ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 5, 2010

မင်းဆိုးမင်းညစ်သန်းရွှေ

>
**Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum**
*(ဦးအောင်ခင် / ၀၂ စက်တင်ဘာ ၂၀၁၀ )**

လွတ်လပ်ရေးရပြီး မြန်မာပြည်မှာ မင်းဆိုးမင်းညစ် (၂) ဦး ကြီးစိုးတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဖြစ်တယ်။ ရက်စက်တဲ့နေရာနဲ့ ညစ်ပတ်စုတ်ပဲ့တဲ့နေရာမှာလည်း အသွင်တူကြတယ်။ တိုက်ဆိုင်ပုံကတော့ (၂) ဦးစလုံး စာတိုက်စာရေးဘ၀က အာဏာရှင် မင်းဆိုးမင်းညစ်ဖြစ်လာတာပဲ။ အသက် (၉၀) အရွယ် ဗိုလ်နေ၀င်းဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့နေရင်း သေဆုံးသွားတယ်။ ပြည်သူပြည်သားတွေ အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ရာမှာလည်း အသွင်တူကြတယ်။ ဗိုလ်သန်းရွှေလက်ထက်မှာ အစိုးရတပ်ဟာ မုဒိမ်းတပ်မတော်ဆိုတဲ့ အမည်သစ်ကို ရလိုက်တယ်။ အစိုးရအမှုထမ်းအားလုံးကို သူခိုးဖြစ်အောင် လုပ်တဲ့နေရာမှာလည်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ အသွင်တူကြတယ်။

ဗိုလ်နေ၀င်း အတ္ထုပ္ပတ္တိကို တပည့်ကျော်ကပ်ဖားကြီး ဒေါက်တာမောင်မောင်ကရေးပြီး မြှောက်ပင့်ထားတယ်။ ဗိုလ်သန်းရွှေကိုတော့ ရေးမယ့်သူမရှိဘူး။ မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို Benedict Rogers နဲ့ Jeremy Woodrum တို့က စာအုပ်ရေးပြီး မကြာမီက ထုတ်ဝေလိုက်တာပဲ။ စာမျက်နှာသုံးရာကျော်ရှိတဲ့ စာအုပ်ဖြစ်ပေမယ့် ဗိုလ်သန်းရွှေအကြောင်းက နည်းနည်း ဆက်စပ်နေတဲ့ သမိုင်းနောက်ခံကို ဖော်ပြတာက များတယ်။ အင်္ဂလိပ်စာဖတ်ပရိသတ်အတွက် ရည်ရွယ်တာမို့ နောက်ကြောင်းတွေကို ရှင်းပြနေတာ ဖြစ်ပုံရတယ်။

်မြန်မာ့နိုင်ငံရေး အရှုပ်အထွေးကို လေ့လာတဲ့ နိုင်ငံခြားသား ပညာရှင်တွေရဲ့ အဓိကအားနည်းချက်က မြန်မာစာ မြန်မာ စကား မတတ်တာပဲ။ မြန်မာလိုထုတ်ဝေတဲ့ ကွန်ပျူတာဝက်ဘ်ဆိုက်နဲ့ ဘလော့ခ်တွေရှိပေမယ့် မြန်မာစာ မတတ်တော့ မသိကြဘူးပေါ့။ ဥပမာ “ဖိုးတရုတ်ဘလော့ခ်” ဆိုရင် စစ်တပ်ရဲ့ အတွင်းသတင်းတွေကို ဖော်ပြနိုင်တယ်။ နိုင်ငံခြားသား ပညာရှင်တွေရဲ့ အြားသာချက်ကတော့ နိုင်ငံခြားအသိုင်းအ၀ိုင်းရဲ့ အမြင်ကို တင်ပြနိုင်တာပါပဲ။ ဒါကြောင့် မြန်မာပရိသတ် သိပြီးသားဖြစ်တဲ့ နောက်ကြောင်းကို မတင်ပြဘဲ ဗိုလ်သန်းရွှေနဲ့ ပတ်သက်တာကိုသာ လိုရင်းတိုရှင်း ကောက်နှုတ် တင်ပြ ပါမယ်။ ကျောက်ဆည်မြို့နယ်က ရွာတရွာမှာ ဗိုလ်သန်းရွှေကို ၁၉၃၃ က မွေးဖွားတာမို့ အခုဆိုရင် (၇၇) နှစ်ရှိနေပါပြီး။ လယ်သမားမိဘက ပေါက်ဖွားလာသူဖြစ်လို့ အခြေခံပညာအလယ်တန်း (သို့မဟုတ်) အထက်တန်းလောက်အထိသာ သင်ကြားနိုင်တယ်။

ဒါကြောင့် ကျောက်ဆည်နယ်သားဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်းနဲ့ ဦးအောင်သောင်းကို လူရင်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပုံရပါတယ်။ စစ်ဗိုလ်ဘ၀မှာ စကားနည်းပြီး အထက်အရာရှိအကြိုက် လိုက်ပြောသူဖြစ်တယ်။ အခြားစစ်ဗိုလ်တွေ တက်တက်ကြွကြွဆွေးနွေးချိန်မှာ ဗိုလ်သန်းရွှေဟာ ငြိမ်ကုတ်နေတတ်တယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဗိုလ်သန်းရွှေက အလွန်သစ္စာရှိပြီး အထက်လူကြီးအကြိုက် လုပ်ဖို့သာ အမြဲတမ်းစဉ်းစားနေတာမို့ ရာထူးတက်တာလို့ ဆိုကြတယ်။ မိမိရည်မှန်းချက်ကို ဖုံးဖိထားနိုင်သူဖြစ်တယ်။

၁၉၅၆ မှာ ဒေါ်ကြိုင်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။ ပအို့တိုင်းရင်းသူ ဒေါ်ကြိုင်ကြိုင်ဟာ ခင်ပွန်းစစ်ဗိုလ် ကျဆုံးသွားလို့ မုဆိုးမ ဖြစ်နေသူပါပဲ။ စစ်ဗိုလ်တဦး ကျဆုံးသွားလို့ ကျန်ရစ်သူဇနီးသည်ကို နောက်စစ်ဗိုလ်တဦးက ဆက်ယူတာမျိုးဟာ စစ်တပ်ထဲမှာ ရှားတယ်။ ဒေါ်ကြိုင်ကြိုင်ကိုလက်ထပ်ဖို့ စစ်ဗိုလ်တွေ ကံစမ်းမဲနှိုက်တဲ့အခါ ဗိုလ်သန်းရွှေမဲပေါက်သွားလို့ ယူရတာလို့လည်း ပြောကြတယ်။ တချို့ကလည်း တပ်ရင်းမှူးစီစဉ်တာကို မငြင်းချင်တဲ့အတွက် ဒေါ်ကြိုင်ကြိုင်ကို ယူလိုက်တာလို့ ပြောကြတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ ငယ်အမည်က အကြိုင်ဖြစ်ပြီး ဗိုလ်သန်းရွှေနဲ့ရပြီးတော့မှ ဒေါ်ကြိုင်ကြိုင် ဖြစ်လာတာလို့လည်း ဆိုတယ်။

ဒေါ်ကြိုင်ကြိုင် ပထမယောက်ျားရတဲ့ကလေးပါဆိုရင် ဗိုလ်သန်းရွှေမှာ သားသမီး (၈) ယောက်ရှိတယ်။ ဒီ (၈) ယောက် စလုံးကို စစ်အစိုးရနဲ့ စီးပွားရေးသမားတွေက အလုပ်အကျွေးပြုနေရတယ်။ ဗိုလ်သန်းရွှေ မိသားစု စီးပွားရေး သောင်းကျန်းပုံ၊ လောဘကြီးပုံတွေကို လူပြောများလို့ ပြည်သူ့ချဉ်ဖတ် ဖြစ်နေတာ ထင်ရှားတယ်။ ဗိုလ်သန်းရွှေရဲ့သမီး သန္တာရွှေ မင်္ဂလာဆောင်မှာ ၀တ်ဖို့ လက်ဝတ်ရတနာတွေ ငှားလိုက်တဲ့ မိုးကုတ်သူဌေး မိသားစုတစုလုံး ရန်ကုန်မှာ ၂၀၀၈ ခုက အသတ်ခံလိုက်ရတာဟာ ဗိုလ်သန်းရွှေမိသားစု လောဘဇောတိုက်နေတာနဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေလည်း ရှိတယ်။ သန္တရွှေ လက်ဝတ်ရတနာတွေ ပြိုးပြိုးပြက်ပြက် ၀တ်စားထားတဲ့ဓာတ်ပုံကို ခရစ်စမတ်သစ်ပင်နဲ့တူတယ်လို့ စင်ကာပူ မင်းဆရာ လီကွမ်ယူးက မှတ်ချက်ချတာကိုလည်း ဖော်ပြထားတယ်။

စစ်ပညာဘက်ကကြည့်ရင် ဗိုလ်သန်းရွှေဟာ စစ်ဗိုလ်အညံ့စားထဲမှာပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ အောင်မြင်မှုဆိုလို့ ဗိုလ်သန်းရွှေမှာ ပြစရာတခုမှမရှိဘူး။ ဗိုလ်သန်းရွှေပါဝင်တဲ့ ဗကပစစ်ဆင်ရေးအားလုံး အရှုံးနဲ့ နိဂုံးချုပ်တယ်။ ဗိုလ်အောင်ဖုန်း ဦးစီးတဲ့ မိုင်းရန်တိုက်ပွဲတခုမှာသာ ဗိုလ်သန်းရွှေက ဗကပတပ်ကို နိုင်လိုက်တယ်လို့ ဗကပဟောင်း ဦးအောင်ကျော်ဇော ပြောတာကို ကိုးကားထားတယ်။ ဗိုလ်အောင်ဖုန်းဟာ နောင်အခါမှာ သစ်တောဝန်ကြီးဖြစ်လာတယ်။ ခေါင်းဆောင်မှုညံ့ဖျင်းပြီး လက်နက်အင်အား မကောင်းတာကြောင့် ဗိုလ်သန်းရွှေဟာ တိုက်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင် ရတယ်။ ၁၉၈၀ ဇွန်လ (၂၀) မှာ ဗကပနဲ့ဖြစ်ပွားတဲ့ (၆) ရက်တိုက်ပွဲကို ကျိုင်းတုံကနေ စစ်ကူသွားဖို့ ဗိုလ်သန်းရွှေကို အမိန့်ပေးတဲ့အခါ ဗိုလ်သန်းရွှေဟာ (၂) ရက် ရေဒီယိုအဆက်အသွယ် ဖြတ်တောက်ထားတယ်။ ဗိုလ်ချုပ်လှဦး ဒေါသဖြစ်ပြိး ဗိုလ်သန်းရွှေကို ရာထူးက ထွက်ခိုင်းကြောင်း ဦးအောင်ကျော်ဇောက ပြောပြတယ်။ ဗကပက ကြားဖြတ် နားထောင်မှာစိုးလို့ ရေဒီယိုဆက်သွယ်စက်ကို ပိတ်ထားတာဖြစ်တယ်လို့ ဗိုလ်သန်းရွှေက ဆင်ခြေပေးတယ်တဲ့။

စစ်မြေပြင်မှာ အောင်မြင်မှုမရပေမယ့် အထက်ကို အမြဲလေးစားတဲ့ ဗိုလ်သန်းရွှေ အလုပ်မပြုတ်ဘူး။ စစ်တိုက်တော်သူကို ဗိုလ်နေ၀င်းက မြှောက်စားတာမဟုတ်ဘဲ ကျိုးနွံသူကိုသာ လက်သပ်မွေးလေ့ရှိတယ်။ ဗိုလ်သန်းရွှေဟာ သူ့ဆရာ ဗိုလ်ချုပ်အေးကိုကြောင့် အလုပ်မပြုတ်ဘဲ တပ်ရင်းမှူးဘ၀က တိုင်းမှူးဖြစ်လာတာလည်း ဖြစ်နိုင်တယ်။ သဘောကောင်းတဲ့ တိုင်းမှူးအဖြစ် ဗိုလ်သန်းရွှေကို မှတ်မိသူတွေရှိပါတယ်။ ဗိုလ်သန်းရွှေကို စစ်တပ်နဲ့ မဆလပါတီအား အလွန်သစ္စာရှိသူ အဖြစ်လည်း မှတ်မိကြတယ်။ အထက်အကြိုက်လိုက်လုပ်ရင်း ၁၉၈၅ မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေး ၀န်ကြီး ဖြစ်လာတာမို့ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်ရာမှာ ဗိုလ်သန်းရွှေလည်း တာဝန် မကင်းဘူးလို့ သိရတယ်။

ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်နေ၀င်းရဲ့ကိုယ်စားလှယ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်က ဦးဆောင်ပြီး စစ်အာဏာ သိမ်းပေမယ့် ဗိုလ်ခင်ညွန့်ဟာ စစ်တပ်အတွေ့အကြုံ မရင့်ကျက်တာကြောင့် န၀တ ဒု-ဥက္ကဋ္ဌနေရာကို ဗိုလ်သန်းရွှေ ရသွားတာလို့ ဆိုတယ်။ န၀တအစိုးရ တက်လာပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ဗိုလ်ခင်ညွန့်က ၁၉၈၈ စက်တင်ဘာ (၂၂) ရက်နေ့မှာ ပြောတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကလည်း ရွေးကောက်ပွဲအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက အစိုးရဖွဲ့လိမ့်မယ်လို့ ၁၉၈၉ မတ်လ (၂၇) ရက်နေ့က ပြောတယ်။ နောက်တခါ ဇူလိုင်လ (၅) ရက်နေ့မှာ တခါထပ်ပြီး မဲအများဆုံးရသူက အစိုးရဖွဲ့နိုင်မယ်ဆိုရင် အာဏာလွှဲပေးပြီး အစိုးရ သစ်ကပဲ အခြေခံဥပဒေသစ်ကို ရေးဆွဲရမယ်လို့ဆိုတယ်။

ဒါပေမယ့် ၁၉၉၀ မေလ (၂၇) ရက်နေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရတော့ န၀တအစိုးရဟာ ကတိမတည်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ထောက်လှမ်းရေးဦးစီး ဗိုလ်ချုပ်ခင်ညွန့်တို့ ဦးဆောင်နေစဉ် ဗိုလ်ချုပ်ကြီးသန်းရွှေဟာ အစည်းအဝေးမှာ စကားတလုံးမှမပြောဘဲ နေတတ်တယ်လို့ အနောက်တိုင်း သံတမန်တဦးက ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမာရေးကြောင့် စိတ်မမှန်တဲ့အခါမှာ ဖြုတ်ပစ်ဖို့တွက် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့က ပူးပေါင်းကြံစည်တာ ဖြစ်ပါတယ်တဲ့။ ဗိုလ်ခင်ညွန့်ဟာ မဆလဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ကိုယ်စားလှယ်သဘောမျိုးနဲ့ ဆောင်ရွက်နေချိန်ပါပဲ။

၁၉၉၂ ဧပြီလ (၂၃) ရက်နေ့မှာ ဗိုလ်သန်းရွှေဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ န၀တဥက္ကဋ္ဌရာထူးကို ဆက်ခံတယ်။ ဗိုလ်သန်းရွှေဟာ ကြာရှည်ခံမှာမဟုတ်ဘူးလို့ အများက မြင်ကြပါတယ်။ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကိုသာ အထင်ကြီးကြတယ်။ သစ္စာရှိ ကျွန်ယုံသဘောမျိုးလို လုပ်ပြနေတဲ့ ဗိုလ်သန်းရွှေကို ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ယုံကြည်သွားပုံရတယ်လို့ ထိုင်း သံအမတ်ဟောင်းတဦးက အကဲဖြတ်တယ်။ န၀တဥက္ကဋ္ဌဖြစ်လာပြီး မကြာမီမှာ ညစဉ်ညတိုင်း န၀တအဖွဲ့ဟာ လျှို့ဝှက် အစည်းအဝေးထိုင်ပြီး ဗိုလ်သန်းရွှေရဲ့စကားကို နာခံကြရပါတယ်တဲ့။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အရှိန်အ၀ါ ကျန်နေဆဲဖြစ်ပါတယ်။

အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ၁၉၉၇ မတ်လအထိ စာတွေရေးပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းနေပေမယ့် ဗိုလ်သန်းရွှေကတော့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အမျိုးသား ညီလာခံကို စိတ်ကြိုက်ကျင်းပဖို့ စီစဉ်ပါတယ်။ ဗိုလ်သန်းရွှေဟာ အန်အယ်လ်ဒီရဲ့ တောင်းဆိုမှုတွေကို အမြဲတမ်းလျစ်လျူရှု ထားပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ လုံးဝစိတ်မကူးပါဘူး။ န၀တဥက္ကဋ္ဌဖြစ်ပြီး မကြာမီ တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ် မောင်အေးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ အပြင်လောကမှာ ဗိုလ်ခင်ညွန့်ကို ဒီမိုကရေစီပြုပြင်ရေးသမားလို့ ပြောဆို ရေးသားတာမျိုး ရှိပါတယ်။ တကယ်ကတော့ ဗိုလ်ခင်ညွန့်မှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ ဗိုလ်သန်းရွှေ သဘော မတူဘဲ ဘာမှလုပ်လို့ မရပါဘူး။ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးအုပ်စုဟာ နိုင်ငံခြားကို မမှန်တဲ့သတင်းတွေ ပေးလေ့ ရှိပါတယ်။ ဥပမာ ထောက်လှမ်းရေး ပြောသမျှယုံတဲ့ David Steinberg လို ပုဂ္ဂိုလ်တွေကို သတင်းပေးလေ့ရှိတယ်လို့ စစ်ဗိုလ်ဟောင်း ဦးအောင်လင်းထွဋ် ပြောတာကိုလည်း ဖော်ပြထားတယ်။

ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးတဲ့အဆင့်ကို ရောက်ခဲ့ပေမယ့် ဗိုလ်ခင်ညွန့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိတာ ထင်ရှားတယ်လို့ ကြားဝင်ဆောင်ရွက်ပေးခဲ့သူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီက ပြောပါတယ်တဲ့။ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်ကို စစ်တပ်ထဲမှာ မထောက်ခံတာဟာလည်း အားနည်းချက်ဖြစ်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် ယိုဇိုယိုကိုတာက မြင်တယ်။ ဗိုလ်နေ၀င်းရဲ့ အိပ်ဖန်စောင့် ထောက်လှမ်းရေးဘ၀က တက်လာသူ ဖြစ်တာမို့ ဗိုလ်နေ၀င်းသေတာနဲ့ ဗိုလ်ခင်ညွန့်က ကံကုန်တော့တာပဲလို့ ဆိုပါတယ်။ ဗိုလ်ခင်ညွန့်ကို အပြည်ပြည်ဆိုင်ရာက ၀ိုင်းထောက်ခံနေလို့လည်း ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ တကယ်တော့ ဗိုလ်ခင်ညွန့်မှာ နိုင်ငံရေး ရည်မှန်းချက် ရှိတဲ့အတွက် ဗိုလ်သန်းရွှေက ဖြုတ်ပစ်လိုက်တာပါ။ ဗိုလ်သန်းရွှေရှေ့မှာဆိုရင် ဗိုလ်ခင်ညွန့်ဟာ ကျောင်းသားလေးတဦးလို ဖြစ်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီက ပြောပါတယ်တဲ့။

