(ဟာဂျူး၊ သြဂုတ်လ ၁၆-ရက်)
ဇီဝလောင်စာဆီ ထုတ်လုပ်ရေးအတွက် လာမည့် ၁၀-နှစ်မှ ၁၅-နှစ်အတွင်း ရေညှိ စိုက်ပျိုးမှုကို ပိုမိုလုပ်ကိုင်လာကြတော့မည်ဖြစ်ကြောင်း နယ်သာလန်သုတေသနပညာရှင်များက သြဂုတ်လ ၁၅-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** လယ်ယာလုပ်ငန်းခွင်၌ နေ့စဉ် လုပ်ကိုင်နေဆဲ အသက် ၁၁၀ အရွယ်ရှိ ပါလက်စတိုင်း
အဘိုးအို **
(နာဘီလပ်စ်၊ သြဂုတ်လ ၁၆-ရက်)
ပါလက်စတိုင်းရှိ နာဘီလပ်စ်မြို့အနီး ကျေးရွာတစ်ရွာတွင် နေထိုင်သော အသက် ၁၁၀-အရွယ်ရှိ အဘိုးအို တစ်ဦးမှာ နေ့စဉ်သူ၏ လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်အလုပ်လုပ်ကိုင်လျင်ရှိကြောင်း ပါလက်စတိုင်းအရာရှိများက သြဂုတ်လ ၁၆-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** ကိုလံဘီယာခရီးသည်တင် လေယာဉ်ကြီး မိုးကြိုးပစ်ခံရပြီး ပျက်ကျခဲ့ **
(ဘိုဂိုတာ၊ သြဂုတ်လ ၁၆-ရက်)
ကိုလံဘီယာ ခရီးသည်တင် လေယာဉ်တစ်စင်းသည် သြဂုတ်လ ၁၆-ရက်နေ့က မိုးကြိုးပစ်ခံရပြီးနောက် ပျက်ကျခဲ့သဖြင့် အနည်းဆုံးတစ်ဦးသေဆုံးပြီး ၁၁၄-ဦး ဒဏ်ရာရခဲ့ကြောင်း လေကြောင်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** ပါပူဝါနယူးဂီနီ၌ အင်အားပြင်းငလျင်လှုပ် **
ပါပူဝါနယူးဂီနီကျွန်းနိုင်ငံတွင် သြဂုတ်လ ၁၆-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၄-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ပါပူဝါနယူးဂီနီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကင်မရွန်း၌ ၀မ်းရောဂါများဖြစ်ပွားနေ **
ကင်မရွန်းနိုင်ငံမြောက်ပိုင်းဒေသများ၌ ၀မ်းရောဂါများဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၁၆-ရက်နေ့အထိ သေဆုံးသူ ဦးရေမှာ ၂၀၀-ကျော်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျပန်ကမ်းလွန်၌ ငလျင်လှုပ် **
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကမ်းလွန်တွင် သြဂုတ်လ ၁၆-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၇-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ဂျပန်မိုးလေ၀သဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ပင်လယ်ရေညှိမှ ဇီဝလောင်စာ ထုတ်မည် **

No comments:
Post a Comment