(သြဂုတ် ၁၇၊၂၀၁၀)
မဟာချိုင်နယ်မြေအတွင်းရှိ Shing fu sea products development,co,ltd 111/19 moo2 Tumbol
Bangyapraek,Ampur Muang,Samutsakhon Thailand ငါး/ပုဇွန် ကုမ္ပဏီ တွင်အလုပ်လုပ်ကိုင်
နေကြသည့်မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုအကြီးအကျယ်ခံနေကြရ
ကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။
အဆိုပါ အလုပ်တွင်မြန်မာအလုပ်သမားပေါင်းထောင်ချီရှိသည့်အနက် လူပေါင်း၆၀၀ ကျော်ခန့် မှယာယီ
ပတ်စပို့ လုပ်ကိုင်ထားပြီးဖြစ်သည်။ထို့ အပြင် ကျမ္မာရေးဆေးစစ်ခနှင့် work permit လည်းလုပ်ထားပြီးဖြစ်
ကြသည်။ပြီးခဲ့သည့်ဧပြီလ၅ရက်နေ့မှစတင်၍ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးထားသည့်မြန်မာအလုပ်သမားများထံမှလစဉ် ၀င်ငွေ၏ ၅ ရာခိုင်နုန်းကိုလည်းဖြတ်တောက်နေသည်။
ပြီးခဲ့သည့် ၂၄၊၇၊၂၀၁၀ နေ့ က မခင်ခင်လေးဆိုသည့်အလုပ်သမတစ်ဦးအမျိုးသမီးတို့ သဘာဝ ထိန်ချန်သဖြင့်
ချီဝိချိုင်၅ ဆေးရုံသို့ သွားရောက်ပြီးဆေးစစ်ချက်ခံယူခဲ့သည်။ ကိုယ်ဝန်မရှိကြောင်းပြောဆိုပြီးပြန်ခွင့်ပြုခဲ့သည်။
မခင်လေးက စားဆေးများရနိုင်မလားဟုမေးရာ ။အထက်ပါ အလုပ်ရုံက သွေးစစ်ခ လူတစ်ဦးစီ ဘတ် ၆၀၀ စီသာပေးသွင်းထားပြီးအခြားဝန်ဆောင်မှုအတွက်ငွေပေးမထားကြောင်းတာဝန်ကျဆရာမကရှင်းပြသည်။
သူမဆေးစစ်ခအတွက်ဘတ်ငွေ ၁၃၀ ပေးခဲ့ရသည်။
၈၊၈၊၂၀၁၀ နေ့ က အဆိုပါအလုပ်ရုံမှ အသက်၃၂ အရွယ် မမြင့်မြင့်စန်း မှာ ထမင်းစားနေရင်း အ
သက်မွန်ကြပ်လာသဖြင့် ခင်ပွန်းဖြစ်သူ ကိုအချိုင်နှင့် မဟာချိုင် ချီဝိချိုင်၅ဆေးရုံသို့ လာရောက်ခဲ့ကြသည်။
ဆေးကုသခံယူခအဖြစ်ဘတ်တစ်ထောင်ပေးခဲ့ရသည်။
၁၀၊၈၂၀၁၀ နေ့က အဆိုပါဆေးရုံတွင်၊ကိုတူးဆိုသည့်မြန်မာအလုပ်သမား အောက်သွားတစ်ချောင်းနုတ်ခဲ့
ရာဘတ်ငွေ ၄၀၀ ပေးခဲ့ရသည်။
အဆိုပါအလုပ်သမားများ က အလုပ်သမားများတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်work permit ၊
ယာယီပတ်စပို့ နှင့်ကျမ္မာရေးစောင့်ရှောက်မှုအတွက်သွေးစစ်ခ များအပြည့်အစုံပေးထားသည့်အပြင်
အာမခံကြေးဟုအမည်တပ်ပြီ လစဉ် ၀င်ငွေ၏ ၅ရာခိုင်နုန်းဖြတ်တောက်ခြင်းရှိနေသည့်ကြားက ယခုကဲ့သို့ 
နေထိုင်မကောင်း၍ဆေးရုံသွားရောက် ပြီးဆေးဝါးကုသမှုခံရာတွင် ကျသင့်ငွေများအား အလုပ်သမားများပေးနေ
ရခြင်းအပေါ် မည်သို့မှ နားမလည်းကြောင်း၊ ဘယ်ကိုတိုင်လို့၊ဘယ်သူကိုအားကိုးရမှန်းမသိကြောင်း အဆိုပါ အ