ဗိုလ်သန်းရွှေဟာ သူ့အမိန့်ကို လုံးဝ နာခံခဲ့တဲ့ တပည့်တွေကို ခန့်ထားတဲ့နည်းနဲ့ အာဏာတည်မြဲနေတာလို့ ဆိုပါတယ်။ လူယုံတွေကို မြှောက်စားပြီး မယုံကြည်သူတွေကို ထုတ်ပစ်တဲ့နည်းပါပဲ။ ဗိုလ်နေ၀င်းကလည်း ဒီနည်းကိုပဲသုံးပါတယ်။ ဗိုလ်နေ၀င်းရဲ့မြေးတွေကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ဖမ်းတဲ့အခါမှာ ဗိုလ်နေ၀င်းပါ အကျယ်ချုပ်ဘ၀ကို ရောက်သွား ပါတယ်။ ၂၀၀၂ ဒီဇင်ဘာမှာ ဗိုလ်နေ၀င်းသေတော့ စစ်မှုထမ်းမှန်သမျှ မသာမပို့ရလို့ ဗိုလ်သန်းရွှေက အမိန့်ထုတ်တယ်။ အန္တရာယ်ကို ကာကွယ်ရာမှာ ကျူပင်ခုတ်ကျူငုတ်ပါမကျန်ဆိုတဲ့ စကားအတိုင်း အကုန်ရှင်းပစ်နိုင်တာ ကြောင့် တပ်တွင်းက အာဏာသိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ဆိုတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဆီက ထွက်ပြေးသူ ဦးရေဟာ တလမှာ အနည်းဆုံး (၁,၅၀၀) လောက်ရှိပါတယ်။ ၂၀၀၆ မေလက သြဂုတ်လအထိ (၄) လအတွင်း တပ်သား ကိုးထောင်ကျော် ထွက်ပြေးကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထမင်းဖိတ်ကျွေးတုန်းက အိမ်ရှင် ဗိုလ်သန်းရွှေကစပြီး စကားပြောရမှာ ဖြစ်ပေမယ့် စကား တလုံးမှ မပြောတဲ့အတွက် ဇွန်းသံ ခက်ရင်းသံတွေပဲ ကြားနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောပါတယ်တဲ့။ ဒေါ်စုကို စကားစပြောသူဟာ ဗိုလ်မောင်အေးဖြစ်ပြီး တောပြုန်းတဲ့အကြောင်း ပြောတယ်လို့ဆိုပါတယ်။ အာဏာရှိပေမယ့် ဗိုလ်သန်းရွှေဟာ ချက်ချင်းဆုံးဖြတ်ချက်ပေးနိုင်သူ မဟုတ်ပါဘူး။ ဒါကို အခြေအနေ စောင့်ကြည့်တာလို့ တချို့က ဆိုပါတယ်။ ဗိုလ်သန်းရွှေဟာ အချိန်မီဆုံးဖြတ် ချက်မချနိုင်ဘဲ အမြဲတမ်း နောက်ကျနေတာကိုကြည့်ရင် မိမိကိုယ်မိမိ ယုံကြည်မှုမရှိတာ သိသာတယ်လို့ ရန်ကုန်နေ လေ့လာသူတဦးက ပြောပြတယ်။ ဆုံးဖြတ်ချက် ချလိုက်ရင်လည်း သူ့အိုးနဲ့ သူ့ဆန် တန်ရုံမဟုတ်ဘဲ အလွန်အကျွံဖြစ်နေတတ်တာဟာ ဗိုလ်သန်းရွှေရဲ့ အကျင့်ပဲလို့ ဆိုပါတယ်။

ဗိုလ်မောင်အေးကို ဗိုလ်သန်းရွှေရဲ့ ပြိုင်ဘက်အဖြစ် မြင်တာဟာလည်း အတွေးချော်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းမှူးသက်တမ်း အနုဆုံး ဗိုလ်မောင်အေးဟာ ဗိုလ်သန်းရွှေမြှောက်စားလို့ လက်ရှိအခြေအနေကို ရောက်လာတာပါတဲ့။ ဗိုလ်မောင်အေးဟာ အရက်နဲ့ အ၀တ်အစားကိုသာ စိတ်ဝင်စားသူဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက် ကင်းမဲ့သူဖြစ်ပါတယ်။ ဘန်ကောက်ကိုအသွား လေယာဉ်ပေါ်မှာ ဗိုလ်မောင်အေးနဲ့ တပည့်လုပ်သူဟာ Kentucky Fried Chicken စားရတော့မဲ့ အကြောင်း ပြောဆိုနေတာကို ကြားလိုက်ရသူလည်း ရှိတယ်။ ဗိုလ်မောင်အေးဟာ နံပါတ် (၂) နေရာယူထားပေမယ့် နံပါတ် (၁) ကို မလှန်နိုင်သူဖြစ်တယ်။ ဗိုလ်သန်းရွှေသေရင် ဗိုလ်မောင်အေး တက်လာနိုင်ပေမယ့် ဗိုလ်သန်းရွှေက အာဏာ လွှဲပေးမယ့် သူကတော့ သူရရွှေမန်းပါပဲ။

