**ဟိုလမ်းကဝေးတယ် ဒီလမ်းကနီးတယ်
ဒီလမ်းကဝေးတယ် ဟိုလမ်းကနီးတယ်...ဆိုပြီး
ရရာအပေါက်က၀င်မယ့် အမတ်တို့ရေ...
ချွှတ်ချော်နေတဲ့၂၀၀၈ ဖွဲ့စည်းပုံထဲ
မျက်စိကိုမှိတ် နားတွေပိတ်ကာ
ဇွတ်အတင်းဝင်ခုန်ဆင်းပြီး
လွတ်တော်မှာဇွတ်အော်ဘို့မကြိုးစားလိုက်ကြပါနဲ့
ပြေးမကြည့်နဲ့ တွေးကြည့်တာနဲ့သိနေပါတယ်
ရွေးကောက်ပွဲလား ဒူးထောက်ပွဲလား...ဆိုတာ
ရုဒ်မက်စ်ရဲ့ ဒီလမ်းဟာ
ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွတ်မယ့်လမ်း
ရုဒ်မက်စ်ရဲ့ ဒီလမ်းဟာ
ပြည်သူအများ မကြိုက်တဲ့လမ်း
ရုဒ်မက်စ်ရဲ့ ဒီလမ်းဟာ
အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့်လမ်း
ရုဒ်မက်ဒ်ရဲ့ ဒီလမ်းဟာ
အနာဂတ်သမိုင်းတရားခံ ရွေးချယ်မယ့်လမ်း
ဟိုလမ်းနီးနိုးနိုး ဒီလမ်းနီးနိုးနိုး အထင်နဲ့
ကိုယ့်လမ်းတော့ကိုယ် မနီးလိုက်ကြပါနဲ့...အမတ်တို့ရေ
ဒီအချိန်မှာ...အမှန်တရားတွက်မရပ်တည်ရဲတောင်
အမှားလုပ်နေသူတွေအပေါ် ထောက်မခံမိဘို့အရေးကြီးပါတယ်
ကဲ...ရှေ့ဆက်
ခင်ဗျား ကျနော် လက်ချင်းဆက်ြ့ပီး
ရွေးကောက်ပွဲမ၀င်ရေး.........ဒို့ အရေး
၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး........ဒို့ အရေး
ဆန္ဒမဲ မပေးရေး........ဒို့ အရေး
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး......ဒို့ အရေး
ကြားဖြတ်အစိုးရပေါ်ပေါက်ရေး........ဒို့ အရေး
ဒီမိုကရေစီရရှိရေး........ဒို့ အရေး
လူ့အခွင့်ရေး ရရှိရေး......ဒို့ အရေး
သပိတ် သပိတ်.....မှောက်....မှောက်
အရေးတော်ပုံ.....အောင်ရမည်
အရေးတော်ပုံအောင်ရမည်။ ။
**အမေ့သား**

No comments:
Post a Comment