- Mrs Lee Kuan Yew dies at age 89 (2nd October 2010, 5:40 pm)
SINGAPORE : Madam Kwa Geok Choo - the wife of Minister Mentor Lee Kuan Yew, and mother of Prime Minister Lee Hsien Loong has died on Saturday.
Mrs Lee Kuan Yew, age 89, passed away peacefully at home at 5.40 pm.
A statement from the Prime Minister's Office said the wake is held at
Sri Temasek, official residence of the Prime Minister located within the
Istana grounds, from October 4-5.
Visitors who wish to pay their last respects may do so on October 4-5 from 10am to 5pm.
Members of the public may call 6835 6614 for any queries.
A private funeral will take place on October 6 at Mandai Crematorium.
...Continue
-** အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ** (By သက်တန့်ချို)
၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။
American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို
ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁
နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။
၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း
ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?
...Continue
**၀မ်းမလျှောခင် ကြိုသိထားဖို့ **(By ဇီဝက ဆေး-၂)
ရာသီတစ်ခုကုန်ဆုံးလို့ နွေအကုန် မိုးအကူးကို ရောက်ပါတော့မယ်။ သရက်သီးပေါ်ချိန် ဖြစ်သလို ၀မ်းပျက် ၀မ်းလျော ရောဂါတွေ ထကြွချိန်လည်းဖြစ်တယ်။ နောက်တစ်ခုကတော့
သွေးလွန်တုတ်ကွေးပေါ့။ သွေးလွန်တုတ်ကွေး ကာကွယ်ရေး ခြင်နှိမ်နင်းရေး
အစီအစဉ်တွေကို အခုကတည်းက စလုပ်ရတော့မှာပါ။ အခုဝမ်းပျက်ဝမ်းလျှောရောဂါ
ကုသမှုနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။
antibiotic သောက်သင့်သလား
ဖြစ်ပွားတဲ့ case အများစုဟာ virus ပိုးကြောင့် ဖြစ်တာပါ။ ဘက်တီးရီးယားပိုးကြောင့်
ဖြစ်တာရှားပါတယ်။ ဖြစ်ရင်လည်း ပြင်းထန်တတ်တယ်။
...Continue
-** လေဖြတ်ခြင်း **(By Nge Naing)
လေဖြတ်ခြင်း (stroke) ဟု အရပ်သုံးစကားဖြင့် ခေါ်ဝေါ်သော Cerebro-vascular accident (CVA) သည် နှလုံးမှ ဦးနှောက်သို့ သွေးထောက်ပံ့နေသော သွေးကြောကို
ထိခိုက်ပျက်စီးစေ၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်း Haemorrhage (သို့)
တခြားမှ မျောပါလာသော အစအနတခုခုက ဦးနှောက်သွေးကြောကို လာရောက်
ပိတ်ဆို့စေခြင်း (Thrombosis) တို့ကြောင့် ဖြစ်ရသည်။ အဓိကပြဿနာမှာ နှလုံးမှ
ဦးနှောက်သို့ ပို့ပေးနေသော အောက်စီဂျင်ကို ဖြတ်တောက်ခံရ၍
ဦးနှောက်တစ်ရှူးကို ပျက်စီးစေပြီး ဦးနှောက်မှ ခန္ဓာကိုယ်၏
တခြားအစိတ်ပိုင်းသို့ အမိန့်ပေးနေသော အချက်အလက်များကိုလည်း
ဖြတ်တောက်ခံရခြင်း ဖြစ်သည်။
...Continue
-** အစာအိမ်နာနှင့် စပ်မိစပ်ရာ** (မွန်းသက်ပန် ဆေး-၁)
အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသား အချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေး အမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ
ရေးဖြစ်ခဲ့ပါတယ်။
အစာအိမ်နာနှင့် စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco မှာရှိတဲ့ California တက္ကသိုလ်
အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က
စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့်
အစာအိမ်နာဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့
သိပ်မစွမ်းဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။
...Continue
