ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 1, 2010

မြန်မာနိုင်ငံဘက်မှ ယာယီပတ်စပို့ရုံး ရနောင်းတွင်ဖွင့်ပြီ

> **(ဇူလိုင် ၁၊၂၀၁၀)**
ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့ကမ်းနားလမ်းပေါက်ခေါင်းလှေဒေါက်အနီးခြံဝင်းကျယ်တစ်ခုတွင် မြန်မာအလုပ်သမားများအတွက်ယာယီပတ်စပို့ထုတ်ပေးသည့် ၇ုံးတစ်၇ုံးအားယနေ့တွင်ဖွင့်လှစ်လိုက်သည်။
မြန်မာနိုင်ငံဘက်မှ ကော့သောင်းမြို့နယ်မှူး နှင့် မြန်မာလ၀က မှဝန်ထမ်းသုံးဆယ်ခန့် တို့ ယာယီပတ်စပို့ 
ကိုစတင်လုပ်ကိုင်ကြကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူနှစ်ဦးကပြောပြသည်။
ယာယီပတ်စပို့လုပ်ကိုင်သည့် ဗီဇာလွမ်း ကုမ္ပဏီ၊အန်ဒမန်ကုမ္ပဏီနှင့်ဗီဇာအက်စ်ပရက် ကုမ္ပဏီတို့ကလာ
ရောက်ပြီးယနေ့ တွင်မြန်မာအလုပ်သမားပေါင်း၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်ပေးခဲ့ကြောင်း အမည်မ
ဖေါ်လိုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့်ရနောင်းမြို့က မြန်မာအလုပ်သမားကိုမောင်က“ရုံးကိုသွားဖို့ အင်္ဂလိပ်
/ထိုင်းဘာသာတွေနဲ့လမ်းညွှန်ဆိုင်းဘုတ်အငယ်တွေတော်တော်ရေးထားပါတယ်။ အင်္ဂလိပ်လိုရေးတာ
ထက်၊ မြန်မာစာနဲ့ရေးရင် ပိုကောင်းပါမယ်။ရုံးကို ခြံဝင်းကျယ်ကျယ်နဲ့ တစ်ခုထဲမှာမြက်ခင်းပြင်တွေနဲ့သပ်သပ်ရပ်ရပ်ရုံးလုပ်ထားပါတယ်။ကျနော်ပဲမျက်စိချန်းတာလားတော့မသိဘူး၊
မြန်မာဘက်က၀န်ထမ်းတွေအကုန်လုံး လက်နဲ့ရေးနေတာကိုပဲတွေ့ခဲ့တယ်။ ကွန်ပျူတာတွေတော့မမြင်ခဲ့ဘူး။
အလယ်ခုံမှာ TVတစ်လုံးချထားတာတွေ့ခဲ့ပါတယ်။
မြန်မြန်ဆန်ဆန်လုပ်ပေးနိုင်တော့ အလုပ်သမားတွေအတွက်အချိန်ကုန်သက်သာတာပေါ့ဗျာ”ဟုပြောသည်။
အဟာချိုင်နှင့်အခြားနေ၇ာများမှမြန်မာအလုပ်သမားများမှာ ဘတ်ငွေတစ်သောင်းဝန်းကျင်ခန့် ကုန်ကျနေ
သော်လည်း ရနောင်းဒေသခံများမှာမူ ဘတ် ၇၀၀ နှင့်ဘတ်၁၀၀၀ ၀န်းကျင်ခန့် သာကုန်ကျကြောင်းသိရ
သည်။နောက်ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူတစ်ဦးက“မြန်မာအလုပ်သမားတွေအတွက်ကောင်းပါ
တယ်။ဒါပေမယ့် ကုန်ကျစရိတ်တွေများပါတယ်။ work permit အတွက် ဘတ်ငွေ၊၁၉၀၀ကုန်အုန်းမယ်၊
ကျမ္မာရေးအတွက်ဆေးစစ်ခ ၁၉၀၀ ထပ်ကုန်အုံးမယ်။ဒါတရားဝင်ပါ၊နောက်အပိုကုန်ငွေတွေရှိပါသေးတယ်။
အယင်တုန်းက မြန်မာအလုပ်သမားတစ်ယောက်အတွက်တရားဝင်ဘတ် ၃၈၀၀ ကုန်ကျပါတယ်။ခု ယာယီ
ပတ်စပို့အတွက်ထပ်မံကုန်ရပါတယ်။မဲဆောက်ကိုသွားတဲ့လူတွေ၊ချင်းမိုင်ကိုသွားတဲ့လူတွေ ပိတ်ဆံပေးရ
တယ်လည်းကြားပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်မြန်မာအလုပ်သမားတွေလုပ်သမျှပိတ်ဆံတွေ၊နေထိုင်
အလုပ်လုပ်ကိုင်ခွင့်ကိစ္စတွေနဲ့အားလုံးနီးပါးကုန်ကျနေကြရပါတယ်၊မလုပ်ရင်နေထိုင်လို့မရဖြစ်မှာမို့လို့လုပ်ရတာ
ပါ”ဟုပြောသည်။
ရနောင်မှ မြန်မာနိုင်ငံအတွင်းသို့ပြန်ခဲ့သည့်အလုပ်သမားများက ရနောင်းလ၀ကတွင်(re-entry) အတွက် ဘတ်ငွေတစ်ထောင်ပေးရပြီးမြန်မာဘက်တွင်ကျပ်ငွေ၅၀၀ပေးရကြောင်းအခြားမည်သည့်အခက်အခဲမှမရှိ
ကြောင်းပြောပြကြသည်။
မေလ၁၀ ရက်နေ့ က ထိုင်းအလုပ်သမားဝန်းကြီးဌာနအကြီးအကဲ နိုင်စုန်ဖ၀ျူးခွန်၊ရနောင်းဒုမြို့ နယ်မှူး
နိုင်ကီလိုဝပ်ဖုန်န နှင့်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးအောင်သင်းနှင့်အဖွဲ့ တို့ ရနောင်းမြို့ တွင်စည်းဝေးဆုံးဖြတ်ခဲ့ကြခြင်ကိုလက်တွေ့အကောင်အထည်ဖေါ်လိုက်ခြင်းဖြစ်သည်။
အဆိုပါရုံးတွင် ထိုင်းဝန်ထမ်းဦးရေ ၂၀ ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး နေ့ စဉ် မြန်မာအလုပ်သမား၈၀၀
အတွက်ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးနိုင်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံဘက်ကခန့် မှန်းထားသည်။အကယ်
၍ ရနောင်းရုံးတစ်ခုတည်းနှင့် ပြီးစီးနိုင်မည်မဟုတ်ပါက မဲဆောက်၊နှင့်မယ်ဆိုင်မြို့ တို့ တွင် မြန်မာနိုင်ငံ
သားစီစစ်ရေးရုံးများ တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူက
ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ကိုင်ထားသည့်မြန်မာ
အလုပ်သမား ၁၀၇ ၉၉၉၁ ယောက်ရှိခဲ့သည်။ယခုယာယီပတ်စပို့လုပ်ကိုင်ရန်ဖေါင်ဖြည့်တင်ထားသူပေါင်း
၈၃၃၀၁၃ ယောက်၊ယာယီပတ်စပို့ ရပြီးသူပေါင်း၉၄၀၀၀နှင့်မရသေးသူပေါင်း၇၃၉၉၀၀ရှိသည်။လာရောက်
မှတ်ပုံမတင်သည့်သူပေါင်း ၂၄၆ ၉၇၈ ယောက်ကျနေသေးသည်။အဆိုပါတရားမ၀င်နေထိုင်သည့်သူများ
အားပြည်ထဲရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ကထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းထိုင်းလ၀က
မှပြောသည်။
ဇွန်လကုန်အပတ်က ဘန်ကောက်အပါအ၀င်ထိုင်းနိုင်ငံအနှံအပြားတွင် စာရွက်စာတမ်းမပြည့်စုံသည့် မြန်မာ
အလုပ်သမားနှင့်နိုင်ငံခြားသားအလုပ်သမားများထောင်ချီပြီးဖမ်းဆီပြန်ပို့ ခဲ့သည်။
ယာယီပတ်စပို့လုပ်ငန်းစဉ်အတွင်းအခက်အခဲများနှင့်အချိန်ကြာမြင့်မှုအပါအ၀င်၊ကုန်ကျငွေများခြင်းများ
တို့ကြောင့်ယခုအကောင်အထည်ဖေါ်နေသည့်ယာယီပတ်စပို့လုပ်ငန်းစဉ်မှာနှစ်ဆယ်ချီလုပ်ကိုင်သော်လည်းပြီးစီး
သည့်အဆင့်သို့ရောက်ရှိမည်မဟုတ်ကြောင်းအလုပ်သမားအရေးသုံးသပ်သူအချို့ကပြောသည်။
နေထိုင်ခွင့်မရှိသည့်မြန်မာအလုပ်သမားများကမူဘတ်အသစ်လုပ်ပေး၇န်အထူးမျှော်လင့်နေကြောင်းလည်းသိရှိ
ရသည်။

** သတင်း- ဦးကျော်သောင်း (ဘန်ကောက်) **

**(ဇူလိုင် ၁၊၂၀၁၀)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)