တနေ့  ကျမ ဆီကို ဖုန်းတလုံး ၀င်လာတယ်…
“ ဟဲလို “
“ကျောင်းသား အဖွဲ့ က ပါလား..? “
“ ဘာ … ကျောင်း ကို မေးတာလဲ ..”
“သြော် … ကျမ သိတဲ့ လူတွေကို ကူညီတဲ့ကျောင်းသားအဖွဲ့ အစည်းကလားလို့ မေးတာပါ ။”
“သြော် … ဟုတ်ကဲ့ အဖွဲ့ အစည်းဆိုတာ ကတော့ မှန်ပါတယ်.။ ကျောင်းသားအဖွဲ့ တော့မဟုတ်
ဘူး ရှင့် … ရွှေ ပြောင်းအလုပ်သမားတွေ ကို ကူညီတဲ့ အလုပ်သမားအဖွဲ့ အစည်းပါ ။ “
“ဒါဆို .. နာမည် ဘယ်လို ခေါ်သလဲ ဟင်..။”
“ကျမ တို့ အဖွဲ့ အစည်းနာမည် က မြန်မာပြည်သား အဖွဲ့ လို အလွယ်တကူ မှတ်သားထားပါ ။
နာမည် အရှည် က မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ပါ။”
“ကျမ ကို ကူညီ နိုင်မလားမသိဘူး .. ကျမ တော်တော်လေးကို ဒုက္ခ ရောက်နေတယ် ။
အစ်မတို့  ကူညီနိုင်မယ်လို မျှော်လင့်ပါတယ်။ “
“ဟုတ်ကဲ့ … နာမည် ရယ် ၊ အလုပ်အကိုင်ရယ် ၊ နေရာ ရယ် ၊ ဖြစ်ပေါ်နေတဲ့အခက်အခဲ ကို
ပြောကြည်ပါ ။”
“ဟုတ်ကဲ့ … ကျမ ……နာမည်၊ စက်ချုပ် ၊ မဲဆောက်မြို့ အနောက်ပိုင်းသောင်ရင်းမြစ်ကမ်းနဖူး က ပါ ။
အင်း .. အခက်အခဲက ဒီလို ပါ.ကျမတို့ အားတဲ့အချိန် တိုင်း မှာ ဖုန်း ဆက်ပါတယ် .. ဖုန်းနံပါတ်
ရရင်ရသလို မိတ်ဆက်ပြီးဖုန်းပြောပါတယ် .. အစ်မ ရယ် ပြောရရင် ပျင်းပျင်း နဲ့ ဖုန်းပြောရတာ
ကိုသဘောကျသွားတာပေါ့ .. အဲဒီလို ဖုန်းပြော ရင်းနဲ့ လူတယောက် ရင်းနှီးတယ် .. သူနဲ့ ကျမ
နဲ့ အချိန်ရတိုင်းဖုန်းပြောတယ် … သူက ဘန်ကောက် မှာ ဖုန်းပြောရင်း ပြောရင်း နဲ့ သူနဲ့ ဖုန်းထဲ
မှာ ရည်းစားဖြစ်သွားတယ် .. ကျမ ဖုန်းပြောတာကို အတူ နေ အမေနဲ့ ညီမ က မကြိုက်လို့ ဆူတော့..
သူနဲ့ အဆက်ဖြတ်ဖို့  ကျမပြောတယ် ..နောက်သူနဲ့ ကျမနဲ့ က ဘာသာမတူဘူးလေ.. အဲဒါကို
သူက ကျမကို သူအိမ်ထောင်ဘက်အဖြစ် သူက ရည်ရွယ်ထားတာတဲ့ ကျမ ကမဖြစ်နိုင်ဘူး
လို့ ပြောတော့ သူ အခု ည ဘန်ကောက်ကနေ ဆင်းလာပြီး အမေ ရှိမှာလာတောင်းမတဲ့..
ကူညီပါ .. စက်ရုံထဲမှာ နာမည် ကြီးပြီး ရှက်ရမှာစိုးလို့ ပါ .. ကျမ သူကို ခင် တာ ပဲ ရှိတာပါ။
တခုခု ဖြစ်ယင် အမေ က ကျမ အောက်ကိုပြန်ပို့ မှာ ကျမ မပြန်ချင်ဘူး ..ဘာလုပ်ရမလဲမသိ
ဘူး ကူညီမှ ဖြစ်မယ်နော်..အခုည ရောက်မှာ အခုည ..”
“ဟူး … ကျမ မှားသွားပြီ .. ကျမ အဖွဲ့ အစည်း က ဘာတွေ လုပ်ဆောင်တယ်ဆိုတာကို ရှင်း
ပြ ရမှာ.. အင်း …. ညီမ … ကျမအနေနဲ့  အကြံတော့ပေးမယ်နော်..”
“သြော် .. ဟုတ်ကဲ့ ဟုတ်ကဲ့ .. ပေးပါ.. ပေး ပါ .. ကျမ အခုအချိန်မှာ စဉ်းစား လို့ ကိုမရဘူး
ခေါင်းတွေ တောင်ကိုက်နေပြီ.. လုပ်ပါအုန်း..။”
“ဟုတ်ကဲ့ .. ကျမပေးမယ် အကြံ က ဖုန်း ဆင်းကဒ် လဲလိုက်ပါ နော်။ လဲလိုက်တဲ့ဖုန်းနံပါတ်
ကိုလည်း သွားမပေးနဲ့  အုံးး ဟုတ်ပြီလား။”
“ဟာ.. အဲဒါမေ့နေ လို့  ကျေးဇူးအများကြီးတင်ပါတယ်နော်..။”
“ဟုတ်ကဲ့ပါ .. နောက်ဆို ကိုယ်ဘာလုပ်လုပ်သေသေချာချာ စဉ်းစားပြီးမှ လုပ်ပါ ။ ကလေးမဆန်
ပါနဲ့  ။ နောက်ပြီး ကျမ တို့ အဖွဲ့ အစည်းက အလုပ်သမားပတ်သက်လို ကူညီတာ……..
ဒီလို ကိုယ်ရေးတာကိုယ်နဲ့ ပတ်သက်လို ဖြစ်စေ ၊ ငွေရေးကြေးရေး ကြောင့်ဖြစ်စေ၊လင်မယားကိစ္စဖြစ်
စေ မကူညီပါဘူးနော် … “
“ဟုတ်ကဲ့ .. ကျေးဇူပါပဲ… နော်။”
(မှတ်ချက် ။ ။ တနေ့ တာအလွဲ များအကြောင်း ကို ရေးရခြင်းမှာ မည်သူတဦးတယောက်ကိုမှ ထိ
ခိုက်စေ ဖို မရည်ရွယ်ပါဘူး ။ ကျမတို့  ရဲ့ တနေ့ အဖြစ်အပျက် ကလေးများကို ဟာသ အနေနဲ့ 
စိတ်ရွှင်လန်းစေရန် ရည်ရွယ်ပါတယ်)
ခံစားတင်ပြသူ … ဒေလီယာ

No comments:
Post a Comment