**(နိုင်ငံတကာ ရယ်စရာများ)**
ကျနော်ရဲ့ သူငယ်ချင်း မိုက်ကယ် ဟာ ရော့ခ်အင်ရိုးလ်ဂီတ အသည်းစွဲတစ်ယောက်ဖြစ်တယ်။ သူ့ကို ဂန္တ၀င် တေးဂီတအပေါ်စိတ်ဝင်စားလာအောင် ကျနော် ကြိုးပမ်းခဲ့ပါတယ်။ မိုးဇက်ရဲ့ ဂီတပွဲတော်ကြည့်ဖို့ လက်မှတ်တစ်စောင်ဝယ်ပြီး သူ့ကို ပေးလိုက်တယ်။ သူကလည်း လိုလိုချင်ချင်ပဲ၊ ကျနော်နဲ့အတူတူ သံစုံတီးဝိုင်းကြီး နားထောင်ရမှာကို ပျော်နေပုံရတယ်။
ပွဲတော်ပြီးသွားတဲ့အခါမှာ မိုးဇက်ရဲ့ တေးဂီတတွေဟာ စိတ်ကို လှုပ်ရှားစေကြောင်း၊ ဂီတသံတွေနားထောင်နေစဉ်မှာ ဂီတသံစဉ်တွေက မိမိကိုလာပြီး စကားပြောနေသလို ခံစားရကြောင်း ပြောပြလိုက်တယ်။
“ဟုတ်ပါလိမ့်မယ်။ မင်းဘာကို ဆိုလိုတယ်ဆိုတာ ငါနားလည်ပါတယ်”လို့ မိုက်ကယ်က သဘောတူညီကြောင်း ခေါင်းညိတ်ပြတယ်။
ငါတော့ သူ့ကို ဂန္တ၀င်တေး ဂီတအပေါ် နှစ်သက်သွားအောင်လုပ်ပေးနိုင်လိုက်ပြီဆိုတာ ကျနော်ဟာ ကျေနပ်နေတယ်။ ဒါနဲ့ မိုးဇက်ရဲ့ ဂီတက မင်းကို ဘာတွေပြောပြနေသလဲလို့ ထပ်မေးကြည့်လိုက်မိတယ်။
“ဂီတက ပြောနေတယ်လေ… အိပ်တော့လေ… မိုက်ကယ် အိပ်တော့တဲ့”ဆိုပြီး သူကပြန်ဖြေလိုက်ပါတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာများမှ)

No comments:
Post a Comment