အဲသလို နေ့စားခကောင်းအောင် သူတို့ဘာတွေ လုပ်ကြသလဲ၊ လုပ်ရသလဲဟုတ်လား။ ဖုတ်ဖရားတို့၊ အုန်းဖန်တို့မှာလိုပါပဲ။ စက်ရုံ အလုပ်ရုံ(အသေးစား)တော်တော်နည်းနည်းရှိတယ်။ အိမ်ရုံ(ခေါ်) အထည်ချုပ်ရုံအချို့၊ ကလေးကစားစရာပစ္စည်းထုတ်လုပ်ရေး စက်ရုံအချို့၊ ပြောင်းဖူးသန့်စင်ထုတ်လုပ်ရေး စက်ရုံ အချို့၊ သစ်စက်အချို့၊ တိရစ္ဆာန်မွေးမြူရေး အစားအစာထုတ်လုပ်ရေးအလုပ်ရုံနဲ့ အရောင်းဆိုင်အချို့ ရှိကြပါတယ်။ ဒီဒေသရဲ့ ထူးခြားချက်က စိုက်ပျိုးရေးလုပ်ငန်းသာမက `မွေးမြူရေးလုပ်ငန်း´ကိုပါ တွင်တွင်ကျယ်ကျယ် လုပ်နေကြောင်း ဒါက သက်သေပြတာပါပဲ။ ဘာတွေစိုက်ပျိုးကြ သလဲဆို တော့အုန်းဖန်တို့ ၊ဖုတ်ဖရာ့တို့ မှာစိုက်ပျိုးတဲ့အသီးအနှံတွေကိုစိုက်ပျိုးကြတာပါပဲ၊ဒါပေမယ့် နှင်းဆီ၊ရွှေဒဂါး၊အောင်သပြေ စတဲ့ပန်း တွေကိုတော့ သိပ်များများစားစားစိုက်ပျိုးကြတာမတွေရပါဘူး။
တာ့(ခ်)ခရိုင်မှာ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ လုပ်အားခ(၁၅၃)ဘတ် ဆိုတာလည်း သူတို့ မသိကြသလို အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ၊ HIV&AIDS ဆွေးနွေးပွဲ စသဖြင့် မြန်မာပြည်သားအဖွဲ့အစည်းတွေ ၀င်ရေးခက်တဲ့ (ပညာပေးရေး ခက်ခဲ)တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက လုပ်အားခက (မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်)တို့ဘက်မှာထက် လုပ်အားခ ပိုမိုရတာမို့၊ အလုပ်မှန်မှန်ရှိတာမို့လို့ ဒီသင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ညဘက်မှာ လုပ်ရင်တောင် လူကနည်းပါတယ်။မယ်ရမတ်မြို့နယ်မှာ မြန်မာအလုပ်သမားတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ အိမ်တွင်းမှု စတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေပြီး၊ အနည်းဆုံး လုပ်အားခ ဘတ် ၉၀ ရရှိတဲ့အတွက် အခြားတာ့(ခ်)ခရိုင်အတွင်းက မြို့နယ်တွေမှာလို လုပ်အားခနဲ့ ပတ်သက်ပြီး အလုပ်သမားပြဿနာ ပေါ်ပေါက်လာရင်တောင် ကျေးရွာလူကြီးနဲ့ မြို့နယ်ရဲစခန်း၊ တိုက်နယ်ရဲစခန်း တာဝန်ရှိသူတွေက ၀င်ရောက်ကူညီဖြေရှင်းပေးတာမို့ မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန် ဒေသတွေမှာလို တကယ်အလုပ်သမား ပြဿနာ ပေါ်ပေါက်နေရင်တောင် စောစောက အာဏာပိုင်တွေက ပါဝင်ဆောင်ရွက်နေတာမို့ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးဆိုပြီး၊ ကြွေးကြော်ဝင်ရောက်ကာ ပါဝင်ပတ်သက်ဖို့ မြန်မာပြည်သားတွေအနေနဲ့ မလွယ်ကူကြောင်းပါဗျာ။ ။
(အလျဉ်းသင့်လျှင် ဆက်လက်ဖော်ပြပါမည်)
** ခံစားတင်ပြသူ-သောင်ရင်းနဂါး( မြန်မာပြည်သား) **
ဟုတ်ကဲ့ပါခင်ဗျာ။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်၊ မယ်ရမတ်မြို့နယ် ဘက်က မြန်မာရွှေ့ပြောင်းအလုပ်သမား(၀ါ) မြန်မာစိုက်ပျိုးရေးလုပ်သားတွေအကြောင်းကို အခုအခါ တင်ပြပါမယ်။ မယ်ရမတ်မြို့နယ်ဆိုတာက မဲဆောက်မြို့ရဲ့ မြောက်ဘက် (၃၃)ကီလိုမီတာအကွာအဝေးမှာရှိပါတယ်။ ဒါက တာဆုံ(မယ်ရမတ်- ထဆောင်ယန်း)မြို့နယ်လမ်း(ခေါ်) `မယ့်စရီးယန်းလမ်းမကြီး´ ထိုင်း အတိုင်းအထွာပါ။ မယ်ရမတ်မြို့ ဘာထူးခြားလို့ အခုလိုတင်ပြရတာလဲဆိုတော့ မဲဆောက်တို့၊ ဖုတ်ဖရားတို့ မြို့နယ်တွေမှာ လို နေ့စားခ(၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀)ဘတ် စတာတွေ လောက်မကပဲ အနည်းဆုံး နေ့စားခ (၉၀၊ ၁၀၀၊ ၁၂၀၊ ၁၆၀)ဘတ် စသဖြင့် ရနေ ကြ လို့ပါပဲ။