လုပ်၇ုံမှ မြန်မာအလုပ်သမားများကစိတ်သောကရောက်နေကြကြောင်းပြောပြကြသည်။
ပြီးခဲ့သည့်သြဂုတ်လ၁၃ရက်နေ့ ကသွားနုတ်သည့်ကိုတူးအားဘတ်ငွေ၂၅၀ပြန်လည်ပေးခဲ့သည်။ထို့ နောက်
မန်နေဂျာဖြစ်သူက သွား
ရောဂါအတွက် တစ်နှစ်တွင် ၂၅၀ ဘတ်နှစ်ကြိမ်ခံစားခွင့်ရှိကြောင်းထိုထက်ပိုမရကြောင်းပြောပြခဲ့သည်။
အဆိုပါအဖြစ်အပျက်များအားပြောပြသည့်အမည်မဖေါ်လိုသည့်မြန်မာအလုပ်သမားတစ်ဦးက“ထိုင်းဝဏ္ဏ က
နှိပ်ကွပ်တာထက် ဗမာ ၀ဏ္ဏ ယုတ်မာတာပို ဆိုးတယ်၊အမယ် သူတို့ ရှေ့မှာ ရိုရိုသေသေပြောတို့ ၊တစ်ခုခုရည်
ချင်လို့  ၀ိုင်းပြီးတော့ အား၇ပါးရရည်ရင်လည်း မင်းအမေကို ……..ဆိုပြီးတော့ပက်ပက်စက်စက်ဆဲတာ၊
မြန်မာအလုပ်သမားတွေ မနက် ၂နာရီ ၃နာရီလောက်ကတည်းကလာတယ်။ညနေ လူနည်းရင် ၈နာရီအထိလုပ်
ရတယ်၊လူများရင် ၆နာရီအထိလုပ်ရတယ်။ထိုင်းအလုပ်သမားတွေကမနက်၇နာရီ၈နာရီမှလာတယ်။ညနေ၅နာရီ
ဆိုပြန်ပြီ၊ကီလိုစားနှော်၊ဒါပေမယ့် ပိတ်ဆံထွက်တော့ ထိုင်းကများများထွက်ပြီး ဗမာအလုပ်သမားကနည်းနည်းပဲ
ထွက်တယ်”ဟုပြောသည်။
အဆိုပါအလုပ်ရုံတွင်မြန်မာအလုပ်သမားများထောင်ချီရှိသော်လည်း အလုပ်သမားများရသင့်ရ ထိုက်သည့် အလုပ်သမားအခွင့်အရေးများကိုမသိရှိကြခြင်း၊အလုပ်အကိုင်ရှာဖွေရခက်ခဲခြင်းတို့ ကြောင့် ရသလောက်နှင့်
လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်းအလုပ်သမားများကပြောပြကြသည်။
သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)

1 comment:
ကိုကျော်သောင်း သတင်းရေးတဲ့အခါမှာ အဖြစ်မှန်၊ ဖြစ်သင့်တဲ့အရာ စတာတွေကို သေချာ စုံစမ်းပြီး နားလည်မှ ရေးသင့်ပါတယ်။ အခုကိစ္စမှာ ၅%ဖြတ်တာ မမှားပါဘူး။ အလုပ်ရှင်ကလည်း ၅%အတိုင်း ပကန်စန်ခုမ် လို့ခေါ်တဲ့ လူမှုအာမခံဌာနကို သွင်းရပါတယ်။ ဖေါ်ပြပါဓါတ်ပုံထဲက ပကန်စန်ခုမ်ကဒ်ရှိနေရင် ဆေးရုံမှာ ငွေကုန်စရာမလိုပါဘူး။ ထိုင်းအလုပ်သမားတွေလည်း အဲလိုပဲ ၅%ဖြတ်ခံရပါတယ်။ ဒီအကြောင်းတွေကို အလုပ်သမားတွေက နားမလည်လို့ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကလည်း ဘာတွေလိုက်နာလုပ်ဆောင်ရမယ်ဆိုတာ လေ့လာထားသင့်ပါတယ်။ အားနေ သူများအားကိုး၊ အခြားလူတွေကိုလိုက်အပြစ် တင်နေတာထက် ကိုယ့်အားကိုယ်ကိုးဖို့လိုပါတယ်။ မြန်မာပြည်ကလာတုန်းက ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်စားသောက်ဖို့ဦးတည်လာပြီး အခုမှ ဟိုလူဒီလူ အားကိုးဖို့ လိုက်လုပ်နေတာ မသင့်တော်ပါ။ မိမိကိစ္စ မိမိကိုယ်တိုင်သိဖို့ အလွန်လိုအပ်ပါတယ်ခင်ဗျာ
Post a Comment