(လန်ဒန်၊ စက်တင်ဘာလ ၂၃-ရက်)
သင်္ဘောမည်က တိုင်တန်းနစ် ဒီသင်္ဘောကြီးဟာ ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောကြီးပါ။ တိုင်တန်းနစ်သင်္ဘောကြီး နစ် မြုပ်ခဲ့တာဟာဖြင့် နှစ်ပေါင်း ၁၀၀ နီးပါး ရှိသွားခဲ့ပါပြီ။ ဒါပေမယ့်လည်း သင်္ဘောကြီးနဲ့ ဆက်နွှယ်နေသူတွေ၊ သင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသွားဧည့်သည်တွေရဲ့ မိသားစုတွေကတော့ သတိတရရှိနေဆဲပါ။ အထူး သဖြင့် ဒီသင်္ဘောကြီးနစ်မြုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးတင်ဆက်လိုက် ချိန်မှာတော့ ကမ္ဘာသိသင်္ဘောနစ်မြုပ်မှုကြီး ဖြစ်သွားပါတော့တယ်။ သင်္ဘောကြီးရဲ့ အမည်အပြည့်အစုံက တော့ RMS Titanic ဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၀-ရက်နေ့မှာ အင်္ဂလန်နိုင်ငံ တောင်ပိုင်း ဆောက်သမ်ပတန်မြို့ ဆိပ်ကမ်းကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆီသို့ ဦးတည်ထွက် ခွာခဲ့ပါတယ်။ သင်္ဘောကြီးနဲ့အတူ ခရီးသည် ၁၅၀၀ ကျော် လိုက်ပါခဲ့ကြပါတယ်။ ဒီတိုင်တန်းနစ်သင်္ဘော ကြီးဟာ ကမ္ဘာ့အကြီးဆုံးခရီးသည်တင် သင်္ဘောကြီးဖြစ်ပါတယ်။ တိုင်တန်းနစ်သင်္ဘောကြီးဟာ အင်္ဂလန်ကနေ နယူးယောက်သို့ ပထမဆုံးသွား ရောက်တဲ့ ရေလမ်းခရီးဖြစ်ပါတယ်။
ဒီသင်္ဘောကြီးဟာ ထိုခေတ်က အလှပဆုံး၊ အကောင်းဆုံး ဇိမ်ခံသင်္ဘောကြီးဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်ရေးအင်ဂျင်နီယာတွေက အခိုင်ခံဆုံးဖြစ်အောင်လည်း တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်တန်းနစ်သင်္ဘောကြီးဟာ ဆောက်သမ်ပတန်မြို့က ထွက်လာပြီး လေးရက်အကြာမှာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အလွန်ကြီးများတဲ့ ရေခဲစိုင်တုံးကြီးကို ၀င်တိုက်မိပြီးနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောမောင်းတဲ့ မာလိန်မှူး ရောဘတ်ဟစ်ချင်းစ်ဆိုသူဟာ ဒီရေခဲစိုင်တုံးကြီးကို ပြတ်ပြတ်သားသားတွေ့လိုက်ရပါတယ်။ ဒါပေမယ့်လည်း သူဟာ သင်္ဘောစတီယာရင်ကို ဘယ်ဘက်လှည့်ရမည့်အစာ်း ညာဘက်ကိုလှည့်လိုက်တဲ့အတွက် သင်္ဘောကြီးဟာ ရေခဲစိုင်တုံးကြီးဆီသို့ တည့်တည့်ဝင်သွားခဲ့ပါတယ်။ မာလိန်မှူး ဟစ်ချင်းစ်ရဲ့ မှားယွင်းပြီး စတီယာရင်လှည့်မိတာကို ပထမတန်းသင်္ဘောသားအရာရှိ ၀ီလျံကသိလိုက်ပေမယ့် အလွန်နောက်ကျသွားပါပြီ။ အရှိန်နဲ့ ပြေးနေတဲ့ တိုင်တန်းနစ်ဟာ ရေခဲစိုင်တုံးကြီးကို ၀ုန်းခနဲဝင်တိုက်မိပြီး နာရီပိုင်းအတွင်း သင်္ဘောကြီးလည်း နစ်မြုပ်သွားပါတော့တယ်။ ။ (အင်တာနက်)
** ကမ္ဘာမြေကို အကျိုးပြုနေသော ဂြိုဟ်တုများ **
(နာဆာ၊ စက်တင်ဘာလ၊ ၂၃-ရက်)
