အဲဒီလို စိုက်ကြပျိုးကြတော့ ဖုတ်ဖရားမြို့နယ်ထဲမှာ မြန်မာပြည်က လယ်သမားအများစု (ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်)တွေဘက်ကအပြင် အခြားပြည်နယ်နဲ့ တိုင်းတွေဘက်ကလည်း ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာကြ တာရှိပါတယ်။ လုပ်အားခကတော့ တစ်နေ့ (၅၀၊ ၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀)ဘတ်စသဖြင့် ထိုင်းကျေးရွာလူကြီး၊ မျှော့(ခေါ်) မုံကျေးရွာလူကြီးတွေက ကောင်းရင်ကောင်းသလို လုပ်အားခ (နေ့စားခ)ဈေးကောင်းကြပါတယ်။ ဒါပေမယ့် မြန်မာစိုက်ပျိုး ရေးအလုပ်သမားအများစုကတော့ တစ်နေ့ကိုနေ့စားခ (၁၅၃)ဘတ် ဆိုတဲ့ တာ့(ခ်)ခရိုင်အတွင်း လုပ်အားခ သတ်မှတ်စံနှုန်း နဲ့ ဝေးကွာနေကြဆဲပါပဲ။ ဒီကြားထဲမှာ အရွယ်မရောက်သေးတဲ့ (၀ါ) ကျောင်းနေအရွယ် ကလေးအလုပ်သမား အများအပြား ဟာလည်း ဒီမြို့နယ်ထဲမှာရှိပြီး
လူကြီးအလုပ်သမားတွေနဲ့ လုပ်အားခတန်းတူ မရကြပါဘူး။ ဒီကြားထဲ အလုပ်ရှင်တွေက ဘာလက်မှတ်မှလုပ်မပေးကြဘဲ ဒီအတိုင်း ဘလိုင်းခိုင်းစေခံရတဲ့ လက်မှတ်မဲ့ အလုပ်သမားအများဆုံးရှိတဲ့ မြို့နယ်တစ်ခု ပါပဲ။ (ဥပမာ- အလုပ်သမား ၃၀-ရှိတဲ့ လုပ်ငန်းခွင်တစ်ခုဆိုကြပါစို့။ အဲဒီစိုက်ခင်းလုပ်ငန်းမှာ `၀ဏ္ဏ´လို့ခေါ်တဲ့ အလုပ်ကြပ် တစ်ဦး(၀ါ) အလုပ်ကြပ် ၂-ဦးလောက်ကိုပဲ အလုပ်သမားလက်မှတ်လုပ်ပေးပြီး ကျန်တဲ့ အလုပ်သမားတွေကို ဘာလက်မှတ် မှ မရှိဘဲ ခိုင်းစေလာတာဟာ (၁၀)စုနှစ် တစ်ခုထက်မနည်းတော့ပါဘူး။ အလုပ်သမားလက်မှတ်မရှိကြတဲ့ အခါမှာ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သိကြတဲ့အတိုင်း ပေါ့ဗျာ။ ကျန်းမာရေးမကောင်းရင် နီးစပ်ရာ ကျေးလက်ကျန်း မာရေးဌာန ကို မသွားနိုင်ပဲ (ပုလိပ်ဖမ်းမှာ ကြောက်လို့လေ) `ရမ်းကု´(၀ါ) `အပ်ပုန်း´တွေရဲ့ မတန်တဆတောင်းတဲ့ ဆေး ဖိုးရယ်၊ မကု တတ် ကုတတ်နဲ့ ဘာမှ တာဝန်မယူတဲ့ ကုသမှုရယ်တွေနဲ့ ထိပ်တိုက်တိုး တော့တာပဲလေ။
ဒါ့အပြင် အလုပ်သမားလက်မှတ်တို့ ဘာတို့ သူတို့မှာ မရှိတဲ့အခါမှာ `သိမ်ငယ်စိတ်´ တွေကလည်း ရှိကြပြီး အခုရ နေတဲ့ လုပ်အားခ (၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀)ဘတ်စတာတွေကပဲ တကယ့်ရပိုင်ခွင့်တွေလိုလို ဘာလိုလိုထင်လာကြတယ် လေ။ ပြီးတော့ အလုပ်ရှင်တွေကိုလည်း `သူဌေး၊ သူဌေး´ `သူဌေးမ၊ သူဌေးမ´ဆိုပြီး လိုသည်ထက် ပိုမိုစွာ ရိုသေလေးစား ပြကြတော့ တာပါပဲ။ အလုပ်ရှင်က မမှန်ရင်လည်း ပြန်မပြောရဲကြပဲ `၀ဏ္ဏ (အလုပ်ကြပ်)´ဖြစ်တဲ့ မြန်မာပြည်သား၊ လူရည် လည်သူကိုပဲ အပြစ်တင်စရာရှိရင် အပြစ်တင်ကြတော့တာပါပဲ။ အဲဒီမှာ မြန်မာပြည်သားအချင်းချင်း မျက်နှာချင်းဆိုင်ကြ တော့တာပါပဲ။ အခုဆိုရင် ဟောဒီ ဖုတ်ဖရားမြို့နယ်အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၀ါ) မြန်မာစိုက်ပျိုး ရေးလုပ် သား ၇၀၀၀၀ လောက် ရောက်ရှိလုပ်ကိုင် ရှာဖွေစားသောက်နေကြောင်းပါဗျာ။
(အလျဉ်းသင့်လျှင် ဆက်လက်တင်ပြပါမည်)
**ခံစားတင်ပြသူ - သောင်ရင်းနဂါးနှင့် ဓူဝံ (ဖုတ်ဖရား) ပူးတွဲတင်ပြမှု**
မင်္ဂလာခင်ဗျာ… ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့ တောင်ဘက်မှာ ဖုတ်ဖရားမြို့ ဆိုတာ ရှိပါတယ်။ ဒီမြို့နယ်ထဲ မှာ ဒီကနေ့ ဒီအခါ မိုးရာသီမှာ မြန်မာပြည်မှာတော့ လယ်သမား (အခုတော့- ထိုင်းနိုင်ငံမှာဆိုတော့ကာ မြန်မာစိုက်ပျိုးရေး လုပ်သား)တွေဟာ ပဲ၊ ပြောင်း၊ အာလူး၊ သင်္ဘော၊ ငှက်ပျော၊ ကြက်သွန်၊ ခရမ်းချဉ် စတဲ့ စားပင်သီးပင်တွေကို စိုက်ပျိုးကြ ချိန်ဖြစ်သလို ကုလားပန်း(ခေါ်)ရွှေဒင်္ဂါးပန်း၊ အောင်သပြေပန်းစတဲ့ ဘုရားတင်ပန်းတွေကိုလည်း စိုက်ပျိုးတဲ့ကာလ ဖြစ်နေပါ တယ်။ အချို့နေရာတွေမှာ စက်သုံးဆီထုတ်ဖို့ `ကြံ´စိုက်ကြတာရယ်၊ ကီလိုပက်ကျေးရွာနဲ့ မော်ကဲကျေးရွာဘက်တွေမှာ တစ်နှစ်ပတ်လုံး ငှက်ပျောစိုက်ပျိုးတာရယ်၊ ၃၇-ကီလိုမီတာကျေးရွာဘက်မှာ တစ်နှစ်ပတ်လုံး မုံလာစိုက်ပျိုးတာရယ်၊ ပခါးမိုင်၊ ပခါးကောင်၊ ပါဝိုင်၊ ပါခယ်၊ ချီဘာဘိုကျေးရွာဘက်တွေမှာ တစ်နှစ်ပတ်လုံး လွှေ့စိုက်ပျိုးကြတာရယ် စသဖြင့် တစ်နှစ်ပတ်လုံး သီးနှံတစ်မျိုးထဲကိုပဲ အဓိကထား စိုက်ပျိုးကြတာတွေလည်း ရှိပါတယ်။ ၈၃-ကီလိုမီတာကျေးရွာရယ်၊ ထီးလော်ဆူးကျေးရွာ ရယ် စတဲ့ရွာတွေမှာ ပြောင်း တစ်မျိုးထဲကိုပဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးသလိုမျိုးပေါ့ဗျာ။
အဲဒီလို စိုက်ကြပျိုးကြတော့ ဖုတ်ဖရားမြို့နယ်ထဲမှာ မြန်မာပြည်က လယ်သမားအများစု (ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်)တွေဘက်ကအပြင် အခြားပြည်နယ်နဲ့ တိုင်းတွေဘက်ကလည်း ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာကြ တာရှိပါတယ်။ လုပ်အားခကတော့ တစ်နေ့ (၅၀၊ ၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀)ဘတ်စသဖြင့် ထိုင်းကျေးရွာလူကြီး၊ မျှော့(ခေါ်) မုံကျေးရွာလူကြီးတွေက ကောင်းရင်ကောင်းသလို လုပ်အားခ (နေ့စားခ)ဈေးကောင်းကြပါတယ်။ ဒါပေမယ့် မြန်မာစိုက်ပျိုး ရေးအလုပ်သမားအများစုကတော့ တစ်နေ့ကိုနေ့စားခ (၁၅၃)ဘတ် ဆိုတဲ့ တာ့(ခ်)ခရိုင်အတွင်း လုပ်အားခ သတ်မှတ်စံနှုန်း နဲ့ ဝေးကွာနေကြဆဲပါပဲ။ ဒီကြားထဲမှာ အရွယ်မရောက်သေးတဲ့ (၀ါ) ကျောင်းနေအရွယ် ကလေးအလုပ်သမား အများအပြား ဟာလည်း ဒီမြို့နယ်ထဲမှာရှိပြီး
