ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 7, 2010

နှစ်ကြိမ်တိုင်လူကုန်ကူးခံရသည့်မြန်မာအလုပ်သမားများအခက်ကြုံနေကြရ

> (ဇူလိုင် ၇-ရက်)
ဘန်ကောက်မြို့ အနီးပထုံဌာန်ီရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ထိမ်းသိမ်းခံနေရသော၊ လူကုန်ကူး ခံခဲ့ရ သည့် မြန်မာအလုပ်သမား ၁၀ ဦးအခက်အခဲကြုံနေကြရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်မေလက၊ အလုပ် သမား၁၀ဦး ကန်ချန္နဘူရီ ၀န်သမြို့နာနတ်သီးစက်ရုံမှ ပွဲစား ကိုထွန်းနှင့် မပု တို့က၊ အလုပ်သမား ၂၀၀၀ကျော်ခန့် ရှိသည့်စက်ရုံဝင်းအတွင်း မာလကာပင်တန်းလျားအမှတ်၄၉ အခန်းတွင်အစာရေစာမပေးပဲ အခန်းပိတ် လှောင် ထားစဉ် ကျမ္မာရေးအင်ဂျီအိုတစ်ခုမှ ၀န်းထမ်းတစ်ဦး အကူအညီဖြင့် ထိုင်းရဲများလာ ရောက် ဖမ်းဆီးကူညီပေး ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းအတွင်းရှိ မြန်မာများမှာ မနက်၈နာရီမှ ညနေ ၅-နာရီအထိ ပန်းရံအလုပ်များကို တစ် နေ့ဘတ်၂၀၀ ဖြင့်လုပ်ကိုင်နေကြရသည်။

ကို……..က“ဒီစခန်းမှာကျနော်တို့နေထိုင် မကောင်းလို့ဖြစ်ဖြစ်ပင်ပန်းလို့ ဖြစ်ဖြစ်အလုပ်မဆင်းပါရစေလို့ တောင်းပန်တာမရဘူး။ခိုင်းတာလုပ်ရမယ်။ထောင်ပို့လိုက်မယ်လို့ ခြိမ်းခြောက်ခံနေရပါတယ်။ကျနော်တို့ကို
ဆက်ဆံတာ၊လူကုန်ကူးခံရသူကိုဆက်ဆံတဲ့ပုံစံမဟုတ်ပဲ၊ပြစ်မှုတစ်ခုကြောင့်အကျဉ်းလာကျနေတဲ့အကျဉ်း
သားတွေလိုဆက်ဆံတာခံနေရပါတယ်။အစားအသောက်ဆိုလည်းကျနော်တို့ကောင်းကောင်းမစားရဘူး။ကျနော်
တို့ဘာဖြစ်မယ်၊ဘယ်တော့လွတ်မယ်ဆိုတာလည်းဘာမှမသိရဘူး၊မျှော်လင့်ချက်မဲ့တဲ့ဘ၀ပါ”ဟုပြောသည်။
ဖမ်းဆီးစဉ် လုပ်ငန်းရှင်က အမှုဖျောက်ပေးရန်အတွက်အလုပ်သမား၁၀ဦးအားဘတ်တစ်သိန်းခွဲပေးခဲ့
သော်လည်းအလုပ်သမားများကလက်မခံခဲ့ကြပဲ၊မိမိတို့လူကုန်ကူးခံနေရမှုကိုဖေါ်ထုတ်၇န်သာဆန္ဒပြုခဲ့ကြသည်။
ပွဲစား၂ဦးမှာ ဒဏ်ငွေ၅၀၀၀ ဘတ် ၀န်းကျင်အရိုက်ခံရပြီးပြန်လည်လွတ်မြောက်သွားပြီးဖြစ်သော်လည်း လူကုန်ကူးခံရသည့်မြန်မာအလုပ်သမား၁၀ဦး တို့မှာ ယခုတိုင်ထိန်းသိမ်းရေးစခန်းအတွင်နေထိုင်ပြီးအလုပ်
လုပ်နေရဆဲဖြစ်သည်။ အဆိုပါဒုတိယအကြိမ်လူကုန်ကူးခံရသည့်မြန်မာအလုပ်သမားများမှာထိုင်းနိုင်ငံအတွင်းပိုင်းခေါင်ကိင်မြို့ငါးဖမ်း
ပိုက်စက်ရုံတွင်ယာယီပတ်စပို့ဖြင့်အလုပ်လုပ်ကိုင်နေခဲ့ကြသူများဖြစ်ကြသည်။
ခေါင်ကိင်စက်၇ုံတွင်အခန်းခ၁၀၀၀စီဖြတ်တောက်ခံရခြင်းအပြင် ရေအခက်အခဲရှိသဖြင့် အလုပ်သမားများအ
ခက်ကြုံရသည်ဟုဆိုသည်။
ကို………….က“ကျနော်တို့ ၂၀၁၀ မတ်လမှာ မဲဆောက်ကယာယီပတ်စပို့လုပ်ပြီးပိုက်စက်ရုံမှာအလုပ်လုပ်
နေတာပါ။၁နှစ်လုပ်ပြီးယာယီပတ်စပို့ဖိုးဘတ်၊၁၈၀၀၀/ကျေမှ ကျနော်တို့ပတ်စပို့ကိုင်ရမှာပါ။နံနက်၈နာရီက
နေ ညနေ၈နာရီအထိ ၁၇၀ဘတ်ပဲရပါတယ်။အဲဒီလိုအချိန်မှာ နာနတ်သီးစက်၇ုံကပွဲစားကိုထွန်းကဖနုးဆက်
လာပါတယ်။မနက်၈ နာရီမှညနေ၅နာရီထိကို၁၆၉ ဘတ်ရမယ်။အချိန်ပိုကြေးကတစ်နာရီကိုဘတ်၃၀စီ
ရတယ်အလုပ်ကောင်းတယ်လို့ ခေါ်ပါတယ်။ကျနော်တို့ကလမ်းစရိတ်မရှိလို့ ပြောတော့ ဘတ်၃၀၀၀စီ ပေး
ရင်လာခေါ်မယ်လို့ ပြောပြီးလာခေါ်ပါတယ်။နာနတ်သီးအလုပ်ရုံရောက်တော့ဘတ်၅၀၀၀ပေးရမယ်လို့ပြောပါတယ်။ကျနော်တို့
လည်းသည်းခံပြီးအလုပ်လုပ်နေကြပါတယ်”ဟုပြောသည်။
နာနတ်သီးစက်ရုံကိုရောက်ပြီးနောက်လုပ်အားခ တစ်လစာကို ပွဲစားကိုထွန်းကထုတ်ယူထားပြီးဖြစ်သည်။
နေထိုင်မကောင်း၍အလုပ်နားကြသည်ကို ထွက်ပြေးမည်ဟုစွပ်စွဲပြီးတိုက်ခန်းတစ်ခန်းအတွင်းအစာရေစာမ
မကျွေးပဲသော့ခတ်ထားသည်။
မေလ၁၀နေ့ ကကျမ္မာရေးအင်ဂျီအိုတစ်ခုအကူအညီဖြင့်ထိုင်းရဲများဖမ်းဆီးပြီးကယ်ဆယ်ရေးစခန်းသို့ပို့ဆောင်ပေးခဲ့ခြင်း
ဖြစ်သည်။၎င်းတို့သည်မဲဆောက်မှပွဲစားတစ်ဦးနှင့်ယာယီပတ်စပို့လုပ်၍ငါးဖမ်းပိုက်လုပ်သည့်စက်ရုံသို့ေ၇ာက်
ရှိခဲ့သော်လည်းပတ်စပို့ဖိုးမကျေသေးသဖြင့်စာအုပ်လက်ဝယ်မရှိကြသေးချေ။
မဲဆောက်က အခြေစိုက် ရခိုင်အ လုပ်သမားလှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုထက်ခေါင်က“ဗမာတွေက မဲဆောက်ကနေပြီးတော့ ငွေစိုက်စရာမလိုပဲ ဘန်ကောက်နဲ့ အခြားမြို့ကြီးတွေကို တရားဝင်သွားရမယ်
ဆိုပြီး လက်မလည်အောင်ကို ယာယီပတ်စပို့ လုပ်နေကြတယ်။သူကိုခေါ်ပါ။ငါ့ကိုခေါ်ပါဖြစ်နေကြတယ်။
တစ်နေရာလည်းရောက်ရော၊ ဟိုခုန်ဒီခုန်လုပ်ချင်ကြတာလဲရှိတယ်။အချို့ ဆိုရင် ဒီမှာပြောတာကတမျိုး
ဟိုရောက်တော့တစ်မျိုးတွေကြောင့်အလုပ်ရုံပြောင်းကြတာလည်းဖြစ်နိုင်တယ်။၊ ခြုံပြောရရင်တော့ အလုပ်သမားတွေ အခြေအနေမကောင်းကြဘူးလို့ ကြားသိရပါတယ်”ဟုပြောသည်။

၂ထပ်ကွမ်းလူကုန်ကူးခံရပြီးကယ်ဆယ်ရေးစခန်းအတွင်းအခက်ကြုံနေရသူများမှာ
(၁)အောင်စိုးလင်း၊အသက်၂၈နှစ်၊ဖြူးမြို့အနောက်၊အိမ်အမှတ် ၅၅။ပဲခူးတိုင်း၊
(၂)မလွင်မာသန်း၊၂၂ နှစ်(အောင်စိုးလင်း၏ ဇနီး…………………………………………..)
(၃)တင်ကိုနိုင်၊အသက်၂၄နှစ်။ဒိုက်ဦး ကတုတ်ကြီးဘုရားကြီး၊ပဲခူးတိုင်း၊
(၄)မခိုင်၊အသက်၃၂နှစ်(တင်ကိုနိုင် ၏ ဇနီး………………………………………………….)
(၅)ရဲနီ၊အသက် ၃၁နှစ်၊ဒိုက်ဦးမြို့ နယ်၊ရှမ်စုအုပ်စု၊ကျောက်ကဏန်းရွာ။
(၆)ငဇေါ် အသက် ၁၉နှစ်၊မကွေးမြို့။
(၇)မနီလာ အသက် ၂၂ နှစ်၊မကွေးမြို့( ငဇေါ်အစ်မအရင်း)
(၈)ဟိန်းကို အသက် ၂၆ ကွမ်းခြံကုန်းမြို့
(၉)မျိုးခိုင်၊အသက် ၃၅နှစ် မြ၀တီ။
(၁၀)မမျိုးအေး၊အသက်၃၀ နှစ်၊မြ၀တီ တို့ဖြစ်ကြသည်။
အဆိုပါကယ်ဆယ်ရေးစခန်းအတွင်းမြန်မာနိင်ငံသား၃၀ကျော်ရှိသည့်အနက် အထက်ဖေါ်ပြပါလူဆယ်ဦး
တို့မာဗမာများဖြစ်ကြသည်။ ကျန်လူ၂၀အနက် အခြားတိုင်းရင်းသားများအပါ အ၀င် မူဆလင်ဘာသာဝင်
အချို့လည်းရှိကြောင်း အဆိုပါအလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံအတွင်းလူကုန်ကူးမှုယန္တရားအား၊ထိုင်းအစိုးရ၊နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ထိုင်းအခြေစိုက်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့အနေဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့်
မြန်မာနိုင်ငံသားအချို့နှုင့်ထိုင်းလူမျိုးအချို့တို့ ပူးပေါင်းပြီးလူကုန်ကူးမှုကိုအကြီးအကျယ်လုပ်နေကြဆဲဖြစ်သည်။
အတော်ကြာမှတစ်ကြိမ်ဆယ်ကဏန်းမျှသောလူကုန်ကူးခံရသည့်မြန်မာများကို၊ထိုင်းအာဏာပိုင်များက၊ရှောင်
တခင်ဝင်ရောက်ဖမ်းဆီးကြောင်းသတင်းများထွက်ပေါ်လေ့ရှိသည်။လူကုန်ကူးခံရသည့်မြန်မာများကိုဖမ်းဆီးပြီး
နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်း
ခံရသော်လည်း၊လူကုန်ကူးမှုဂိုဏ်ခေါင်းဆောင်များနှင့်တရားမ၀င်အလုပ်သမားများအားခိုင်းစေနေသည့်ထိုင်း
လုပ်ငန်းရှင်များကိုမူမည်သည့်အခါမှအေ၇းယူသည်ဟူ၍မကြားဖူးချေ။ ထိုင်းနိုင်ငံအတွင်းအိမ်ဖေါ်အလုပ်၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းနှင့်ပင်လယ်အစားအစာထုတ်လုပ်မှုလုပ်ငန်းများအပါအ၀င်၊
ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင်ပြင်ပနှင့်ဆက်သွယ်ခွင့်မရသူများ၊မိမိလုပ်အားခများကိုမရရှိရုံသာမက၊မိမိ၏
အသက်ကိုပင်လျှင်အချိန်မရွေးအသတ်ခံနိုင်သောအခြေအနေများအောက်တွင် မြန်မာ အလုပ်သမားများသိန်းချီရှိနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ခြုံဘူရီမြို့မှ တသီးပုဂ္ဂလ ကယ်ဆယ်ရေးအဖွဲ့မှခေါင်းဆောင်တစ်ဦးကပြောသည်။ထို့သို့ဖြစ်ဆိုးများနှင်ကြုံနေရသည့်မြန်မာအမြောက်အများရှိနေကြ
သော်လည်းမြန်မာနိုင်ငံသားများမှာ၊တိုင်းပြည်အတွင်းနေထိုင်ရပ်တည်ရေးနှင့်စားဝတ်နေေ၇းအထူးခက်ခဲနေကြ
သဖြင့်ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်များမှ ရာချီပြီးနေ့စဉ်ဝင်လာနေကြဆဲဖြစ်သည်။

** သတင်း-ဦးကျော်သောင်း (ဘန်ကောက်) **

(ဇူလိုင် ၇-ရက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)