ညအခါကောင်းကင်ယံမှာ သွားလာနေကြတဲ့ ဂြိုဟ်တုတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီဂြိုဟ်တုတွေ ဘယ်နိုင်ငံက လွှတ်နေကြတာလဲ၊ ဘယ်တုန်းက လွှတ်ခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လွှတ်နေတာလဲ၊ အခု အာကာသထဲမှာ ဂြိုဟ်တုတွေ ဘယ်လောက်များရှိနေမလဲ စတဲ့အချက်တွေက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဂြိုဟ်တုတွေကို ကိုယ်ပိုင်ဒုံးပစ်စင်တွေ၊ ဒုံးပျံတွေနဲ့ လွှတ်တင်နိုင်တဲ့နိုင်င်ငံတွေက နိုင်ငံပေါင်း ၁၁-နိုင်ငံ ရှိသွားပြီတဲ့။ အဲဒီအထဲမှာ အီရန်နိုင်ငံက နောက်ဆုံး ၁၁-နိုင်ငံမြောက် လွှတ်တင်ခဲ့တဲ့ နိုင်ငံပါပဲ။ အခြားကျန်နိုင်ငံတွေကတော့ ဆိုဗီယက်ပြည်ထောင်စု (ယခုရုရှား)၊ အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အစ္စရေးနဲ့ အီရတ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ပထမဆုံး အာကာသဂြိုဟ်တု လွှတ်တင်နိုင်တဲ့ နိုင်ငံကတော့ ဆိုဗီယက်ပြည်ထောင်စု ဖြပ်ပါတယ်။ ယခုအခါမှာတော့ ရုရှားနိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ စပွန်းနစ်-၁ (Sputnik-1)လို့ခေါ်တဲ့ ဂြိုဟ်တုကို Old Nurnber Seven ဒုံးပျံနဲ့ ဘိုင်ကိုနော့ဗ်အာကာသစခန်းမှ ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄-ရက်က လွှတ်တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဂြိုဟ်တုဟာ ဘတ်စကက်ဘောလုံးအရွယ်မျှသာ ရှိတယ်လို့ ဆိုပါတယ်။ အလွန်ငယ်တဲ့ ဂြိုဟ်တုလေးပါ။ ဒါပေမယ့် အာကာသထဲကို ပထမဆုံးလွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုဖြစ်ပါတယ်။ (အင်တာနက်)
** အိန္ဒိယမြောက်ပိုင်း၌ ရေကြီး၍ ၁၇-ဦးသေဆုံး လူပေါင်း နှစ်သန်းခန့် ဘေးလွတ်ရာပြောင်းရွှေ့ **
(နယူးဒေလီ၊ စက်တင်ဘာလ ၂၃-ရက်)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ စက်တင်ဘာလ ၂၃-ရက်နေ့က မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် အနည်းဆုံး ၁၇-ဦးသေဆုံးခဲ့ရကြောင်း၊ ထောင်ပေါင်းများစွာသော ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ လူပေါင်းနှစ်သန်းခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် အိန္ဒိယမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်အတွင်း မြစ်ရေကြီးခဲ့ကြောင်း၊ မြစ်ရေကြီးစဉ် နေအိမ်ထောင်ပေါင်းများစွာ မျောပါသွားခဲ့သဖြင့် အနည်းဆုံး ၁၇-ဦးသေဆုံးခဲ့ရကြောင်း ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဒီဝါကာထရိုင်ပါတီက ပြောကြားသည်။ (အင်တာနက်)
** နယူးဇီလန်တွင် ဝေလငါးကောင်ရေ ၈၀ ဒုတိယအကြိမ် သောင်တင်ပြန် **
(၀ယ်လင်တန်၊ စက်တင်ဘာလ ၂၃-ရက်)
နယူးဇီလန်နိုင်ငံမြောက်ပိုင်း၌ ဝေလငါးအကောင် ၈၀ သောင်တင်နေကြောင်း၊ ယင်းမှာ ယခုလအတွင်း ဒုတိယအကြိမ် သောင်တင်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၃-ရက်နေ့က နယူးဇီလန် တာဝန်ရှိသူများက ပြောကြားသည်။ သြဂုတ်လလ်က ကာရီတာရီကမ်းခြေတွင်လည်း ဝေလငါး ၅၈ ကောင်သောင်တင်ခဲ့ကြောင်း လူပေါင်းရာချီ၍ ကူညီပေးမှုကြောင့် အသက်ရှင်ခဲ့ပြီး ကိုးကောင်သာ သေဆုံးခဲ့ကြောင်း ၄င်းက ပြောသည်။ နယူးဇီလန်နိုင်ငံသည် ဝေလငါးအများဆုံး နေထိုင်ကျက်စားရာနိုင်ငံဖြစ်သည်။ စက်တင်ဘာလတွင် အတ္တလန္တိတ်သမုဒ္ဒရာမှ လှိုင်းများနှင့်အတူ ရောက်ရှိလာကြသည်ဟုဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** တိုင်တန်းနစ်သင်္ဘောကြီး ဘာကြောင့် နစ်မြုပ်ခဲ့ရသလဲ **

No comments:
Post a Comment