၁၉၉၃ မှာ တည်ထောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟာ ဗိုလ်သန်းရွှေရဲ့ ခါးပိုက်ဆောင်အသင်းပဲဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ခိုက်ရာမှာ ဒီအသင်းကို သုံးပါတယ်။ လိုအပ်လာရင် ကြံ့ဖွံ့ကို ပြည်သူ့စစ်အဖြစ် အသုံးပြုမယ် လို့လည်း ရည်ရွယ်ပါတယ်။ ကြံ့ဖွံ့အသင်းဥက္ကဋ္ဌက ဗိုလ်သန်းရွှေဖြစ်တာမို့ ပါတီအဖြစ် အသွင်ပြောင်းတဲ့ အခါမှာလည်း ပါတီဥက္ကဋ္ဌ ဆက်လုပ်နိုင်ပါတယ်။ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လို့ အစိုးရဖွဲ့နိုင်ရင် ဗိုလ်နေ၀င်းရဲ့ မဆလအာဏာရှင်ခေတ်ကို ပြန်ရောက်သွားသလို ဖြစ်နေတယ်။ ကြံ့ဖွံ့ လက်အောက်မှာ ရာဇ၀တ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင်ဆိုတဲ့ လူမိုက်အဖွဲ့ရှိတယ်။ မိခင်နဲ့ကလေးများစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ ဖက်ဒရေးရှင်း၊ မြန်မာ့ကြက်ခြေနီအသင်း စတာတွေကိုလည်း ဗိုလ်သန်းရွှေက ကြိုးကိုင်ထားတယ်။

ဗိုလ်သန်းရွှေရဲ့ လက်သုံးတော် စီးပွားရေးသမားတွေထဲမှာ တေဇ၊ ထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော၊ အောင်ကိုဝင်း၊ ဆပ်ခ်ျပန်း၊ မောင်ဝိတ်၊ ဌေးမြင့်၊ ခင်ရွှေ၊ ဇော်ဇော်၊ အိုက်ထွန်းနဲ့ ချစ်ခိုင်တို့က ထင်ရှားတယ်။ ဒီအထဲမှာ တေဇဟာ သြဇာအရှိန်အ၀ါ အကြီးဆုံးလို့ဆိုတယ်။ ဗိုလ်သန်းရွှေရဲ့သမီး မင်္ဂလာဆောင်ကို တေဇကပဲ အကုန်ခံတယ်လို့ ကြားရတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ဗိုလ်သန်းရွှေဟာ တေဇကိုသာ တိုင်ပင်တယ်လို့ သိရတယ်။ ဗိုလ်သန်းရွှေ ဘုရင်ရူးဖြစ်သွားအောင် ပတ်ဝန်းကျင်က ဖန်တီးပေးတာ ထင်ရှားတယ်။ အမိန့်နာခံမှုကို အဓိကထားတဲ့ စစ်တပ်ဓလေ့ ကလည်း ဘုရင်ရူးဖြစ်အောင် ထောက်ခံအားပေးသလို ဖြစ်နေတယ်။ ဂေါက်သီးမရိုက်တတ်ဘဲ ဂေါက်သီးကစားတဲ့ သန်းရွှေ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ ဘယ်ရောက်မှန်း ဘယ်သူမှမသိနိုင်ပါဘူးတဲ့။ ဒါပေမယ့် သန်းရွှေ ဘယ်လိုရိုက်ရိုက် သူ့ဂေါက်သီးဟာ ကျင်းနားမှာ အမြဲရောက်နေတာ တွေ့ရတယ်လို့ အမေရိကန်သံတမန်က မှတ်ချက်ချဖူးတယ်။ သူ့ဂေါက်သီးကို အစောင့်စစ်သားတွေက နေရာရွှေ့ပေးတဲ့အတွက် အမြဲတမ်း ကျင်းနားရောက်နေတာပါပဲ။ ဂေါက်သီးကစားရာမှာတောင် စည်းကမ်းမလိုက်နာဘဲ အာဏာပြတဲ့ မင်းဆိုးမင်းညစ် အရူးကြီးပါတကား။/span>

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)