အရက်မူးနေသော လူနှစ်ယောက် အငှားကားတစ်စီးကို ငှားစီး၏။ သူတို့က ကားသမားကို…
`တို့သုံးယောက် စားသောက်ဆိုင်ကို သွားမယ်ဟေ့´ဟု ပြောသဖြင့် ကားသမားက ကားကိုရပ်ထား၏။ ထိုအခါ တစ်ယောက်က…
`ဟေ့… ကားဆရာ၊ မောင်းလေကွာ´ဟု ပြောလိုက်သဖြင့် ကားသမားက…
`သုံးယောက်သွားမှာဆို နောက်တစ်ယောက်ကကော´ဟု မေးလိုက်မိသဖြင့် ထိုသူက ပြန်ဖြေလိုက်သည်မှာကား…
`မင်းက ဆင်းနေခဲ့မလို့လား၊ မင်းနဲ့ဆို သုံးယောက်လေ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment