ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 8, 2010

မိမိကိုယ်ကို တော်လှန်ရေးမှ လူထုတော်လှန်ရေးသို့…

> **(ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပြည်သူလူထု ၊အစိုးရဆိုးတို့၏ သမိုင်းသင်္ခန်းစာများ)**

မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တို့ရေ….။

ဘ၀အမောတွေ ကြားထဲက ဟောဒီအမှတ်တရဆောင်းပါးကို ဖတ်ရှုကြပါဦးနော်။ တို့တတွေပါဝင်ဆင်နွဲခဲ့တဲ့ ရှစ်လေးလုံးဆိုတာထက် မြန်မာပြည်သူ သန်း (၄၀)က `လမ်းဘေးဈေးသည်၊ ဂဠုန်အ၀ိုင်းခံရသလို´ အကျပ်အတည်းဆိုးမျိုး၊ အခက်အခဲဆိုးမျိုးရယ်၊ `ဘိန်းစား ဗိုက်အောင့် ကိန်း၊ သူတောင်းစား ခွက်ပျောက်ကိန်း၊ လူလတ်တန်းစား ရှိစုမဲ့စု ပစ္စည်းပျောက်ကိန်း´ ဆိုက်ရောက်ခဲ့မှုတွေရယ်၊ `စစ်ဗိုလ်တိုက်ဆောက်- စစ်သားချိုင်းထောက်- ပြည်သူဗိုက်မှောက်´ဘ၀တွေရယ်၊ စသဖြင့် ပေါင်းဆုံစုဝေးပြီး ပေါက်ကွဲကြတဲ့ လူထုတော်လှန်ရေးကြီးလည်း မည်ပါတယ်ကွယ်။
နိုင်ငံရေးပိုင်းကိုကြည့်မယ်ဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်(မဆလ)တစ်ပါတီကပဲ ပြိုင်ဖက်မရှိ လွှမ်းမိုးပြီး နိုင်ငံရဲ့ ဦးဆောင်မှုကို ရယူထားသလို နိုင်ငံရေးမူဝါဒဖြစ်တဲ့ `မြန်မာ့နည်း၊ မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဥင်္´ဆိုတာကလည်း ခေတ်စကားနဲ့ ပြောရရင် `မိန်းမလျှာ ဆိုရှယ်လစ်(၀ါ) သွပ်ပြားတို့ရဲ့ ဆိုရှယ်လစ်´လမ်းစဉ်ဖြစ်နေတယ်ကွဲ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ သွပ်ပြား ဆန်ဆန်ဦးဆောင်မှု၊ ကောင်စီအဖွဲ့အစည်းအဆင့်ဆင့် (နိုင်ငံတော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းကောင်စီ၊ မြို့နယ်ကောင်စီ၊ ရပ်ကွက်/ ကျေးရွာကောင်စီ)အဆင့်ဆင့်ရဲ့ `များတို့ကလေ´ဆိုပြီး ကြီးကြပ်မှုတွေအရ၊ သူတို့ ရည်ညွှန်းနေကြတဲ့ `ပါတီရဲ့ ဦးဆောင်မှု၊ ကောင်စီရဲ့ကြီးကြပ်မှုတွေအရ´ လူဦးရေ သန်း (၄၀)ရှိတဲ့ မြန်မာပြည်နဲ့ မြန်မာပြည်သူလူထုဟာ ၁၉၆၂ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်အထိ (၂၆-နှစ်လုံးလုံး) `အမှောင်လွှမ်းသော ခေတ်ကာလ´ကို ကျော်ဖြတ်ခဲ့ရတာပါပဲ။ အခုလည်း မဆလ

တဖြစ်လဲ န၀တ မှသည် နအဖ ခေတ်အဖြစ် ခေတ်ဆိုး၊ ခေတ်ကျပ်၊ အမှောင်ခေတ်ကြီးကို ကျော်ဖြတ်နေကြဆဲပါပဲ။ အဲဒီလို နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကွန်မြူနစ်လည်း မမည်၊ ဆိုရှယ်လစ်လည်း မကျ၊ အရင်းရှင်စနစ်လည်း မဆိုလောက်ခဲ့တဲ့ (ဗုံမဟုတ်၊ ပတ်မဟုတ်၊ မိန်းမလျှာ ဆိုရှယ်လစ်)စနစ်အတွင်းက စီးပွားရေးပိုင်းကိုလည်း ရှုစားလိုက်ပါဦး ဆိုရှယ်လစ် ဒီမိုကရေစီဆိုတော့လည်း `တံခါးပိတ် စီးပွားရေးစနစ် (၀ါ) မိမိက တံခါးအသေပိတ်ထားပြီး တံခါးတနေရာက သူများ ဘာလုပ်နေတယ်ဆိုတာကို ချောင်းကြည့်တဲ့ စီးပွားရေး (၀ါ) အပေါ်ထပ် အဆောက်အအုံက ဆိုရှယ်လစ်ဖြစ်ပြီး အောက်ခြေအဆောက်အအုံက ထိုင်း၊ အိန္ဒိယ၊ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ၀င်လာတဲ့ လူသုံးကုန် ပစ္စည်းတွေကို မှီခိုနေရတဲ့ စီးပွားရေး (ပေါက်ဖော် - ကုလား- ယိုးဒယား) စတဲ့သုံးဦးပေါင်းလင်လုပ်ရတဲ့ မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ် ဖြစ်တယ်ကွဲ့…။
(ဆက်လက်ဖော်ပြပါမည်…)

** စုစည်းတင်ပြသူ - သောင်ရင်းနဂါး**

**(ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပြည်သူလူထု ၊အစိုးရဆိုးတို့၏ သမိုင်းသင်္ခန်းစာများ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)