တစ်ခါက မြို့စားကြီးတစ်ဦး၏ ဇနီးသည် နာမကျန်းဖြစ်ပြီး သေသွားလေ၏။ မကြာခင် ယမမင်း၏ တမန်တော်ရုံးခန်းထဲ ရောက်သွားလေ၏။ တမန်တော်၏ ရုံးခန်းတွင် နာရီအလုံးပေါင်း မြောက်များစွာ ချိတ်ထားသည်ကို တွေ့ရ၏။ ထို့ကြောင့် အမျိုးသမီးက စိတ်ဝင်စားစွာဖြင့်…
“ဒီနာရီတွေ ဘာလုပ်တာလဲဟင်”
“လူ့ပြည်မှာ မုသားပြောရင် ဒီနာရီတွေမှာပြတယ်လေ”
“ဒါဖြင့် ဒီရပ်နေတဲ့နာရီက ဘယ်သူ့နာရီလဲ”
“ဒါ ပြည်သူ့တရားရှင် ပေါင်ချိန်ရဲ့နာရီ၊ ရပ်နေတာ မဟုတ်ဘူး၊ အမြဲတမ်း အမှန်ကို ပြောနေလို့ မလှုပ်တာ”
“ဒီတစ်နာရီကို ပြနေတဲ့ နာရီကရော”
“ဒါ ကုန်းစွန်းရဲ့နာရီ၊ သူက တစ်ခါတော့ လိမ်ပြောဖူးတယ်လေ”
“ဒီလှုပ်နေတဲ့ နာရီကရော”
“သူက ပွဲစားကြီးတစ်ဦးရဲ့ နာရီလေ၊ သူက မကြာခဏ လိမ်ပြောလို့”ဟု ဖြေလိုက်ရာ အမျိုးသမီးကြီးက စိတ်ဝင်တစားဖြင့်…
“ဒါဖြင့် ကျမယောင်္ကျားရဲ့နာရီက ဟောဒီမှာရှိသလား၊ ဘယ်မှာလဲ”ဟု မေးလိုက်ရာ တမန်တော်က ပြန်ဖြေလိုက်သည်မှာကား…
“ရှိပါ့ဗျာ… ယမမင်းကြီးရဲ့ဘေးမှာ ပန်ကာကိုလုပ်ထားရတယ်လေ၊ ကြည့်ပါလား”ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment