(ဆွတ်ကာ(ပါကစ္စတန်) သြဂုတ်လ ၇-ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော ရေကြီးမှုသည် လူပေါင်း ၁၂-သန်းကို သဘာဝဘေးအန္တရာယ်ကြုံတွေ့စေလျက်ရှိကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါရေကြီးမှုကြောင့် နေအိမ် ၆၅၀၀၀၀ ပျက်စီးသွားခဲ့ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်ကျော်က မုတ်သုံမိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် သေဆုံးသူ ၁၆၀၀-ကျော် ရှိသွားပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ကနေဒါနိုင်ငံတွင် အပူလှိုင်းများ ကျရောက် **
ကနေဒါနိုင်ငံတစ်ဝန်းတွင် အပူလှိုင်းများကျရောက်လျက်ရှိရာ တိုရွန်တိုမြို့၌ သြဂုတ်လ ၇-ရက်နေ့က အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးရပ်စ်အထိရောက်ရှိခဲ့ပြီး သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း ကနေဒါအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယလေတပ် လေယာဉ်တစ်စင်းပျက်ကျ **
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆွန်က်ပူရာခရိုင်တွင် သြဂုတ်လ ၇-ရက်နေ့ နံနက်က အိန္ဒိယလေတပ်မှ လေယာဉ်တစ်စင်း မတော်တဆဖြစ်ရပ်ကြောင့် ပျက်ကျခဲ့ကြောင်း လေယာဉ်ပေါ်လိုက်ပါသူ လေယာဉ်မှူးအား ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဆီးရီးယားသင်္ဘော ပြန်လွတ်မြောက်လာ **
အေဒင်ပင်လယ်ကွေ့တွင် သြဂုတ်လ ၅-ရက်နေ့က ဆိုမာလီပင်လယ်ဓားပြများ အပိုင်စီးသွားသော ဆီးရီးယားကုန်တင်သင်္ဘောကို သြဂုတ်လ ၇-ရက်နေ့၌ ဆိုမာလီဓားပြများက ပြန်လွှတ်ပေးလိုက်သဖြင့် လွတ်မြောက်လာကြောင်း ဆီးရီးယား အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တောမီးကြောင့် မော်စကိုမြို့မှ သံရုံးမိသားစုများရွှေ့ပြောင်း **
ရုရှားနိုင်ငံတစ်ဝန်း တောမီးများလောင်ကျွမ်းနေမှုကြောင့် မီးခိုးများ ဖုံးလွှမ်းလျက်ရှိရာ မော်စကိုမြို့မှ ကနေဒါနှင့် ပိုလန်သံရုံးမိသားစုများ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက သြဂုတ်လ ၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဂျပန်ကမ်းလွန်၌ ငလျင်လှုပ် **
ဂျပန်နိုင်ငံ အိုကီနာဇာကျွန်းကမ်းလွန်တွင် သြဂုတ်လ ၇-ရက်နေ့က ရစ်ခ်ျတာစကေး ၆ ဒသမ ၄-ရှိ ငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ဂျပန်မိုးလေ၀သအရာရှိများက သြဂုတ်လ ၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ပါကစ္စတန်ရေကြီးမှု သဘာဝဘေး လူပေါင်း ၁၂-သန်း ဒုက္ခကြုံတွေ့လျက်ရှိ **

No comments:
Post a Comment