ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 4, 2010

မဲဆောက်တွင်အလုပ်သမား၇၀၀ ခန့် ဖမ်းဆီးခံရ၊အချို့ထွက်ပြေးတိမ်းရှောင်နေ

>
(စက်တင်ဘာ ၃၊၂၀၁၀)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင် ပြီးခဲ့သည့်ညကတည်းက မြန်မာအလုပ်သမားများထွက်ပြေးတိမ်းေ၇ှာင်
နေခဲ့သော်လည်းထိုင်းရဲနှင့်လူဝင်မှုကြီးကြပ်ရေးတို့ က၊ယနေ့ တနေကုန်ပိုက်စိုက်တိုက်ရှာဖွေဖမ်းဆီးမှုများကြောင့်ရွေ့ ပြောင်းအလုပ်သမားများ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရှိရသည်။
ဘန်ကောက်မှ ထိုင်း၇ဲနှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တို့ လာရောက်ဖမ်းဆီးမည်ကိုကြားသိရသဖြင့် ထိုင်းလုပ်ငန်း
ရှင်များကိုယ်တိုင်ဖွက်ထားပေးခဲ့သည်။ထောင်ချီရှိသည့်မြန်မာအလုပ်သမားများကိုအလုပ်သမားအရေးဆောင်
ရွက်သူများက နေရာထိုင်ခင်းများပြင်ဆင်ပြီးရှောင်တိမ်းနေစေခဲ့သည်။
ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ကတာဝန်ခံ ကိုထက်ခေါင်က“ညဥ့်ကကျနော်တို့ ရုံမှာအလုပ်သမားငါးဆယ်
ကျော်တယ်လာအိပ်ကြတာ၊ဒီနေ့ နေ့ လည်ပိုင်းမှာတော့အခြားလုံခြုံတဲ့နေရာတွေကိုပို့ ပေးထားတယ်။ ဒီနေ့ 
မဲဆောက်မြင်ကွင်းပိုပြောရရင် စစ်ဖြစ်နေတဲ့မြို့ တစ်မြို့ လိုပဲ၊အလုပ်သမားတွေခမျာ ဟိုဘက်ပြေးလည်းမလုံခြုံ
ဒီဘက်ပြန်ပြေးလည်းမလုံခြုံ၊ဟိုပြေးဒီပြေးဗျာ၊ကျနော်တို့ လည်းတစ်နေကုန်ပဲ၊လိုက်ပြီးတော့အလုပ်သမားတွေ
ကိုကူညီနေတာ၊ခုထိ ပြေးကြတုန်းပဲဟု ” သတင်းရေးသားချိန်ညနေ၆နာရီကျော်တွင်ပြောသည်။
ယခုကဲ့သို့ အထိတ်တလန့် ဖြစ်လောက်အောင်လိုက်လံရှာဖွေဖမ်းဆီးခြင်းမှာ ထိုင်းဝန်ကြီးချုပ်အဘီဆေ့၏
နိုင်ငံခြားသားအလုပ်သမားများရှာဖွေဖမ်းဆီးထောင်ချရေး ကိုအကောင်အထည်ဖေါ်ခြင်းကြောင်း JACBA
ဥက္ကဌ ဦးမိုးကြိုးကဆိုသည်။

“ထိုင်းတွေက ကိုယ်လက်ကို ကိုယ်ရိုက်ချိုးတာပဲဗျ။နိုင်ငံတကာလုပ်ငန်းရှင်တွေကရော ထိုင်းလုပ်ငန်းရှင်တွေက
ရော မြန်မာအလုပ်အလုပ်သမားတွေဟာဈေးပေါတယ်၊အလုပ်ကောင်းတယ်၊အကြမ်းခံတယ်၊အန္တရာယ်များတဲ့
အလုပ်တွေမှာလည်းလုပ်ရဲတယ်ဆိုပြီးပြောကြတယ်။အဓိကပြောချင်တာက အလုပ်သမားတွေကို
ဘတ်မရှိလို့ ဖမ်းရင်၊ဘတ်လုပ်မပေးတဲ့သူဌေးကိုလည်းဖမ်းလေ၊အလုပ်သမားတွေကိုရှာပြီးဖမ်းသလို၊အလုပ်ရှင်
ကိုလည်းရှာဖမ်းလေ၊ဒါမှတရားမျှတမမှုရှိတော့မှာပေါ့” ဟုဖွင့်ဆိုသည်။
ယခုအကြိမ်အတွင်းထိုင်းလုပ်ငန်းရှင်အချို့တို့ကသူတို့အလုပ်သမားများအား၊ဆန်များ၊ကြက်ဥများ၊မာမား
ခေါက်ဆွဲခြောက်ထုတ်များလာရောက်ပေးဆောင်သည်ဟုသိရှိရသည်။မဲဆောက်အခြေစိုက်ကူညီေ၇းအဖွဲ့တို့ က
မြန်မာနိုင်ငံရေးအကျဉ်းသားများသမဂ္ဂအဖွဲ့ဝင်ကိုမြတ်မင်းတို့ ကူညီပေးထားသည့်နေရာဖက်သို့ မည်သူမျှမရောက်ရှိကြောင်းပြောသည်။
“ကျနော်တိုအနီးအနားကဘုန်းကြီးကျောင်းဝင်းထဲမှာလူ၁၆၀၀လောက်ရှိမယ်ထင်တယ်၊ဒီတခါထိုင်းလုပ်ငန်းရှင်
တွေကောင်းတယ်လို့ပြောလို့၇တယ်။ကျနော့်အထင်ပြောရရင်၊မြန်မာပြည်မှာရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်တွေလိုလို့ ဖမ်းပို့သလား၊ယာယီပတ်စပိုမလုပ်လို့ကြလို့ဆိုရင်ဘာကြောင့်မလုပ်ကြသလဲဆိုတဲ့အနေအထားမှန်ကိုသိအောင်
်မကြိုးစားကြပဲ၊မလုပ်ကောင်းရလားဆိုပြီးဖမ်းတာနည်းမှန်လမ်းမှန်မဟုတ်ဘူးလေ၊အဖြေမှန်မဟုတ်ဘူး။ဒီဘက်က
ိုရောက်နေတဲ့ဗမာတွေအထဲမြန်မာပြည်မှာမှတ်ပုံတင်မလုပ်ဖူးတဲ့လူတွေအများကြီးပဲ”ဟုထောက်ပြပြောဆိုသည်။
စက်ရုံအလုပ်ရုံပေါင်း၂၀၀ကျော်ခန့်ရှိပြီး၊မဲဆောက်နယ်မြေအတွင်းမြန်မာအလုပ်သမားပေါင်းသိန်းချီရှိကြောင်း
အလုပ်သမားအရေးဆောင်ရွက်သူများကပြောသည်။ အချို့ ကမူ စက်တင်ဘာလ ၅ ရက်နေ့ အထိလူဖမ်းပွဲကြီးရှိနေမည်ဟုပြောကြသည်။
ယမန်နေ့ က ချင်းမိုင်မြို့နယ်၊အလုပ်အလုပ်သမားကြီးကြပ်ေ၇းရုံးမှ နဖ၀ဒီဖိနန် ဆိုသူနှင့်နယ်ခြားစောင့်တပ်အမှတ် ၃၃တို့ ပူးပေါင်း၍ ဆီဖုန်းရပ်ကွက် အာစထော်လမ်းရှိ လုပ်ငန်းခွင့်ကိုဝင်ရောက်ဖမ်းဆီလိုက်သည်။
ယမန်နေ့ နေ့ လည်ပိုင်းက စစ်သားအင်အား၅၀ ကျော်ခန့် ဖြင့်စီးနင်းဝင်ရောက်ဖမ်းဆီးရာ မြန်မာအလုပ်သမား
၂၀၀ကျော်ဖမ်းဆီးခံခဲ့ရသည်။ထိုအထဲတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းမရှိသည့်အလုပ်သမား
၃၀ကျော်ကိုမူ နယ်စပ်သို့ ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်း ဒေလီနယူးသတင်းစာတွင်ရေးသားဖေါ်ပြထား
သည်။ ထိုင်းနိုင်ငံအတွင်းသန်းချီရှိသည့်မြန်မာအလုပ်သမားများတွင်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိသူ
များသဖြင့်၊ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးပြန်ပို့ ခြင်း၊ငွေညှစ်ခြင်းကိုနေ့ စဉ်ခံနေရဆဲဖြစ်သည်။ ဖမ်းလိုက်၊ပြေးလိုက်၊ထိုင်းနိုင်ငံအတွင်းပြန်လာလိုက်သံသရာမှာ နှစ်ပေါင်းမည်မျှကြာမည်မသိနိုင်သေးကြောင်း
မဲဆောက်မှ အလုပ်သမားအရေးလုပ်သူများကသုံးသပ်ပြောဆိုနေကြသည်။

သတင်း.-ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)