လူကြီးအလုပ်သမားတွေနဲ့ လုပ်အားခတန်းတူ မရကြပါဘူး။ ဒီကြားထဲ အလုပ်ရှင်တွေက ဘာလက်မှတ်မှလုပ်မပေးကြဘဲ ဒီအတိုင်း ဘလိုင်းခိုင်းစေခံရတဲ့ လက်မှတ်မဲ့ အလုပ်သမားအများဆုံးရှိတဲ့ မြို့နယ်တစ်ခု ပါပဲ။ (ဥပမာ- အလုပ်သမား ၃၀-ရှိတဲ့ လုပ်ငန်းခွင်တစ်ခုဆိုကြပါစို့။ အဲဒီစိုက်ခင်းလုပ်ငန်းမှာ `၀ဏ္ဏ´လို့ခေါ်တဲ့ အလုပ်ကြပ် တစ်ဦး(၀ါ) အလုပ်ကြပ် ၂-ဦးလောက်ကိုပဲ အလုပ်သမားလက်မှတ်လုပ်ပေးပြီး ကျန်တဲ့ အလုပ်သမားတွေကို ဘာလက်မှတ် မှ မရှိဘဲ ခိုင်းစေလာတာဟာ (၁၀)စုနှစ် တစ်ခုထက်မနည်းတော့ပါဘူး။ အလုပ်သမားလက်မှတ်မရှိကြတဲ့ အခါမှာ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သိကြတဲ့အတိုင်း ပေါ့ဗျာ။ ကျန်းမာရေးမကောင်းရင် နီးစပ်ရာ ကျေးလက်ကျန်း မာရေးဌာန ကို မသွားနိုင်ပဲ (ပုလိပ်ဖမ်းမှာ ကြောက်လို့လေ) `ရမ်းကု´(၀ါ) `အပ်ပုန်း´တွေရဲ့ မတန်တဆတောင်းတဲ့ ဆေး ဖိုးရယ်၊ မကု တတ် ကုတတ်နဲ့ ဘာမှ တာဝန်မယူတဲ့ ကုသမှုရယ်တွေနဲ့ ထိပ်တိုက်တိုး တော့တာပဲလေ။
ဒါ့အပြင် အလုပ်သမားလက်မှတ်တို့ ဘာတို့ သူတို့မှာ မရှိတဲ့အခါမှာ `သိမ်ငယ်စိတ်´ တွေကလည်း ရှိကြပြီး အခုရ နေတဲ့ လုပ်အားခ (၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀)ဘတ်စတာတွေကပဲ တကယ့်ရပိုင်ခွင့်တွေလိုလို ဘာလိုလိုထင်လာကြတယ် လေ။ ပြီးတော့ အလုပ်ရှင်တွေကိုလည်း `သူဌေး၊ သူဌေး´ `သူဌေးမ၊ သူဌေးမ´ဆိုပြီး လိုသည်ထက် ပိုမိုစွာ ရိုသေလေးစား ပြကြတော့ တာပါပဲ။ အလုပ်ရှင်က မမှန်ရင်လည်း ပြန်မပြောရဲကြပဲ `၀ဏ္ဏ (အလုပ်ကြပ်)´ဖြစ်တဲ့ မြန်မာပြည်သား၊ လူရည် လည်သူကိုပဲ အပြစ်တင်စရာရှိရင် အပြစ်တင်ကြတော့တာပါပဲ။ အဲဒီမှာ မြန်မာပြည်သားအချင်းချင်း မျက်နှာချင်းဆိုင်ကြ တော့တာပါပဲ။ အခုဆိုရင် ဟောဒီ ဖုတ်ဖရားမြို့နယ်အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၀ါ) မြန်မာစိုက်ပျိုး ရေးလုပ် သား ၇၀၀၀၀ လောက် ရောက်ရှိလုပ်ကိုင် ရှာဖွေစားသောက်နေကြောင်းပါဗျာ။
(အလျဉ်းသင့်လျှင် ဆက်လက်တင်ပြပါမည်)
**ခံစားတင်ပြသူ - သောင်ရင်းနဂါးနှင့် ဓူဝံ (ဖုတ်ဖရား) ပူးတွဲတင်ပြမှု**





No comments:
Post a Comment