သစ်ပင်တွေရဲ့ ခေါင်းအပေါ်
တောင်တွေရဲ့ ကျောအပေါ်
မြေပြင်ရဲ့ ရင်ခွင်အပေါ်
စိတ်လိုလက်ရ ခုန်ခုန်ချနေကြတယ်။
အဲ့ဒီမိုးစက်တွေကို ငါတို့တတွေက
`မိုးကာ´ `စိတ်ဓာတ်´တွေနဲ့
ချော့မော့ထားလိုက်ကြတယ်။
တောင်ဆင်း တောက်တက်
မိုးစက်၊ ချွေးစက်၊ အေးစက်တုန်ရီ
မိုးထဲမှာ မီးဖြစ်အောင်မွှေး
နွေးအောင်ကြံဆ
သဘာဝကို ပြုပြင်
ယဉ်ကျေးတဲ့ ခေတ်တခေတ်ဆီ ခရီးမှာ
မိုးကိုလဲ မိတ်ဆွေဖွဲ့ရမယ်။
ချောင်းရေကျပြီလား
အဟန့်အတားတော့ ဖြစ်စေရဲ့
ချောင်းအတက် တောင်ထိပ်ဆီက
အိမ်ကြက်တွန်သံကြားရ
စခန်းချမဲ့ရွာ၊ လာ… တောင်ကျချောင်းကို ဖြတ်ကြမယ်။
(တောထဲက `မိုး´ရက်များ… သို့)
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများကဗျာစာအုပ်မှ)
** ၇ ဒီဇင်ဘာလ ၁၉၉၉၊ ဟွေကျုံစခန်း **
မိုးစက်တွေက
သစ်ပင်တွေရဲ့ ခေါင်းအပေါ်
တောင်တွေရဲ့ ကျောအပေါ်
မြေပြင်ရဲ့ ရင်ခွင်အပေါ်
စိတ်လိုလက်ရ ခုန်ခုန်ချနေကြတယ်။
အဲ့ဒီမိုးစက်တွေကို ငါတို့တတွေက
`မိုးကာ´ `စိတ်ဓာတ်´တွေနဲ့
ချော့မော့ထားလိုက်ကြတယ်။
တောင်ဆင်း တောက်တက်
မိုးစက်၊ ချွေးစက်၊ အေးစက်တုန်ရီ
မိုးထဲမှာ မီးဖြစ်အောင်မွှေး
နွေးအောင်ကြံဆ
သဘာဝကို ပြုပြင်
ယဉ်ကျေးတဲ့ ခေတ်တခေတ်ဆီ ခရီးမှာ
မိုးကိုလဲ မိတ်ဆွေဖွဲ့ရမယ်။
ချောင်းရေကျပြီလား
အဟန့်အတားတော့ ဖြစ်စေရဲ့
ချောင်းအတက် တောင်ထိပ်ဆီက
အိမ်ကြက်တွန်သံကြားရ
စခန်းချမဲ့ရွာ၊ လာ… တောင်ကျချောင်းကို ဖြတ်ကြမယ်။
(တောထဲက `မိုး´ရက်များ… သို့)
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများကဗျာစာအုပ်မှ)
** ၇ ဒီဇင်ဘာလ ၁၉၉၉၊ ဟွေကျုံစခန်း **
No comments:
Post a Comment