အဲသလို နေ့စားခကောင်းအောင် သူတို့ဘာတွေ လုပ်ကြသလဲ၊ လုပ်ရသလဲဟုတ်လား။ ဖုတ်ဖရားတို့၊ အုန်းဖန်တို့မှာလိုပါပဲ။ စက်ရုံ အလုပ်ရုံ(အသေးစား)တော်တော်နည်းနည်းရှိတယ်။ အိမ်ရုံ(ခေါ်) အထည်ချုပ်ရုံအချို့၊ ကလေးကစားစရာပစ္စည်းထုတ်လုပ်ရေး စက်ရုံအချို့၊ ပြောင်းဖူးသန့်စင်ထုတ်လုပ်ရေး စက်ရုံ အချို့၊ သစ်စက်အချို့၊ တိရစ္ဆာန်မွေးမြူရေး အစားအစာထုတ်လုပ်ရေးအလုပ်ရုံနဲ့ အရောင်းဆိုင်အချို့ ရှိကြပါတယ်။ ဒီဒေသရဲ့ ထူးခြားချက်က စိုက်ပျိုးရေးလုပ်ငန်းသာမက `မွေးမြူရေးလုပ်ငန်း´ကိုပါ တွင်တွင်ကျယ်ကျယ် လုပ်နေကြောင်း ဒါက သက်သေပြတာပါပဲ။ ဘာတွေစိုက်ပျိုးကြ သလဲဆို တော့အုန်းဖန်တို့ ၊ဖုတ်ဖရာ့တို့ မှာစိုက်ပျိုးတဲ့အသီးအနှံတွေကိုစိုက်ပျိုးကြတာပါပဲ၊ဒါပေမယ့် နှင်းဆီ၊ရွှေဒဂါး၊အောင်သပြေ စတဲ့ပန်း တွေကိုတော့ သိပ်များများစားစားစိုက်ပျိုးကြတာမတွေရပါဘူး။
တာ့(ခ်)ခရိုင်မှာ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ လုပ်အားခ(၁၅၃)ဘတ် ဆိုတာလည်း သူတို့ မသိကြသလို အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ၊ HIV&AIDS ဆွေးနွေးပွဲ စသဖြင့် မြန်မာပြည်သားအဖွဲ့အစည်းတွေ ၀င်ရေးခက်တဲ့ (ပညာပေးရေး ခက်ခဲ)တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက လုပ်အားခက (မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်)တို့ဘက်မှာထက် လုပ်အားခ ပိုမိုရတာမို့၊ အလုပ်မှန်မှန်ရှိတာမို့လို့ ဒီသင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ညဘက်မှာ လုပ်ရင်တောင် လူကနည်းပါတယ်။မယ်ရမတ်မြို့နယ်မှာ မြန်မာအလုပ်သမားတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ အိမ်တွင်းမှု စတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေပြီး၊ အနည်းဆုံး လုပ်အားခ ဘတ် ၉၀ ရရှိတဲ့အတွက် အခြားတာ့(ခ်)ခရိုင်အတွင်းက မြို့နယ်တွေမှာလို လုပ်အားခနဲ့ ပတ်သက်ပြီး အလုပ်သမားပြဿနာ ပေါ်ပေါက်လာရင်တောင် ကျေးရွာလူကြီးနဲ့ မြို့နယ်ရဲစခန်း၊ တိုက်နယ်ရဲစခန်း တာဝန်ရှိသူတွေက ၀င်ရောက်ကူညီဖြေရှင်းပေးတာမို့ မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန် ဒေသတွေမှာလို တကယ်အလုပ်သမား ပြဿနာ ပေါ်ပေါက်နေရင်တောင် စောစောက အာဏာပိုင်တွေက ပါဝင်ဆောင်ရွက်နေတာမို့ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးဆိုပြီး၊ ကြွေးကြော်ဝင်ရောက်ကာ ပါဝင်ပတ်သက်ဖို့ မြန်မာပြည်သားတွေအနေနဲ့ မလွယ်ကူကြောင်းပါဗျာ။ ။
(အလျဉ်းသင့်လျှင် ဆက်လက်ဖော်ပြပါမည်)
** ခံစားတင်ပြသူ-သောင်ရင်းနဂါး( မြန်မာပြည်သား) **

No comments:
Post a Comment