မော်စကိုမြို့၏ တစ်ခုသော အရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး ဘီယာတစ်ခွက်မှာသည်။ ဘောက်ချာပေးရန်လည်း ပြောသည်။
ထိုအခါ စားပွဲထိုးက ဘီယာလာချသည်။
`နှစ်ဆယ့်ခုနစ်ရူဘယ် ကျပါတယ်ခင်ဗျာ´ ဟု ပြောလိုက်သဖြင့် လူကြီးသည် အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့နှစ်ဆယ့်ခုနစ်စေ့ကို ထုတ်လိုက်ပြီး စားပွဲထိုးလေး၏လက်မအပ်ဘဲ ဘားကောင်တာရှိရာ ပစ်ပေးလိုက်သည်။ ပိုက်ဆံအကြွေစေ့များ ပြန့်ကျဲသွားသည်။ ဘားမင်း၏မျက်နှာ ဒေါသရောင်သန်းသွားသည်။ သို့သော် ထိုလူကြီးကို မည်သို့မျှ ပြန်မပြောပေ။ ပိုက်ဆံများကို လိုက်လံကောက်သိမ်းသည်။ စိတ်ထဲကတော့ လုံးဝမကျေနပ်။
နောက်တစ်နေ့တွင် ထိုလူကြီး ရောက်လာပြန်ပြီး ဘီယာမှာသည်။
၂၇ ရူဘယ်ပင် ကျသင့်လေရာ အိတ်ထဲမှ ငါးဆယ်ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကိုထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။ ထိုအခါ ဘားမင်းက…
`ဒီလူကြီးကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်´ဟု တွေးလိုက်မိပြီး ပြန်အမ်းငွေ နှစ်ဆယ့် သုံးရူဘယ်အား အကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက် `ရော့… ပြန်အမ်းငွေ´ဟု ပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။ ပိုက်ဆံအကြွေစေ့များ ပြန့်ကျဲသွားသည်။
ထိုအခါ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားလိုက်ပြီး ချက်ချင်းပင် အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့လေးစေ့ထုတ်ကာ ပစ်ပေးလိုက်ပြီး ဘားမင်းကို လှမ်းပြောလိုက်သည်မှာကား…
`နောက်ထပ် ဘီယာတစ်ခွက်´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment