**(စက်တင်ဘာ ၂၉၊ကိုတီး-ထိုင်းဘာသာပြန်၊ရခိုင့်တံခွန်ဂျာနယ်)**
အငှါးကားပေါ်၌်မြန်မာကုန်သည်တစ်ဦ်း မေ့ ကျန်နေခဲ့သော ထိုင်းဘတ်ငွေ ၂သိန်းကျော်အား ကိုယ်အင်္ဂါ မသန်စွမ်းသည့်ထိုင်းလူမျိုးယာဉ်မောင်းကရဲဌာနချုပ်သို့ အကြောင်းကြားအပ်နှံခဲ့ကြောင်းယမန်နေ့ ထုတ် ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။
အသက်၃၄နှစ်အရွယ်ထိုင်းအငှါးကားမောင်သမား တွန်စိုဆာ က ရဲဗိုလ်ချုပ် ၀ီချီယာဟုတ်ဟိုးတီ နှင့် မေ့ ကျန်နေခဲ့သည့် မြန်မာကုန်သည် ကိုမျိုးထူးလက်ဝယ်သို့ အပ်နှံခဲ့သည်။
စက်တင်ဘာလ ၂၇ ရက်နေ့ လည်ပိုင်းက တက္ကစီစီးလာစဉ် မြန်မာကုန်သည် ကိုမျိုးထူးမှာ ဆူကူဗစ်နယ်မြေတွင်ကားပေါ်မှာဆင်းသွားခဲ့သည်။ကားမောင်းသူက ခရီးသည်အသစ်ရှာရင်း၊ဆူကူဗစ် ၉၃
လမ်းအရောက်တွင်၊ကားနောက်ခန်းကိုလှည့်ကြည့်စဉ်အဆိုပါ ငွေများထည့်သည့်အိပ်အမဲရောင်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်။
အိပ်ထဲတွင်ဒေါ်လာ၁၀၀ တန် ၆၅ ရွက်၊ထိုင်းဘတ်ငွေ ၁၀၀၀ တန် ၂၆ ရွက်၊စုစုပေါင်းထိုင်းဘတ်ငွေတန်ဘိုး
ဖြင့် ၂၂၆၀၀၀ဘတ် ရှိသည်။
ထိုငွေအိပ်အား အိမ်သို့ုယူလာရာ အသက်၉နှစ်အရွယ်သားဖြစ်သူက ကျောင်းစ၇ိတ်မရှိ၍ ကျောင်းမှအထုတ်
ခံရတော့မည်ဖြစ်ကြောင်းပြောဆိုခဲ့သဖြင့်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုပါသည်။သို့ ရာတွင်မိမိပိုင်ငွေများမ
ဟုတ်သဖြင့် ရယူလိုစိတ်မထားခဲ့ကြောင်းရဲဌာနချုပ်တွင်ပြောသည်။
အဆိုပါ ငွေများအား ပိုင်ရှင်လက်သို့ အမြန်ဆုံးအပ်နှံနိုင်ရန်အတွက် အငှါးကားများတွင်အများဆုံးနားထောင်
လေ့ရှိသော တောဝေါထော(ထိုင်းအခြေစိုက်FM ရေဒီယိုလိုင်း၉၁)သို့ အကြောင်းကြားခဲ့သည်။ရေဒီယိုသတင်း
ဌာန မန်နေဂျာနှင့်ဝန်ထမ်းများကလည်း အချိန်ပြည့်ထုတ်လွှင့်ကြေညာနေခဲ့ကြသည်။
ကိုမျိုးထူးက သတင်းရလျှင်ရခြင်း ထိုင်းရဲဌာနချုပ်သို့ လိုက်ပါလာခဲ့ပြီး တာဝန်ရှိ ရဲအရာရှိများ၊ကောက်ရသည့်
ငွေကိုပြန်ပေးသည့်ကားမောင်းသူ တွန်စိုစာ နှင့် ရေဒီယိုဝန်ထမ်းများအားအထူးကျေးဇူးတင်ကြောင်းပြောဆို
ခဲ့သည်။ တွန်စိုစာအား ကျေးဇူးဆပ်သည့်အနေဖြင့် ဆုကြေးအဖြစ်၊ဘတ်ငွေ တစ်သောင်းအားပေးအပ်ခဲ့သည်။
ကားမောင်းသူသည် ညာဘက်လက်မသန်စွမ်းသူဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် အငှါးကားမောင်း
သည့်လုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်သည်။ဆင်းရဲနွမ်းပါးပြီးကိုယ်လက်အင်္ဂါမသန်စွမ်းသော်လည်းယခုကဲ့သို့
တစ်ပါးသူတွင်မေ့ ကျန်နေခဲ့သည့် ငွေအမြောက်အများတို့ အား ရိုးသားစွာပြန်လည်ပေးအပ်ခဲ့သည့်ကားမောင်းသူအား
ထိုင်းရဲဌာနချုပ်မှ ရိုးသားမှုဂုဏ်ပြုဆုကိုပေးအပ်ချီးမြှင့်ခဲ့
ကြောင်းထိုင်းရပ်သတင်းစာနှင့် ခေါင်စွတ်သတင်းစာတို့ တွင်ရေးသားဖေါ်ပြထားသည်။

No comments:
Post a Comment