တောအရက် ခိုးချက်နေသော အဘိုးကြီးတစ်ဦးကို ကျေးရွာရဲစခန်းသို့ ဆင့်ခေါ်ပြီး သတိပေးနေ၏။ ရဲစခန်းမှူးက-
`အဘ… အဘ… အရက်ခိုးချက်နေတယ်ဆိုတာ ကျနော်တို့သိတယ်။ ရပ်လိုက်ပါ´
`မရပ်နိုင်ဘူး။ ကိုယ့်လူရေ၊ အရင်ကလည်း ချက်ခဲ့တယ်။ အခုလည်း ချက်နေတယ်။ နောင်လည်း ချက်မှာပဲကွာ´
`အဲဒါဆို ကျနော်တို့ အဘကို ဖမ်းပြီး ထောင်ချရလိမ့်မယ်´
`ဖမ်းချင်ဖမ်းပေါ့၊ ငါမရှိရင် ငါ့သားက ဆက်ချက်မှာပဲ´
`သူ့ကိုလည်း ထောင်ချပစ်မယ်´
`အဲဒါဆိုတော့လည်း ငါ့မြေးက ဆက်ချက်မှာပေါ့´
`သူ့ကိုလည်း ဖမ်းမယ်ဗျာ´ဟု ပြောလိုက်သဖြင့် အဘိုးကြီးက ပြန်ပြောလိုက်သည်မှာကား-
`ဖမ်းလေ၊ အဲဒီအချိန်ကျတော့ ငါထောင်က လွှတ်လာပြီလေ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment