တတောလုံး၊ တတောင်လုံး
မိး ခိုး ဆို့ ဖုန်း
တလောလုံး၊ တတောင်လုံး။
(၂)
ကြုံခဲ့လှတဲ့
တတိယထောင်စုနှစ်ကြီးဟာ
ဟောဒီနယ်စပ်မှာ
ဘာများတတ်နိုင်ခဲ့ပါသလား ?
မနုသတတ္တ `ဒုလ္လဘ´ခမျာလဲ
သတိတချက်အလွတ်မှာ
ကံဆိုးမ မိုးမိခဲ့ရ။
(၃)
(ဘုရားရှင်က သေသေချာချာကယ် မ)လို့
အပြန်လမ်းရှိခဲ့ကြ
ဘ၀တူခဲ့သူများရဲ့ စကားအရ- သာ
သူ… `၀ဋ်ကျွတ်´ သွားရှာပြီ။
(၄)
သက်ပျောက်ဆွမ်းတရား
နာကြားသူများရဲ့ မျက်နှာ
မီးလောင်တောင်ယာများ။
(၅)
`ဟဲ့… အမျှဝေလေ´
အိမ်ထောင်ဦးစီးမဲ့သွားသူခမျာ
တရား- နာမ၀င်နိုင်ရှာ
ချဉ်ခြင်းသာ တမ်းတ
လက်တွေ့ကျတဲ့ ဘ၀လုံခြုံမှု
ဆု…
တခုထဲသာတောင်းလိုက်ရဲ့
`နောင်… စစ်တပ်လာရင်
ကိုယ်က အရင်မြင်ပါရစေ´။
(၈ ဧပြီလ ၂၀၀၀၊ ဟွေကျုံစခန်း)
**ထက်မိုး**
(ကိုထက်မိုး၏ ပြန်ကျမိုးများ မှ)
(၁)
တတောလုံး၊ တတောင်လုံး
မိး ခိုး ဆို့ ဖုန်း
တလောလုံး၊ တတောင်လုံး။
(၂)
ကြုံခဲ့လှတဲ့
တတိယထောင်စုနှစ်ကြီးဟာ
ဟောဒီနယ်စပ်မှာ
ဘာများတတ်နိုင်ခဲ့ပါသလား ?
မနုသတတ္တ `ဒုလ္လဘ´ခမျာလဲ
သတိတချက်အလွတ်မှာ
ကံဆိုးမ မိုးမိခဲ့ရ။
(၃)
(ဘုရားရှင်က သေသေချာချာကယ် မ)လို့
အပြန်လမ်းရှိခဲ့ကြ
ဘ၀တူခဲ့သူများရဲ့ စကားအရ- သာ
သူ… `၀ဋ်ကျွတ်´ သွားရှာပြီ။
(၄)
သက်ပျောက်ဆွမ်းတရား
နာကြားသူများရဲ့ မျက်နှာ
မီးလောင်တောင်ယာများ။
(၅)
`ဟဲ့… အမျှဝေလေ´
အိမ်ထောင်ဦးစီးမဲ့သွားသူခမျာ
တရား- နာမ၀င်နိုင်ရှာ
ချဉ်ခြင်းသာ တမ်းတ
လက်တွေ့ကျတဲ့ ဘ၀လုံခြုံမှု
ဆု…
တခုထဲသာတောင်းလိုက်ရဲ့
`နောင်… စစ်တပ်လာရင်
ကိုယ်က အရင်မြင်ပါရစေ´။
(၈ ဧပြီလ ၂၀၀၀၊ ဟွေကျုံစခန်း)
**ထက်မိုး**
(ကိုထက်မိုး၏ ပြန်ကျမိုးများ မှ)
No comments:
Post a Comment