**(ယောင်္ကျားတို့လောက ဟာသများ)**
သူငယ်ချင်းတစ်ဦးကို အခြားသူတစ်ဦးက…
“မင်းမင်္ဂလာဆောင်တုန်းက ငါမရှိဘူးကွ၊၊ ဒါနဲ့ မင်းယူလိုက်တဲ့ အမျိုးသမီးက ဆွံ့အနားမကြားပြီး မျက်မမြင်တစ်ယောက်ဆို၊ ဘာဖြစ်လို့များ ဒါမျိုးကို အိမ်ထောင်ပြုလိုက် ရတာလဲ”ဟု မေးလိုက်ရာ သူငယ်ချင်းက ပြန်ဖြေလိုက်သည်မှာကား…
“ဟကောင်ရ… မင်းက ငါ့ရည်ရွယ်ချက်ကိုမှ မသိဘဲ။ အဲဒီလို မိန်းမမျိုးယူထားတော့ ငါလုပ်တာ၊ ငါကိုင်တာ ငါသွားတာ လာတာကို သူမမြင်ဘူး။ မဝေဖန်ဘူး။ အကျပ်မကိုင်နိုင်ဘူးပေါ့။ ကဲ… ဘယ်လောက်နားအေးသလဲ”ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)

No comments:
Post a Comment