**(အိမ်ပြန်လမ်းမှ လက်ကမ်းစာများ အမှတ် -၁၄)**
စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော်ဖြစ်ထွန်းလာရေးအတွက် ဒုတိယဗိုလ်ချုပ်အောင်ဆန်း ပေါ်ဖို့လိုပါသည်။ စဉ်းစားဝေဖန်ကြပါရန် အကျဉ်းမျှ တင်ပြလိုက်ရပါသည်။ အာဇာနည်၊ လူထုခေါင်းဆောင်၊ တပ်မတော် ဖခင်၊ လွတ်လပ်ရေးဗိသုကာ ဟုပြည်သူများက ထိုက်တန်စွာဂုဏ်ပြုထားကြသော၊ အကြွေစောခဲ့လေသော ပြည်သူ့ ချစ်ပန်း ဗိုလ်အောင်ဆန်းသည် လက်နက်အားကိုးဖြင့် ဘိုကျမင်းမူနေသော အင်္ဂလိပ်မျက်နှာဖြူများကို မောင်းထုတ်နိုင်ရန်ဗမာပြည်မှ ခက်ခဲစွာဖြင့် ရုပ်ဖျက်ကာဂျပန်သို့ ထွက်၊ ဂျပန်တို့ဖြင့်ဆွေးနွေး၊ လူငယ်သုံး ဆယ်တို့ကိုခေါ်ထုတ်၊ ဂျပန်၌စစ်ပညာသင်၊ ဗမာ့လွတ်လပ်ရေး တပ်မတော်တည်ထောင်၊ ယင်းနောက်မတ ရား မင်းမူနေသူ မျက်နှာဖြူအကောင်များကိုချ၊ မျက်နှာဖြူကောင်များပြေး။ နောက်ထပ်ဆိုးယုတ်လာသူ ဂျပန်မိတ်ဆာရိုင်းများကိုလည်း တိုင်းရင်းသားများနှင့်လက်တွဲ ပြန်တိုက်ခြင်းဖြင့် ဗမာ့လွပ်လပ်ရေးကို အရ ယူပေးခဲ့သော သမိုင်းကြောင်းကို လူကြီးမျာအသိပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်ဘ၀ကို နအဖနွားတို့ ဖုံးဖိထား၍ လူငယ်များတို့သိဖို့ခက်ပေ၏။ မျက်နှာဖြူနှင့်ဂျပန်တို့ကို လက်နက်ဖြင့်ပြန်ချရန်မှတပါး အခြားနည်းလမ်း မရှိဟု ထက်မြက်စူးရှသော အသိဥာဏ်ဖြင့်မြင်သည်၊ တိကျမှန်ကန်သောနည်းကိုသုံးကာတိုက်ထုတ်ခဲ့သည်။ (ရရင်ရ၊မရရင်ချမယ်)ဟု ဗြောင်ကျကျပြောပြီး၊ တကျော့ပြန်မင်းမူလာသူ မျက်နှာဖြူများကို စိန်ခေါ်တိုက်ပွဲ ၀င်ခဲ့သဖြင့် ဗမာပြည်လွတ်လပ်ရေးရခဲ့သည်ကို ဘယ်သူမှ ငြင်းကြမည်မဟုတ်ပေ။ အာဇာနည်ဗိုလ်ချုပ်က လမ်းပြပြီးသားဖြစ်ပါသည်။ ယနေ့ ဗမာပြည်တည်းဟူသော သယံဇာတပေါကြွယ်လှစွာသော အဖိုးတန် ရွှေပြည်ကြီးကို ဘိုကျမင်းမူကာထင်တိုင်း သရမ်းနေသူ၊ ကိုယ်ကျိုးရှာအာဏာမြဲရေးအလေးပေးလုပ်ဆောင် နေကြသူ၊ မျက်နှာဖြူ၊ ဂျပန်၊ ဟစ်တလာ တို့ထက် အဆရာထောင်ပိုကာ ဆိုးယုတ်၊ ရက်စက်ကောက် ကျစ်ယုတ်မာသော မဟာတရိတ်ဆန် နွားအဖတို့၏ ဘေးမှလွတ်ရန်၊ မည်သို့လုပ်ဆောင်ကြပါ မည်နည်း။ ဗမာဘိုရှုပ်များထင်တိုင်းသောင်ကျန်းနေသော ဗမာနေပြည်တော်ကြီး၌ စစ်မှန်သောဒီမိုကရေစီ ပေါ်ပေါက် လာရန် မည်သို့လုပ်ဆောင်ကြပါ မည်နည်း။ အမေရိကန်ကို အားကိုးနေသရွေ့၊ ဒေါက်တာာစိန်ဝင်း၏ အမျိုး သားညွန့်ပေါင်းအစိုးရကို အားကိုးနေသရွေ့၊ နိုင်ငံတကာမှ ဆုကြီးများဘုံးဘောလအော ရထားသူ ဒေါ် အောင်ဆန်းစုကြည်ကို အားကိုးနေရွေ့၊ NLD-ကိုအားကိုးနေရွေ့၊ နွားတို့၏အဖဖြစ်သော (နအဖ)၏ ကျင်းပ လတံ့သော-၂၀၁၀ရွေးကောက်ပွဲ (စစ်တပ်ဘိုကျရေး)ကို အားကိုးနေသရွေ့ ဒီမိုကရေစီရမည်မဟုတ်။ သမိုင်း ကြောင်းကို သင်ခန်းစာယူကြချိန်တန်ပြီဟု အထူးလေးနက်စွာ ပြောလိုပါသည်။ စဉ်းစားကြပါ။ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းသည်၊ မတရားသော မျက်နှာဖြူများနှင့် ဂျပန်အရိုင်းအစိုင်းကောင်များကို ခွေးပြေးဝက် ပြေးပြေးအောင်၊ ခွေးသေ၀က်သေသေအောင် တိုက်နိုင်မှတော်ကာကျမည်ဟုမြင်သည်၊ မြင်သည့်အတိုင်း လုပ်ခဲ့သည်၊ အမှန်လုပ်လျှင်အဟုတ်အောင်မြင်ကြောင်း အာဇာနည်ဗိုလ်ချုပ်လက်တွေ့ လုပ်ပြသွားခဲ့ပြီ မဟုတ်ပါလား။
ဤမျှဆိုလျှင်၊ဗမာပြည်တွင်လက်ရှိဘိုကျ၊ စိုးမိုး၊ သောင်းကျန်း၊ဖိနှိပ်၊ ရက်စက်၊ အနိုင်ကျင့်
သည့်နည်းများဖြင့် စစ်ဘိုတည်းဟူသော အားဏာရူး၊ လူသတ်ကောင်၊ပြည်သူ့ချဉ်ဖတ်များ၏သားစဉ်မြေး ဆက်တို့းအာဏာယစ်မူးကာကျိကျိတက်ချမ်းသာရေးကိုသာသွေးရူးသွေးတန်းတသမတ်တည်းအရှက်အသရေမဲ့စွာလုပ်ဆောင်နေသော) ဗမာ နအဖ အမည်ခံ (မဟာတရိတ်ဆန်များ)၊ အင်းဂလိပ်၊ ဂျပန်နှင့်နာဇီ၊ စသောကမ္ဘာ့ချဉ်ဖတ်များထက်အဆထောင်ပေါင်း များစွာသာလွန်ဆိုးယုတ်၊ ရက်စက်နေသော အကောင်ကြီး များ.ကိုရှင်းပစ်မှ၊ ဗမာပြည်တွင်ဒီမိုကရေစီဖေါ်ဆောင်နိုင်မည်ဟု စာဖတ်သူတို့ သဘောပေါက် လက်ခံ လောက်ပါပြီဟု ယူဆမိပါသည်။
ယင်းသို့ဆိုလျှင် အာဇာနည်ဗိုလ်ချုပ်၏ လမ်းစဉ်ကိုလိုက်ကြရုံမှတပါး၊ တခြားသောလမ်းမရှိပါပြီ၊ အာဇာ နည်ဗိုလ်ချုပ်ကဲ့သို့လည်းရုပ်ဖျက်ကာစွန့်စွန့်စားစား ထွက်ခွါရန်လည်း မလိုပါပြီ။ မောင်မင်းကြီးသား ဗမာပြည် သူများတို့ နိုင်ငံတကာ၌ ၀င့်ဝင့်ကြွားကြွား၊ သွားလား၊ ကျက်စားနေကြသည်မှာ သန်းနှင့်ချီရှိနေပြီဖြစ်ပါသည်။
၎င်းတို့အနက်မှ အကြွေစောခဲ့ရရှာသူ၊ပြည်သူ့ချစ်ပန်း ဗိုလ်အောင်ဆန်းကဲ့သို့ထက်မြက်၊ စူးရှ၊ တိကျ၊ မှန်ကန် သော အမြင်ရှိသူတယောက်ယောက်က - -
(၁) ဦးဆောင်ပြီးအင်အားးတရာခန့်၊ စည်းရုံးပါရန်။
(၂) နအဖ၏အသားကိုစားချင်စိတ်ပေါက်နေသော နိုင်ငံကြီးတခုကို ချဉ်းကပ်ပါရန်။
