ဟုတ်ကဲ့ပါ…။ `ရှစ်လေးလုံး´ဆိုတဲ့ လူထုတော်လှန်ရေးကြီး (၀ါ) လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့တာဟာ ၂၂-နှစ် တောင်ရှိခဲ့ပါပြီ။ သို့ပေမယ့်လည်း မမေ့နိုင်စရာ၊ မမေ့သင့်စရာ၊ မမေ့ရက်စရာ၊ မမေ့သွားစရာ စသဖြင့် များပြား လှစွာသော အောက်မေ့တသ- သတိရမှုတွေ ကြားကပဲ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် `ခွန်အား သစ် အလုပ်သမားများအဖွဲ့´ဟာ သူတို့အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်း အနားထဲမှာ ရှစ်လေးလုံး ဟောပြောပွဲကို ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး (ခြံ၊ တောင်ယာ)နဲ့ ဆောက်လုပ်ရေး အလုပ်သမား (၁၀၀)ခန့် တက်ရောက်လာကြတဲ့ ဒီအခမ်းအနားမှာ ဘာဆိုဘာမှ ဂုဏ်ပကာသနတော့ မရှိကြပါဘူး။ `ဘ၀သမားတွေ ကြားထဲမှာပဲ တိုးဝင်လှုပ်ရှားရတာကို ပျော်ရွှင်ကြည်နူးတတ်တဲ့ ၈၈၈၈ - ရဲဘော်ကြီး နှစ်ဦးဟာ ဒီဟောပြောပွဲကို သတိတရ တက်လာပြီး မိမိအတွေ့အကြုံတွေကို အလုပ်သမားဘ၀ခံစားခွင့်တွေနဲ့ ကူးလူးယှက်နွယ် ဖလှယ်ပေးကြပြီး ဘ၀တူအလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီတတ်အောင် ထိုင်းဥပဒေပါ အခွင့်အရေးအတိုင်း စုပေါင်းတောင်းဆိုတတ်အောင် ကိုပါ နိုးဆော်တိုက်တွန်းသွားကြပါတယ်။ မြန်မာအလုပ်သမားတွေကလည်း ၈၈၈၈-ရဲ့ အောက်မေ့ဘွယ် ကြွေးကြော်သံအချို့၊ `ကမ္ဘာ မကြေဘူး´တေးသီချင်း စတာတွေကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဘ၀အမောနဲ့ သောကအပူတွေကြားက သူ့အပူ၊ ကိုယ့်အပူကို မျှဝေယူကြရင်း ရှစ်လေးလုံး စိတ်ဓာတ် (ဖိရင် ကြွမယ်၊ ထိရင် ချမယ်၊ လက်သည်းဆိတ်ရင် လက်ထိပ်နာရမယ်)ဆိုတာကို အခုလို ပြသကြတာက ဒီပုံတွေအတိုင်းပါပဲ ဗျာ….။
** သတင်းမှတ်တမ်း။ ။ မြန်မာပြည်သား **

No comments:
Post a Comment