**(စက်တင်ဘာ၂၀၊၂၀၁၀၊ထိုင်းဘာသာပြန် -ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေမှ ကီလိုမီတာ ၂၀၀ ခန့် အကွာရှိ နယ်မြေအမှတ်(၁)စမူစုန်ဘန်က ယောက်ရွာရှိခေါင်းလတ်ပဒုံချောင်းတွင်အမည်မသိမြန်မာအမျိုးသမီးအလောင်းတစ်ခုအားရွာသားများတွေ့ ရှိ ခဲ့သည်။
ပြီးခဲ့သည့် ၁၈ ရက်နေ့ နံနက်ပိုင်းကကယ်ဆယ်ရေးအဖွဲ့နှင့် စုန်ဒစ်ပတ်ဖို့လို့လားဆေးရုံမှ သူနာပြု ဆရာမများစစ်ဆေးချက်အရ၊ညာဘက်မျက်ခုံးတွင်၁လက္မခန့် ရှည်သော ဓါးဒဏ်ရာတစ်ချက်နှင့်မတော် မတရားပြုကျင့်ပြီးအသတ် ခံခြင်းဖြစ်နိုင်ကြောင်း၊နာရီ၂၀ခန့် အကွာတွင်သေဆုံးခဲ့ကြောင်း၊ ထိုင်လတ်အင်တာနက်စာမျက်နှာတွင်ရေးသားထားသည်။
သေဆုံးသူမှာ အသက်၂၅နှစ်၊အရွယ်ခန့် ရှိပြီး၊အရပ် ၁၆၅စင်တီမီတာ(၅ ပေ၄လက္မခန့်)ရှိ သည်။ ဘန်မကော်နှင့်ဒွန်ဝှေးလွော် သွားသည့်ကားလမ်းမဘေးရှိ အဆိုပါချောင်းထဲတွင်သေဆုံးနေသော
အမျိုးသမီးနှင့် ပတ်သက်၍ရွာသားများထွက်ဆိုရာတွင် စက်တင်ဘာ၁၇ ရက် ညနေ ၈နာရီခန့် က ခွေးများ
ဟောင်သံကြားလိုက်ကြရသော်လည်း၊မိုးရွာနေသဖြင့် ထွက်၍မည်သူမျှမကြည့်လိုက်ကြကြောင်းပြောဆိုကြ
သည်။
စမူစုန်ဆိုင်း ရဲစခန်းမှူးကလည်း ဤလူသတ်မှုမှာ တစ်ဦးတည်းမဖြစ်နိုင်ကြောင်း၊မြန်မာအချင်းချင်းလည်းဖြစ်နိုင်
ကြောင်း၊အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းစာတွင်ရေးသားထား
သည်။
သေဆုံးသူ၏ပိတ်ဆံအိတ်တွင်ဘတ်ငွေ ၃၈ဘတ်နှင့် ကြောဘက်တွင်မြန်မာစာရေးထိုးထားသော အမျိုးသား ဓါတ်ပုံတစ်ပုံတစ်ပုံကိုတွေ့ရှိခဲ့သည်။ခါးတွင်ကရင်အမျိုးသား/အမျိုးသမီးများသုံးလေ့သုံးထရှိသောအနီရောင်
ကြိုးတစ်ချောင်းအားလည်းတွေ့ရှိခဲ့ကြောင်းရေးသားဖေါ်ပြထားသည်။

No comments:
Post a Comment