(၃) ပိုင်ပိုင်နိုင်နိုင်သင်တန်းယူကြပြီး မဟာတရိတ်ဆန် နအဖ ၏စစ်ဌာနချုပ်ဆယ်ခုစီကို တပြိုင်တည်း လေကြောင်းမှဗုံးမိုးသွန်းချရန် (သို့မဟုတ်)ပင်လယ်အောက် ရေပြင်အောက်မှဒုံးကျဉ်များဖြင့် ဒလစပ်နှက်ရန်၊ ကြာကြာနှက်ရန်မလိုပါ၊ တနေ့လျှင်တနာရီစီသာနှက်ပါ၊ (မြန်မာပြည်သူတရပ်လုံး ကြားနိုင်အောင်လည်း-နအဖအကောင်တွေ့လက်နက်ချ၊NLD-ကို အာဏာလွှဲ၊ တင်းခံနေသမျှဆက်ချမယ်ဟု) DVB-က အော်ပေးပါ ယင်းသို့ ဆယ်ရက်ခန့်သာနှက်ပါ၊ အပ်တချောင်းပင်ကိုင်မထားသောပြည်သူများကိုသေနပ်အား ကိုးဖြင့်အနိုင် ကျင့်နေသော (မဟာတိရိစ္ဆာန်၊ နွားးတို့၏အဖ) နအဖ- များတို့၊ အာဇာနည်ဗိုလ်ချုပ် ဦးဆောင် ပြီးချခဲ့လေရွေ့၊ အင်းဂလိပ်နှင့် ဂျပန်မကောင်းဆိုးဝါးကောင်များ၊ ဗမာ့မြေပေါ်မှခွေးပြေး ၀က်ပြေးပြေး၊ ခွေးသေ၀က်သေ သေခဲ့ကြသောနည်းအတိုင်း နအဖအကောင်ယုတ်များလည်းပြေးကြ၊ သေကြမည်မှာ မြေကြီးလက်ခတ် မလွဲ ပါ။ ၎င်းလုပ်ငန်းစသည်နှင့် ရက်များမကြာနအဖ၏ ကြေးစားစစ်တပ်မှစစ်သားများ တပ်ကထွက်ပြေးလာ ကြပြီးပြည်သူ့ ရင်ခွင်အရိပ်သို့ ခိုဝင်လာကြပါလိမ့်မည်။ နအဖ စစ်တပ်၏ဘက်ပေါင်းစုံ ပူလောင်မှုဒါဏ်ကို စစ်ဘို၊စစ်သားများမလိုလားကြကြောင်း၊ အခြေအနေပြောင်းသည်နှင့် ဘက်ပြောင်းလာ ကြောင်း ရှစ်လေးလုံး ပြည်သူ့တော်လှန်ရေးကြီးကသက်သေ ပြခဲ့ပြီးသားဖြစ်ပါသည်။
နောက်တချက်၊ နိပွန်၊ ဘန်ဇိုင်း၊ ဂျပန်အရိုင်းအစိုင်းကောင်များ အခြေအနေယိုင်နဲ့လာသည်နှင့်ရခိုင် ပြည်ကြီး သားတို့ အစဦးစွာရှိရာဓါးနှင့်ခုတ်သတ်ရန်ငြိုးဆပ်သကဲ့သို့၊ ရက်၊လ၊ မကြာဗမာပြည်သူတရပ်လုံးတို့ကလည်း နီးရာဓါးကိုဆွဲပြီးဂျပန်များကို ရှဲခဲ့ကြလေသောသမိုင်းကြောင်းကြီးကဲ့သို့ခေတ်အဆက်ဆက် တာဝန်ကြေမြဲ ဖြစ်ကြသောတိုင်းရင်းသားအသီးသီးတို့ကလည်း၊ တင်းခံနေသောစစ်ဘို၊ စစ်သားများတို့ကို ဒုတ်၊ ဓါးစုံလင် စွာဖြင့်ဝိုင်းရှင်းကြမည်မှာလည်း မလွဲပါပေ။ အခွင့်သာသည်နှင့် ပြည်သူ့အမုန်းကောင် ပါတီ၊ကောင်စီ လကြီးများ တို့ကိုပြည်သူများ ဆုံးမခဲ့ကြခြင်းကိုရှစ်လေးလုံးကာလကသက်သေခံပြီးသားဖြစ်ပါသည်။ ဗိုလ်ချုပ် အာဇာနည်၏ နည်းကိုမှီး၍ ၎င်းနည်းအတိုင်းသာဗမာအာဏာရူး ဘိုရှုပ်ယုတ်များနှင့်သူတို့၏ ခုတုံးအဖြစ် အသုံးချ ခံနေကြသောကြေးစားဗမာ့စစ်တပ်များကိုရှင်းနိုင်ပါမှ ဗမာပြည်တွင် စစ်မှန်သောဒီမိုကရေစီ ဖြစ်ထွန်း လာပါလိမ့်မည်၊၊
ထိုကဲ့သို့ရှင်းနိုင်သောသူကိုလည်းမြန်မာ့ ဒီမိုကရေစီ၏ ဖခင်ကြီး၊ ဒီမိုကရေစီပိသုကာကြီးဟုပြည်သူတို့က ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါလိမ့်မည်။ စစ်မှန်သောဒီမိုကရေစီဖြစ်ထွန်းလာပါက၊ တန်းတူရည်တူ အခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ပေရာ။ ယင်းအတွက်တိုက်ပွဲဝင်နေကြသော တရားသောပြည်တွင်း လက်နက်ကိုင်များလည်းမရှိတော့ဘဲနှစ်ခြောက်ဆယ်ကျော် တောက်လောင်နေခဲ့သော ပြည်တွင်းစစ်ကြီး
