** ကလေးငယ်များအပေါ် မိခင်တို့၏ နွေးထွေးမှု သည် ကျန်းမာရေးအတွက် အထောက်အကူပြု **
ရင်သွေးများအား ငယ်ရွယ်စဉ်ကပင် မိခင်မေတ္တာ အပြည့်အ၀ပေးပြီးထွေးပိုက်ယုယမှုများပြုလုပ်ပါက ယင်းကလေးငယ်များသည် အရွယ်ရောက်လာသည့်အခါ ကျန်းမာရေးကောင်းမွန်သူများ ဖြစ်လာနိုင်ပြီး စိတ်ကျရောဂါကင်းဝေးနိုင်ကြောင်း အမေရိကန်ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ အမေရိကန်ဆေးသိပ္ပံပညာရှင်များက ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူ ၅၀၀ တို့အား လေ့လာသုတေသနပြုခဲ့ရာ ငယ်ရွယ်စဉ်က မိခင်မေတ္တာ အပြည့်အ၀ရရှိခဲ့သူများမှာ စိတ်ပိုင်းနှင့်
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆို၏။ မိခင်နှင့် ရင်သွေးငယ်တို့၏ ဆ က် ဆံ ရေးမှာ ကျန်းမာရေးနှင့် ဆက်စပ်မှုရှိပြီး မိခင်၏ နွေးထွေးသော အပြုအမူများသည် ရင်သွေးငယ်များ၏ ကျန်းမာရေးကို ကြီးမားစွာ အထောက်အကူပြုလျက်ရှိကြောင်း ဆေးသိပ္ပံပညာရှင် ဒေါက်တာဂျိုအင်နာက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကိုသစ္စာ **
** Public Health **

No comments:
Post a Comment