**သူက
`ရဲဘော်ကြီး´လို့
အာလုပ်သံနဲ့ ခေါ်လိုက်တယ်။
**ဒီကွင်းဆက်ဟာ
၈၈ - ၈၉ အာရုံပုံရိပ်တွေ နိုးကြား
ငါတို့ရဲ့ အတိတ်များဆီ ပြန်သွား
တညတလျား ခင်ဗျားအပြောအကျသား။
**ရဲဘော်ကြီးတို့ရေ
ကဗျာတပုဒ်၊ ဆောင်းပါးတပုဒ်ပို့လိုက်တယ်
ဒီမှာ
လတ်တလော `စစ်ပူ´နေတော့
ခင်ဗျားတို့ရဲ့ မြို့ပြ
အာလျက ရှိပေမယ့် အလှမ်းသား
ခင်ဗျားတို့ကိုလည်း အလွမ်းသား
သြော်…
ကျောင်းသား ကဗျာဆရာ စစ်သား
သူ့ဆောင်းပါးက
`သပိတ်တုန်းက´တဲ့
၈၈ ဟာ ခေတ်တခေတ်ကို သစ်မယ့်လှိုင်း
ခင်ဗျားဒီအတိုင်း ပြောခဲ့တယ်မဟုတ်လား။
**သူ့ကဗျာမှာ
သူ့စာမှာ
သူ့ဟာသဓာတ်ခံ
လောကကို ပျက်ရယ်ပြုဟန် သရော်ဟန်များများ
ပြီးတော့ သူကိုယ်တိုင်လည်း
ဗိုလ်အောင်ဒင်လို တဟားဟား
ပြုံးဖန့်ဖန့် မျက်လုံးများက အထင်းသား
ခင်ဗျားရုပ်ဝါ အထင်းသား။
**နောက်ဆုံးတရက်
ဘယ်ထင်မှာလဲ
စက်ဘီးလေးနဲ့ လာခဲ့တယ်
လမ်းလျောက်ဖိနပ်ဟောင်းကလေးစီးလို့
အားကစား ဘောင်းဘီတိုလေးဝတ်လို့
အာရောဂျံ မဂ္ဂဇင်းလေးတွေပိုက်လို့
ဒါဟာ… အစာအိမ်သွေးကြောပေါက်နေတဲ့ကောင်ဆီ
နှလုံးသားတွေ ပေါက်ပြဲနေတဲ့ကောင် ရောက်လာခဲ့တယ်လို့။
**ခင်ဗျားရယ်
ကျနော်ရယ်
ကိုတိုးကြီးရယ်
အဲဒီအလုပ်… လုပ်ကြမယ်ဗျာ
ခင်ဗျား နေကောင်းအောင်နေပါတဲ့… သူက
ရင်ဘတ်မှာ မြားတန်းလန်းစိုက်လျက်ကြီး… သူက
အဲဒီနေ့က စက်ဘီးလေးနဲ့ ပြန်သွားတယ် ညိုးလျလျ။
**ဟေ့လူ
ထက်မိုး
ခင်ဗျားဗျာ
လုပ်လက်စအလုပ်တွေ မဆုံးခင်
ပြောလက်စ စကားတွေ မဆုံးခင်
ရေးလက်စ စာတွေ မပြီးခင်
… … … မပြီးဆုံးခင်
စက်ဘီးလေးနဲ့ ပြန်သွားတယ်။
**စက်ဘီးလေးနဲ့ ပြန်သွားတယ်
လမ်းလျောက်ဖိနပ်ဟောင်းလေးစီးလို့
အာရောဂျံ မဂ္ဂဇင်းလေးတွေပိုက်လို့
ခင်ဗျားရယ်လေ
ပြုံးဖန့်ဖန့် မျက်လုံးများနဲ့
ဗိုလ်အောင်ဒင်လို တဟားဟား
လောကကြီးကို တ၀ါးဝါး
ခင်ဗျား ရုပ်ဝါအထင်းသား။
** ခင်လွန်း **
ဇူလိုင်လ ၁-ရက် ၂၀၀၆
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**သူက
`ရဲဘော်ကြီး´လို့
အာလုပ်သံနဲ့ ခေါ်လိုက်တယ်။
**ဒီကွင်းဆက်ဟာ
၈၈ - ၈၉ အာရုံပုံရိပ်တွေ နိုးကြား
ငါတို့ရဲ့ အတိတ်များဆီ ပြန်သွား
တညတလျား ခင်ဗျားအပြောအကျသား။
**ရဲဘော်ကြီးတို့ရေ
ကဗျာတပုဒ်၊ ဆောင်းပါးတပုဒ်ပို့လိုက်တယ်
ဒီမှာ
လတ်တလော `စစ်ပူ´နေတော့
ခင်ဗျားတို့ရဲ့ မြို့ပြ
အာလျက ရှိပေမယ့် အလှမ်းသား
ခင်ဗျားတို့ကိုလည်း အလွမ်းသား
သြော်…
ကျောင်းသား ကဗျာဆရာ စစ်သား
သူ့ဆောင်းပါးက
`သပိတ်တုန်းက´တဲ့
၈၈ ဟာ ခေတ်တခေတ်ကို သစ်မယ့်လှိုင်း
ခင်ဗျားဒီအတိုင်း ပြောခဲ့တယ်မဟုတ်လား။
**သူ့ကဗျာမှာ
သူ့စာမှာ
သူ့ဟာသဓာတ်ခံ
လောကကို ပျက်ရယ်ပြုဟန် သရော်ဟန်များများ
ပြီးတော့ သူကိုယ်တိုင်လည်း
ဗိုလ်အောင်ဒင်လို တဟားဟား
ပြုံးဖန့်ဖန့် မျက်လုံးများက အထင်းသား
ခင်ဗျားရုပ်ဝါ အထင်းသား။
**နောက်ဆုံးတရက်
ဘယ်ထင်မှာလဲ
စက်ဘီးလေးနဲ့ လာခဲ့တယ်
လမ်းလျောက်ဖိနပ်ဟောင်းကလေးစီးလို့
အားကစား ဘောင်းဘီတိုလေးဝတ်လို့
အာရောဂျံ မဂ္ဂဇင်းလေးတွေပိုက်လို့
ဒါဟာ… အစာအိမ်သွေးကြောပေါက်နေတဲ့ကောင်ဆီ
နှလုံးသားတွေ ပေါက်ပြဲနေတဲ့ကောင် ရောက်လာခဲ့တယ်လို့။
**ခင်ဗျားရယ်
ကျနော်ရယ်
ကိုတိုးကြီးရယ်
အဲဒီအလုပ်… လုပ်ကြမယ်ဗျာ
ခင်ဗျား နေကောင်းအောင်နေပါတဲ့… သူက
ရင်ဘတ်မှာ မြားတန်းလန်းစိုက်လျက်ကြီး… သူက
အဲဒီနေ့က စက်ဘီးလေးနဲ့ ပြန်သွားတယ် ညိုးလျလျ။
**ဟေ့လူ
ထက်မိုး
ခင်ဗျားဗျာ
လုပ်လက်စအလုပ်တွေ မဆုံးခင်
ပြောလက်စ စကားတွေ မဆုံးခင်
ရေးလက်စ စာတွေ မပြီးခင်
… … … မပြီးဆုံးခင်
စက်ဘီးလေးနဲ့ ပြန်သွားတယ်။
**စက်ဘီးလေးနဲ့ ပြန်သွားတယ်
လမ်းလျောက်ဖိနပ်ဟောင်းလေးစီးလို့
အာရောဂျံ မဂ္ဂဇင်းလေးတွေပိုက်လို့
ခင်ဗျားရယ်လေ
ပြုံးဖန့်ဖန့် မျက်လုံးများနဲ့
ဗိုလ်အောင်ဒင်လို တဟားဟား
လောကကြီးကို တ၀ါးဝါး
ခင်ဗျား ရုပ်ဝါအထင်းသား။
** ခင်လွန်း **
ဇူလိုင်လ ၁-ရက် ၂၀၀၆
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
No comments:
Post a Comment