဧ၀ကန် အမှန်ဆိုရင်တော့ဖြင့်… အပြင်လူတွေနဲ့ သီးသန့်ထား- တံခါတွေ အလုံပိတ် အရိပ်မထွက်အောင် မှောင်ပစေ၊ မီးကျဲတွေ ဘေးကဖို လိုသလို အပူပေး- အခန်းတွေ စစ်ဆေးထား၊ ရောက်လာမယ့် `ငရွှေ´တို့ကို သေသေချာချာ ငါစစ်မေးမယ်´
`ကိုင်း… ကိုင်း ပြောနေစကားကြောရှည်ရော့မယ်- `ငရွှေ´နဲ့ အဖွဲ့ ရောက်အလာကို မြန်မာဘီယာသောက်ရင်း ငါ ယမ မင်းစောင့်တော်မူမယ်… ဟေ့´လို ဆိုလိုက်တာနဲ့ မိုဘိုင်းဖုန်းကလဲ ဘယ်နိုင်ငံကမှန်းမသိ၊ `ထီးန်ပုံ၊ ထီးန်ပုံ၊ ဗျိန်၊ ဗျိန်၊ ဗျိန်´နဲ့ အသံ မြည်လာပြန်ပါတယ်။

**မဟာဇော် (မကွေး)**

ဘယ်သူတွေ ဘယ်ဝါတွေ လောကမှာ အလုပ်ရှုပ်ဆုံးပါလဲ။ ဘယ်သူတွေ ဘယ်လောက်ဘဲ အလုပ်ရှုပ်ပါစေ၊ ကျုပ်တို့ ယမ မင်းကြီးက အဲဒီလူတွေ အလုပ်ရှုပ်တာလောက်တော့ `အဆိုတော်ကြီး တွံတေးသိန်းတန်´ ဆိုတဲ့ ဟိုသီချင်းလို - ဘာ-တဲ့ `ပျင်းတောင် ပျင်းသေးတယ်´ပေါ့ဗျာ။ တကယ်ပါ ယမ မင်းကြီးအတော်အလုပ်များပါတယ်။ ယားလို့တောင် မကုပ်အားဘူးလို့ သူရဲ့ နံပါတ် နှစ်ရာ့ခြောက် (ပြောင်းပြန်မဖတ်ပါနဲ့) မယားထံက သတင်းစကားကြားရပါသတဲ့။ ဒါကြောင့် အကုပ်ငှားရတာ ကုပ်ခက ကြက်နှစ်ကောင် ၁ ပုလင်းပေးရသတဲ့။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)