(၁)
အာဂျီနိုမိုတိုတံဆိပ်
မူလ အဖြူရောင်
ကျွတ်ကျွတ်အိတ်
အိတ်ခွံအစလေး တစ။
ပညာရှင်များရဲ့
ပစ်မလွဲထက်မြက်မှု။
(၂)
ပထမ ၀ါက
… … … နှစ်
… … … တက္ကသိုလ်
ဒုတိယစာစား
(၇)နှစ်၊ (၅)ည
(၄)ဆောင်
တောလက်ရေး
ကွေးကွေးကောက်ကောက်။
(၃)
ငပိကြော်နံ့ မရှိတော့ပါ။
သနပ္ပင်မကျင်လှ နွားဆေးလိပ်
အစ အန ရှာမရတော့
ချစ်ခြင်းသင်္ကေတ
တက်ကြွမှုပုံရိပ်
ကုန်ဈေးနှုန်း ဂရပ်မျဉ်း
ဖိနှိပ်ခြင်း ဒီဂရီ။
(၄)
၂၁ ရာစုဝန်းကျင်
မြန်မာပြည်နဲ့
မြန်မာပြည်က လူငယ်တွေ။
(၅)
ပညာရှင်ရဲ့
လက်ဖျစ်တွက်သံက
ဖျောင်းကနဲ့ ခုန်ထွက်လာ
(၆)
ခိုင်မာသော ကောက်ချက်
ပညာရှင်ရဲ့ လက်မှတ်နဲ့တကွ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
အာဂျီနိုမိုတိုတံဆိပ်
မူလ အဖြူရောင်
ကျွတ်ကျွတ်အိတ်
အိတ်ခွံအစလေး တစ။
ပညာရှင်များရဲ့
ပစ်မလွဲထက်မြက်မှု။
(၂)
ပထမ ၀ါက
… … … နှစ်
… … … တက္ကသိုလ်
ဒုတိယစာစား
(၇)နှစ်၊ (၅)ည
(၄)ဆောင်
တောလက်ရေး
ကွေးကွေးကောက်ကောက်။
(၃)
ငပိကြော်နံ့ မရှိတော့ပါ။
သနပ္ပင်မကျင်လှ နွားဆေးလိပ်
အစ အန ရှာမရတော့
ချစ်ခြင်းသင်္ကေတ
တက်ကြွမှုပုံရိပ်
ကုန်ဈေးနှုန်း ဂရပ်မျဉ်း
ဖိနှိပ်ခြင်း ဒီဂရီ။
(၄)
၂၁ ရာစုဝန်းကျင်
မြန်မာပြည်နဲ့
မြန်မာပြည်က လူငယ်တွေ။
(၅)
ပညာရှင်ရဲ့
လက်ဖျစ်တွက်သံက
ဖျောင်းကနဲ့ ခုန်ထွက်လာ
(၆)
ခိုင်မာသော ကောက်ချက်
ပညာရှင်ရဲ့ လက်မှတ်နဲ့တကွ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment