(ဆစ်ဒနီ၊ စက်တင်ဘာလ ၁၆-ရက်)
သြစတြေးလျနိုင်ငံတွင် အမြန်ဆုံးစံချိန်တင် ပြေးနိုင်ခဲ့သည့် မာရသွန်အပြေးသမားတစ်ဦးသည် မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ပြေးရန် သြစတြေးလျနိုင်ငံအလယ်ပိုင်းရှိ ကြီးမားသော သဲကန္တာရကြီးတစ်ခုအတွင်း စက်တင်ဘာလ ၁၄-ရက်နေ့က ပြင်ဆင်လေ့ကျင့်လျက်ရှိကြောင်း သြစတြေးလျ မီဒီယာများက ဖော်ပြသည်။ အဆိုပါ မာရသွန်အပြေးသမား၏ အမည်မှာ ပတ်ဖားမားဖြစ်သည်။ ၄င်းပြေးမည့် ခရီးမိုင်မှာ ၁၃၀၀၀ (ကီလိုမီတာ ၂၁၀၀၀)မိုင်ရှိသည်။ မာရသွန်အပြေးသမားသည် လာမည့်နှစ် မတ်လတွင် မြောက်ဝင်ရိုးစွန်းမှ စတင်ပြေးမည်ဖြစ်ကြောင်း အမေရိကန်ရှိ နိုင်ငံပေါင်း ၁၄-နိုင်ငံသို့ ဖြတ်သန်းပြေးမည်ဖြစ်ကြောင်း သိရသည်။ အသက် ၄၈ နှစ်အရွယ်ရှိ ပတ်ဖားမားသည် မြောက်ဝင်ရိုးစွန်းတွန်ဒရာရေခဲပြင်မှ စတင်ပြေးမည်ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် တစ်ရက်လျှင် အနည်းဆုံးကီလိုမီးတာ ၈၀ ပြေးမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ကနေဒါ၊ အမေရိကန်၊ မက္ကဆီကိုနှင့် တောင်အမေရိကနိုင်ငံ ၁၀-နိုင်ငံကို ဖြတ်ကျော်ပြေးမည်ဖြစ်ကြောင်း အာဂျင်တီးနားရှိ တောင်ဝန်ရိုးစွန်းတွင် ခရီးစဉ်ပြီးဆုံးလိမ့်မည်ဖြစ်ကြောင်း၊ ခရီးစဉ်ကြာချိန် ၁၁-လခန့် မှန်းထားကြောင်း အဆိုပါ မီဒီယာက ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီတွင် ကုန်တင်အားနှင့် ကျောင်းကားတိုက် ကျောင်းသား ကျောင်းသူ ၁၇ ဦးဒဏ်ရာရ **
(ဘာလင်၊ စက်တင်ဘာလ ၁၆-ရက်)
ဂျာမနီနိုင်ငံ ဘာလင်မြို့ ဒတ်ဆန်ပြည်နယ်တွင် စက်တင်ဘာလ ၁၅-ရက်နေ့က ကုန်တင်ကားတစ်စီးနှင့် ကျောင်းကားတစ်စီး တိုက်မိခဲ့ရာ ကျောင်းသား ကျောင်းသူ ၁၇-ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မှာပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ဆင်ဟွာ)
** နိုင်ဂျီးရီးယား၌ ကျေးရွာ ၂၃ ရွာ ရေနစ်မြုပ် အနည်းဆုံး ၄၈ ဦးသေဆုံး၊ အချို့ပျောက်ဆုံး **
(ဆိုကိုတို(နိုင်ဂျီးရီးယား) စက်တင်ဘာလ ၁၆-ရက်)
နိုင်ဂျီးရီးယားနိုင်ငံ ဆိုကိုတိုပြည်နယ်မြောက်ပိုင်း၌ ကျေးရွာ ၂၃-ရွာရေကြီးနစ်မြုပ်ခဲ့၍ အနည်းဆုံး ၄၈-ဦး သေဆုံးပြီး ၃၅၀၀၀ ကျော် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း စက်တင်ဘာလ ၁၆-ရက်နေ့က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် အချို့သော ဒေသခံပြည်သူများမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးများ ပို၍များပြားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ (ဆင်ဟွာ)
** ကားလ်ဟာရီကိန်းမုန်တိုင်း မက္ကဆီကိုပင်လယ်ကွေ့သို့ ဦးတည်တိုက်ခတ် **
(မက္ကဆီကိုစီးတီး၊ စက်တင်ဘာလ ၁၆-ရက်)
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်လျက်ရှိသော ဟာရီကိန်းမုန်တိုင်းကားလ်သည် စက်တင်ဘာလ ၁၆-ရက်နေ့က မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်သို့ ၀င်ရောက်ခဲ့ပြီး မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း အမေရိကန်ဟာရီကိန်းဌာနက စက်တင်ဘာလ ၁၆-ရက်နေ့တွင် ကြေညာသည်။ အဆိုပါ မုန်တိုင်းသည် စက်တင်ဘာလ ၁၆-ရက်နေ့က မက္ကဆီကိုနိုင်ငံ ကမ်ပါချီဒေသမှ အနောက်တောင်ဘက် မိုင် ၅၀-အကွာ၌ ရှိနေပြီး တစ်နာရီမိုင် ၄၀-နှုန်းဖြင့် မက္ကဆီကို ပင်လယ်ကွေ့ဆီသို့ ဦးတည်တိုက်ခတ်နေကြောင်း၊ ၄င်းမုန်တိုင်းသည် ပင်လယ်ကွေ့အတွင်းရှိ ရေနံတူးစင်များကို ခြိမ်းခြောက်လျက်ရှိကြောင်း အမေရိကန် ဟာရီကိန်းဌာနက ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ **
** သြစတြေးလျ မာရသွန်အပြေးသမား မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ပြေးမည် **

No comments:
Post a Comment