(သြဂုတ်လ ၂၀-ရက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ ယာယီပတ်စပို့လုပ်ကိုင်သည့် ဖွန်ဖွန်ကုမ္ပဏီက ပတ်စပို့လုပ်သည့် မြန်မာ ပြည်ဖွား၊ ဂေါ်ရခါးလူမျိုးများထံမှ၊ ရနောင်းမြို့ ရှိယာယီပတ်စပို့လုပ်သည့် မြန်မာဝန် ထမ်းများအတွက် ဟုဆိုကာ၊ ငွေအပိုတောင်းနေကြောင်း ကာယကာရှင်များပြောပြချက်အရ သိရှိရသည်။ ဖူးခက်မြို့ ၇၄၊ ၂၃၇/၈ ဖွန်ဖွန်လမ်း၊ ဖွန်ဖွန်နိုက်ဘဇားအနီးတွင် ဖွင့်လှစ်ထားသည့် ယာယီပတ်စပို့ ကုမ္ပဏီက မြန်မာနိုင်ငံဖွား ဂေါ်ရခါးလူမျိုးများအား နယ်စပ်ရှိ မြန်မာလ၀က ၀န်ထမ်းများအတွက်ဆိုကာ ဘတ်ငွေ ၃၀၀မှ ၅၀၀ အထိ ထပ်မံကောက်ခံနေကြောင်း ပြောပြကြသည်။
ဖူးခက်မြို့အတွင်း နင်ပါလီ ခေါ် ဂေါ်ရခါးလူမျိုးပေါင်း ၇၀၀၀ /၈၀၀၀ အကြား ရှိနိုင်ကြောင်းဈေးရောင်းသည့်ခေတ်ပညာတတ် မြန်မာဂေါ်ရခါးတစ်ဦးကပြောသည်။ “ကျနော်တို့ မှာ မြန်မာနိုင်ငံသားအသိမှတ်ပြုမှတ်ပုံတင်ရှိတဲ့လူတွေပါ။ သိတဲ့အတိုင်းပဲလေ ဒီယာယီပတ်စပို့  အလုပ်က၊ဗမာပြည်နေရပ်လိပ်စာအပြည့်အစုံမပေးရင် လုပ်လို့ မှမရတာ၊ ကျနော်တို့  တော့ဘတ်၃၀၀ပေးရတယ်။အချို့ဆို ဘတ်၅၀၀ ပေးရတယ်။ကျနော်တို့ လည်းစကားနည်းရန်စဲ လုပ်လို့  ရရင်ပြီးရော့ ပေးလိုက်တာပဲ”ဟုပြောသည်။ ဖူးခက်မြို့အတွင်းဖွင့်လှစ်ထားသော ယာယီပတ်စပို့  ကုမ္ပဏီမှမြန်မာအလုပ်သမားတစ်ဦးစီဘတ်၆၈၀၀နှင့်၇၀၀၀ ဘတ်အတွင်းကုန်ကျကြောင်း၊ မြန်မာပြည်ဘွား၊တရုတ်၊ကုလား၊တို့ မှာအားလုံးပေးရကြောင်းအဆိုပါဈေးရောင်း သူကပြောသည်။ “သွားခါနီးမှပေးရတာပါ။ ဒီကပတ်စပို့ လုပ်ပေးတဲ့ကုမ္ပဏီရုံးမှာ ပေးရတာပါ။ ရုံးကပြောတယ်။ ရနောင်းမှာလုပ်တဲ့နေရာမှာ ဗမာလ၀ကတွေ ရစ်နေရင်ကြာမယ်၊အခြားလူတွေညိုညင်မယ် ဆိုပြီး၊ဒီကတစ်ခါတည်း တောင်းယူသွားတာပါ။မှတ်ပုံတင်ရှိရှိ/မရှိရှိ တောင်းတာပဲ။ကျနော်တို့  ကိုင်ဆောင်တဲ့မြန်မာမှတ်ပုံတင်မှာ နိုင်ငံသားအမျိုးအစားမှာ မြန်မာ လို့  ရေးထားတာပါ။ပေးရတာပဲဗျာ။ခုနင်ပါလီလူမျိုး၅၀၀ကျော်လောက်လုပ်ပြီးပြီ နောက် မလုပ်ရသေးတဲ့နင်ပါလီလူမျိုးဒီမှာ ထောင်ပေါင်းများစွာကျန်သေးတယ်၊ပေးရအုံးမှာပဲ”ဟု အမည်မဖေါ်လူသော ဂေါ်ရခါးလူငယ်တစ်ဦးကပြောပြသည်။ ကဒ်ပြားပါ ဖုန်းနံပါတ်များအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။ ဖူးခက်မြို့တွင်ယာယီပတ်စပို့ လုပ်ရန်အတွက်၊ (၁)ထိုင်း-မြန်မာပူးပေါင်း ဆောင်ရွက်ရေးကုမ္ပဏီ၊ (၂)မြန်မာနိုင်ငံသားစီစစ်ခြင်းကူညီဆောင်ရွက်ရေးစင်တာ၊(၃)ထိုင်းမြန်မာဖွံ့  ဖြိုးတိုးတက်ရေးကုမ္ပဏီ(၄)ဖိနောင်အိမ်ကုမ္ပဏီနှင့်(၅)ဖွန်ဖွန်ကုမ္ပဏီတို့  ဖွင့်လှစ်ထားသည်။ ဖူးခက်မြို့နယ်အတွင်းမြန်မာရွေ့ပြောင်းအလုပ်သမား ပေါင်းသိန်းချီရှိနိုင်ပြီး ပန်းရံလုပ်ငန်း၊ငါးဖမ်းလုပ်ငန်း၊အိမ်ဖေါ်လုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းတို့ တွင်လုပ်ကိုင်နေကြကြောင်း ဒေသခံအလုပ်သမားများပြောပြချက်အရသိရှိရသည်။
သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment