(မြူးနစ်၊ စက်တင်ဘာလ ၁၂-ရက်)
ဂျာမနီအသင်း တိုက်စစ်မှူး မီရိုဆလတ်ကလိုဆေးက သူ့အနေနဲ့ ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအထိ ပါဝင်ကစားဖို့ မျှော်လင့်ထားပါတယ်လို့ ဂျာမနီအသင်းရဲ့ ယူရို ၂၀၁၂ ခြေစစ်ပွဲမကစားမီ ပြောကြားခဲ့သည်။ (အင်တာနက်)
** အင်္ဂလန်နည်းပြ ကာပယ်လို ယူရို ၂၀၁၂ ပြီးလျှင် နုတ်ထွက်မည် **
(လန်ဒန်၊ စက်တင်ဘာလ ၁၂-၇က်)
ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲပြီးလျှင် အင်္ဂလန်နည်းပြအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း အင်္ဂလန်နည်းပြ ကာပယ်လိုက အတည်ပြုပြောကြားသည်။ (အင်တာနက်)
** တိုက်စစ်မှူး အနယ်လ်ကာ ပြင်သစ်အသင်းမှ အနားယူပြီ **
(ပါရီ၊ စက်တင်ဘာလ ၁၂-ရက်)
ပြင်သစ်တိုက်စစ်မှူး အနယ်လ်ကာသည် နိုင်ငံ့လက်ရွေးစင် ဘောလုံးကစားခြင်းမှ အနားယူလိုက်ပြီဖြစ်ကြောင်း ၄င်းက အတိအလင်း ပြောကြားလိုက်သည်။ (အင်တာနက်)
** ဘယ်လ်ဂျီယံတင်းနစ်မယ် ကလစ္စတား ယူအက်စ်အိုးပင်းတင်းနစ် သုံးထပ်ကွမ်း ချန်ပီယံဖြစ်လာ **
(နယူးယောက်၊ စက်တင်ဘာလ ၁၂-ရက်)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ကလစ္စတားက ရုရှားတင်းနစ်မယ် ဗီရာဇဗွန်နာရေးဗားအား ၅၉ မိနစ်ကြာကစားပြီးနောက် ချန်ပီယံဆုဖလားဆွတ်ထူးနိုင်ခဲ့သည်။ အသက် ၂၇ နှစ်ရှိ ဘယ်လ်ဂျီယံတင်းနစ်မယ် ကလစ္စတားသည် ယင်းပြိုင်ပွဲ ၆-၂၊ ၆-၁၊ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကလေးမိခင်ဖြစ်သည့် ကလစ္စတားသည် ယူအက်စ်အိုးပင်းဖလားကို ၂၀၀၅ ခုနှစ်ကလည်း ဖလားဆွတ်ခူးနိုင်ခဲ့သည်။ ၄င်းသည် ၂၀၀၉ ခုနှစ်တွင်လည်း ဖလားဆွတ်ခူးနိုင်ခဲ့သဖြင့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၏ သုံးထပ်ကွမ်းချန်ပီယံဖြစ်လာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မြင့်မောင်စိုး **
** ဂျာမနီတိုက်စစ်မှူး ကလိုဆေး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအထိ ကစားရန်မျှော်လင့် **

No comments:
Post a Comment