အရက်သမားတစ်ယောက်သည် လမ်းမပေါ်တွင် ငယ်သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရာ…
`သူငယ်ချင်း မင်းအိမ်မှာ အရက်နဲ့ ငါ့ကို ဧည့်ခံပါလားကွာ´ဟု ပြောလိုက်သဖြင့် သူငယ်ချင်းက…
`ငါ့အိမ်က အဝေးကြီးကွ´
`ကိစ္စမရှိပါဘူးကွာ၊ ကားနဲ့သွားမှာ မဟုတ်လား၊ အလွန်ဆုံး မိုင်နှစ်ဆယ် သုံးဆယ်ပေါ့´
`ဟိုကျရင် ငါ့အိမ်က ကျဉ်းကျဉ်းလေးကွ၊ ဧည့်သည်ကို ဧည့်ခံစရာနေရာမရှိဘူး´
`ရပါတယ်ကွာ ငါ့ပါးစပ်ပေါက် ဖွင့်လိုရတဲ့နေရာလေးရှိရင် ပြီးတာပါပဲ´
`ငါ့မှာ အရက်တိုက်ဖို့ ဖန်ခွက်လည်းမရှိဘူးကွ´ဟု ကပ်ကပ်သပ်သပ်ပြောလိုက်ရာ အရက်သမားက ပြန်ဖြေလိုက်သည်မှာကား…
`ဖန်ခွက်မရှိတာများ ပိုတောင်ကောင်းသေးတယ်။ ငါ့က အရက်ကို ပုလင်းလိုက်မော့ချရတာ ပိုကြိုက်တယ်´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများ မှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment