ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 18, 2010

ပြည်သူ့ပါတီ NLD

> သန်းရွှေရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ရွေးကောက်ပွဲ ကော်မီရှင်က ကြေငြာလိုက်ပြီ။ NLD ကလည်း ဒီကြေငြာချက်ဟာ တရားမဝင်ဘူးလို့ ပြောသည်။ သိပ်မှန်သည်။ ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မီရှင်ဆိုတာ ဘာလဲ? သူတို့မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီကြီးကို တရားမဝင်ကြောင်း ကြေငြာနိုင်လောက်သည့် အာဏာမရှိပါ။

ရွေးကောက်ပွဲကော်မီရှင်သည် သန်းရွှေခင်းကျင်းပြသနေသည့် မျောက်ပွဲတခုသာဖြစ်သည်။ ကော်မီရှင်မျောက်များက သန်းရွှေက ဒုတ်ကိုင်ပြီး အချက်ပြလိုက်လျှင် အမြှီးမျှောက်လိုက်၊ ဂျွမ်းထိုးလိုက် လုပ်နေရသည့် သဘောဖြစ်သည်။ သန်းရွှေက ဘယ်ပါတီကို ပိတ်လိုက်ဆိုလျှင် ၎င်းတို့က သန်းရွှေအလိုကျ လုပ်ရသည့် ဆပ်ကပ်မျောက်များသာဖြစ်သည်။ ၎င်းတို့တွင် လုပ်ပိုင်ခွင့် အာဏာမရှိ၊ ၎င်းတို့ဆရာကြီး သန်းရွှေတွင်လည်း လုပ်ပိုင်ခွင့်မရှိချေ။

စင်စစ် NLD ပါတီသည် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သည်။ ပြည်သူတို့ မိုးယံသို့ဟိန်း၍ ဟစ်ကြွေးလိုက်သော ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေးတို့ကို ရရှိရန်အတွက် ပြည်သူ့ထောက် ခံမှုဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်သူ့ပါတီကြီးဖြစ်သည်။ သန်းရွှေအာဏာစက်နှင့် ဖျက်လို့ မပျက် နိုင်သည့် အမြုတေပါတီဖြစ်သည်။

NLD ပါတီ တည်ရှိမှုသည် NLD ပါတီဝင်များက မိမိပါတီအပေါ် ယုံကြည်မှု ကင်းမဲ့သွား သည့်အခါ၊ ပြည်သူတို့ NLD ပါတီအပေါ် ထောက်ခံအားပေးမှု မရှိတော့သည့်အခါမှသာ ဖြစ်ပါလိမ့်မည်။ သန်းရွှေအမိန့်ဖြင့် NLD သည် အလွယ်တကူ မြန်မာ့မြေပေါ်မှ အငွေ့ပျံ ပျောက်ကွယ်သွားမည့် ပါတီ မဟုတ်ဟု လုံးဝယုံကြည်မိပါသည်။

ပြည်သူများ ယုံကြည်အားကိုးမှု ရှိနေသမျှ၊ ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်နေသမျှ၊ ပြည်သူတို့ နစ်နာချက်များကို တိုက်ပွဲဝင်နေသမျှ NLD ပါတီသည် စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်တိုက်ဖျက်ရင်း ဆက်လက်ရပ်တည်နေမည်သာဖြစ်သည်။

မြန်မာပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာများအားလုံး NLD ပါတီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့် ဆန္ဒပြပွဲများ၊ NLD ပါတီကို ထောက်ခံသည့် ပွဲများကို ကမ္ဘာအနှံ့ တပြိုင်တည်းပြုလုပ်ကြဘို့ လိုပြီဟု တိုက်တွန်း နှိုးဆော်လိုက်သည်။

ပြည်သူ့ပါတီ NLD ကို စစ်အုပ်စု ဖျက်၍ မပျက်နိုင်၊ NLD ပါတီ ခေါင်းဆောင်းများ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ စစ်အုပ်စုကို အရှုံးပေးသည့်အခါ၊ ပြည်သူ့လိုလားချက်များကို မျက်ကွယ်ပြုသည့်အခါ NLD သည် သူ့အလိုအလျှောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

ထို့ကြောင့် ယနေ့ပြည်သူတို့ ရင်ဆိုင်နေရသော စစ်ကျွန်ဇာတ်သွင်းခံရမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီအနေနှင့် ရဲရဲဝံ့ဝံ့ တိုက်မည်လော၊ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ ကြေငြာချက်များ ထုတ်ရင်း အချိန်ကုန်ခံမည်လောဟု စောင့်ကြည့်ရပေလိမ့်မည်။

နဂုံးအားဖြင့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နောက်ဆုံးအနေနှင့် စွဲကိုင်ပြီး အစိုးရတရပ်အဖြစ် ကြေငြာရဲဘို့ လိုပေသည်။ “ကြောက်ရင် လာဒ်လွဲ ရဲမင်းဖြစ်” ဆိုသည့် စကားရှိသည် မဟုတ်ပါလား။

**ထွန်းအောင်ကျော်**

သန်းရွှေရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ရွေးကောက်ပွဲ ကော်မီရှင်က ကြေငြာလိုက်ပြီ။ NLD ကလည်း ဒီကြေငြာချက်ဟာ တရားမဝင်ဘူးလို့ ပြောသည်။ သိပ်မှန်သည်။ ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မီရှင်ဆိုတာ ဘာလဲ? သူတို့မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီကြီးကို တရားမဝင်ကြောင်း ကြေငြာနိုင်လောက်သည့် အာဏာမရှိပါ။

ရွေးကောက်ပွဲကော်မီရှင်သည် သန်းရွှေခင်းကျင်းပြသနေသည့် မျောက်ပွဲတခုသာဖြစ်သည်။ ကော်မီရှင်မျောက်များက သန်းရွှေက ဒုတ်ကိုင်ပြီး အချက်ပြလိုက်လျှင် အမြှီးမျှောက်လိုက်၊ ဂျွမ်းထိုးလိုက် လုပ်နေရသည့် သဘောဖြစ်သည်။ သန်းရွှေက ဘယ်ပါတီကို ပိတ်လိုက်ဆိုလျှင် ၎င်းတို့က သန်းရွှေအလိုကျ လုပ်ရသည့် ဆပ်ကပ်မျောက်များသာဖြစ်သည်။ ၎င်းတို့တွင် လုပ်ပိုင်ခွင့် အာဏာမရှိ၊ ၎င်းတို့ဆရာကြီး သန်းရွှေတွင်လည်း လုပ်ပိုင်ခွင့်မရှိချေ။

စင်စစ် NLD ပါတီသည် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သည်။ ပြည်သူတို့ မိုးယံသို့ဟိန်း၍ ဟစ်ကြွေးလိုက်သော ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေးတို့ကို ရရှိရန်အတွက် ပြည်သူ့ထောက် ခံမှုဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်သူ့ပါတီကြီးဖြစ်သည်။ သန်းရွှေအာဏာစက်နှင့် ဖျက်လို့ မပျက် နိုင်သည့် အမြုတေပါတီဖြစ်သည်။

NLD ပါတီ တည်ရှိမှုသည် NLD ပါတီဝင်များက မိမိပါတီအပေါ် ယုံကြည်မှု ကင်းမဲ့သွား သည့်အခါ၊ ပြည်သူတို့ NLD ပါတီအပေါ် ထောက်ခံအားပေးမှု မရှိတော့သည့်အခါမှသာ ဖြစ်ပါလိမ့်မည်။ သန်းရွှေအမိန့်ဖြင့် NLD သည် အလွယ်တကူ မြန်မာ့မြေပေါ်မှ အငွေ့ပျံ ပျောက်ကွယ်သွားမည့် ပါတီ မဟုတ်ဟု လုံးဝယုံကြည်မိပါသည်။

ပြည်သူများ ယုံကြည်အားကိုးမှု ရှိနေသမျှ၊ ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်နေသမျှ၊ ပြည်သူတို့ နစ်နာချက်များကို တိုက်ပွဲဝင်နေသမျှ NLD ပါတီသည် စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်တိုက်ဖျက်ရင်း ဆက်လက်ရပ်တည်နေမည်သာဖြစ်သည်။

မြန်မာပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာများအားလုံး NLD ပါတီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့် ဆန္ဒပြပွဲများ၊ NLD ပါတီကို ထောက်ခံသည့် ပွဲများကို ကမ္ဘာအနှံ့ တပြိုင်တည်းပြုလုပ်ကြဘို့ လိုပြီဟု တိုက်တွန်း နှိုးဆော်လိုက်သည်။

ပြည်သူ့ပါတီ NLD ကို စစ်အုပ်စု ဖျက်၍ မပျက်နိုင်၊ NLD ပါတီ ခေါင်းဆောင်းများ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ စစ်အုပ်စုကို အရှုံးပေးသည့်အခါ၊ ပြည်သူ့လိုလားချက်များကို မျက်ကွယ်ပြုသည့်အခါ NLD သည် သူ့အလိုအလျှောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

ထို့ကြောင့် ယနေ့ပြည်သူတို့ ရင်ဆိုင်နေရသော စစ်ကျွန်ဇာတ်သွင်းခံရမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီအနေနှင့် ရဲရဲဝံ့ဝံ့ တိုက်မည်လော၊ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ ကြေငြာချက်များ ထုတ်ရင်း အချိန်ကုန်ခံမည်လောဟု စောင့်ကြည့်ရပေလိမ့်မည်။

နဂုံးအားဖြင့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နောက်ဆုံးအနေနှင့် စွဲကိုင်ပြီး အစိုးရတရပ်အဖြစ် ကြေငြာရဲဘို့ လိုပေသည်။ “ကြောက်ရင် လာဒ်လွဲ ရဲမင်းဖြစ်” ဆိုသည့် စကားရှိသည် မဟုတ်ပါလား။

**ထွန်းအောင်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)