လည်းချုပ်ငြိမ်းသွာမည်ဖြစ်သည်။
ယင်းသောအခါ ဗမာထဲမှအမြင်ကျယ်သော ခေါင်းဆောင်များနှင့် ရိုးသားဖြူစင်ကြသောတိုင်းရင်းသား ခေါင်းဆောင်များတို့လက်တွဲညီစွာဖြင့် တိုးတက်ဖွံ့ဖြိုးသော မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကြီးကို တည်ဆောက် နိုင်ကြ ပါလိမ့်မည်။ သယံဇာတလည်းပေါကြွယ်ဝ၊ လူ့စွမ်းအားလည်းထက်မြက်လှသောဗမာပြည်၌(တိုင်းရင်း သားများကိုတန်းတူရည်တူ သတ်မှတ်၊ ဗမာနှင့်သာတူညီမျှ အခွင့်အရေးကိုပေးရမည်ဟု အမြင်မှန်ရှိသူ၊ အမြင်ကျယ်သူ ဗမာခေါင်းဆောင်များနှင့်)ရိုးသားဖြူစင်ကြသော တိုင်းရင်းသားပေါင်းစုံ ခေါင်းဆောင် များတို့စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကိုတည်ဆောက်ကြပါလျှင်၊ အာဏာရူး ဘိုယုတ်နေ၀င်းနှင့် ယင်း၏ နောက်လိုက် အလိုတူများဖြစ်ကြသည့်န၀တ၊ နအဖ၊စစ်ဘိုဆိုးတို့ သဘောကျသောင်းကျန်း ဖျက်စီးပစ်ခဲ့ လေရွေ့စုတ်ပြတ်နှံချာ၊ ကယ်ပါနိုင်ငံဖြစ်နေပြီးသော ဗမာပြည်သည် နှစ်ပေါင်း-၂၀-ပင်မကြာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာလိမ့်မည်သော နိုင်ငံဖြစ်လာမည်သေချာပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်းမှဖြစ်စေ၊ နိုင်ငံတကာရောက်နေကြသူများမှဖြစ်စေ၊ စစ်အာဏာရူးစစ်ဘိုဆိုးများ လက် အောက်မှ လွတ်လမ်းမရှိဖြစ်နေရသော ဗမာပြည်ကြီးအတွက်၊ အကြွေစောခဲ့ရလေသော၊ လွတ်လပ်ရေး ဗိသုကာကြီး၊ လူထုခေါင်းဆောင်ကြီး၊ အာဇာနည်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်အတိုင်း ချမှတ်၊ လုပ် ဆောင် ကယ်တင်ကြပါရန်လေးနက်စွာတင်ပြလိုက်ရပေသည်။ ဒုတိယဗိုလ်ချုပ်အောင်ဆန်း ပေါ်ဖို့အမှန် လိုအပ်နေပါပြီ။
+ အသွင်တူအားကိုး၊စစ်ဘိုဆိုး၊ကိုယ်ကျိုးရှာနေကြသူများကို ဗုံးကြဲကြ…+
+ ဂတိကိုဖျက်၊ စကားကိုဖျက်၊ မိန်းမပျက်စစ်ဘိုများကို ဗုံးကြဲကြ…+
+ အာဏာရူးလျက်မိုက်တွင်းနက်၊ ပြည်ဖျက်စစ်ဘိုများကို ဗုံးကြဲကြ…+
+ ပြည်သူ့သဘောထားမလေးစား၊ ငရဲလားစစ်ဘိုများကို ဗုံးကြဲကြ…+
+ လက်ရှိနိသယျ၊ ကျင့်နေကြ၊ ဒီမိုကရေစီ မရဘူးကွ…+
+ ခုလိုနိသယျတောင်းနေကြ၊ ၊ဒီမိုကရေစီ မရဘူးကွ…+
သမိုင်းပေးတာဝန်ကြီး အစစ်အမှန်ဖြင့်...
ရဲဘော်-စောရာဇာ-ရှစ်လေးလုံး၊ရခိုင့်သပိတ်(အစစ်)-ရခိုင်ပြည်ကြီး၊
ရက်စွဲ ၊ စက်တင်္ဘာလ ၁၈ ရက်၊ ၂၀၁၀။

No comments:
Post a Comment