-** နှလုံးသားလေးတွေ မနာကျင်ကြစေဖို့**(စိုးသီဟ)
ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ထိုအခါ ရောဂါအပေါင်းဟာလဲ မဖိတ်ခေါ်ဘဲနဲ့ဝင်ရောက်လာကြပါတယ်။ အထူးသဖြင့် Life Style ပြောင်းလဲခြင်းကြောင့် ဖြစ်ပွါးရသော ရောဂါတွေထဲမှာ နှလုံးရောဂါ ၊
သွေးတိုးရောဂါတွေဟာ လူသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေပါတယ်။ Heart Attack
လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ အသက်ပေါင်းဟာလဲ
မနဲလှပါဘူး။ စက္ကန့် ၊ မိနစ်နဲ့အမျှ သေဆုံးနေကြပါတယ်။ ဒါကြောင့်
နှလုံးသားလေးတွေ ကျန်းမာကြစေဖို့ ၊ မနာကြင်ကြရစေဖို့ နှလုံးသွေးငတ်ခြင်း (
AMI - Acute Myocardial Infarction ) ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ်
Heart Attack ကြောင်းကို တင်ပြပေးလိုက်ပါတယ်။
...Continue
- **Password ရွေးချယ်ရာတွင် သတိထားသင့်သည့် အချက်များ**
Account ဟက်ခံရလို့ ပါ ။ Account ဟက်ခံရလို့ ပါနဲ့ ပိုစ့်လေးတွေ အမြဲတွေ့ နေရပါတယ် ။ ဒါဟာ တကယ်တော့ မိမိ Password ရွေးချယ်တဲ့ နေရာမှာ တစ်ခုခု အားနည်းခဲ့လိုပေါ့ ။ ဒါပေမဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တစ်ခြားတစ်ယောက်ရဲ့ Password ကို Guess
လုပ်ပြီး ဟက် သွားတဲ့သူတွေကိုတော့ မမြင်ဖူးသေးပါဘူး ။ ကိုယ့်ကိုကိုယ်
Hacker , Hacker လို့ အော်ပြီး Key Logger လို Software မျိုးတွေနဲ့ သာ
ခိုးယူနေကြတာများပါတယ် ။ ( ဒါပေမဲ့ .. တစ်ခြားသူရဲ အကောင့်ကို ရလို့ မိမိ
အတွက် ဘာအကျိုး အမြတ်ရလဲ ဆိုတာတော့ စဉ်းစားစေချင်ပါတယ် ။ ဒီမှာက ခိုးစရာ
ဘဏ် အကောင့်လည်း မရှိ ..ဘာမရှိ ဆိုတော့ ...) ။
...Continue
- **ပစ်မှတ် “ လွဲခြင်း ” - “ မလွဲခြင်း”**
ကလေးတို.ရေ -- အခုလို ဝါလသီတင်း ရက်မြတ်များအတွင်း ဒုက္ခဆင်းရဲခြင်း
ကင်းအောင် ဘယ်လို နေထိုင် ကျင့်ကြရင် ကောင်းမလဲဆိုတာကို တွေးတော
ဆင်ခြင်ကြည့်ကြရအောင်လားကွယ်နော် --
ကဲ--ဆရာမတို. ငယ်ငယ်တုံးက သက်ကြီးစကား တဆင့်ကြားဖူးထားတဲ့ ပုံပြင်လေး
တစ်ခုကို ပထမဆုံး ပြောပြပါ့မယ် ။
ကလေးတို.ရေ-- ရှေးအခါက ဗာရာဏသီပြည်မှာ ပွဲလမ်းသဘင်တွေ ကျင်းပနေ
တဲ့အချိန်မှာ အရက်သာမားတစ်ယောက်ဟာ အရက်နဲ.မြီးစားဖို. အသားရှာသတဲ့။
သူဟာ သုဿာန်(သင်းချိုင်း)ကိုသွားပြီး အစာလာရှာလေ့ရှိတဲ့ တောရိုင်းတိရစ္ဆာန်
လေးတွေကို ဖမ်းပြီး သတ်စားမယ်ပေါ့ ။
သူဟာ တုတ်တစ်ချောင်းကို ကိုင်ပြီး လူသေတစ်ယောက်ဟန်ဆောင် အိပ်နေလိုက်
သတဲ့ ။ သိပ် မကြာပါဘူး မြေခွေးတစ်အုပ်ရောက်လာတယ် ။
...Continue
- **အောင်မြင်တဲ့လမ်းဆီရောက်ဖို့ လူတွေကို ဘယ်လိုစေ့ဆော်မလဲ?**
ကျွန်တော့်မိတ်ဆွေ Pete Barlowက တိရစ္ဆာန်တွေဖျော်ဖြေတတ်ဖို့ လေ့ကျင့်ပေးသူဖြစ်တယ်။
သူ့ဘ၀အချိန်တော်တော်များများကို ဆပ်ကပ်၊ ပဒေသာကပွဲတွေနဲ့ နယ်တကာလှည့်လည် ဖျော်ဖြေခဲ့တယ်။ ခွေးကလေးတွေ ဖျော်ဖြေဖို့ သူလေ့ကျင့်ပေးတာကို ကျွန်တော်အရမ်းနှစ်သက်တယ်။ ခွေးကလေးတွေ လေ့ကျင့်မှုတိုးတက်လာတိုင်း Peteက
သူတို့လေးတွေကို ဖွဖွလေးပုတ်ပြီး အသားတုံးတစ်တုံး ချီးမြှင့်တတ်တယ်။
ဒါက ဘာအသစ်အဆန်းမှတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ရာစုနှစ်တွေမှာလည်း တိရစ္ဆာန်တွေကို ဒီလိုနည်းနဲ့ပဲ လေ့ကျင့်ခဲ့တာချည်းပဲ။
...Continue
- **တစ်သက်မှာ နှစ်ရက်ထဲနဲ့ အရာရာကို နေ့တိုင်းပိုင်ဆိုင်ချင်ရင်** (ဖတ်ကြည့်စေချင်သည်)
တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီရက်တွေက "ပထမဆုံးရက်"နဲ့ "နောက်ဆုံးရက်"ဖြစ်တယ်။
Steve Paul Jobsရဲ့ မိန်းမပိုးနည်းကနေ စပြောကြရအောင်!
Steve Paul Jobs ဆိုတာ apple ကုမ္ပဏီကို စတည်ထောင်ခဲ့သူ၊ ကမ္ဘာ့ပထမဆုံး ပါဆင်နယ်ကွန်ပြူတာကို တီထွင်ခဲ့သူဖြစ်တယ်။ တစ်နည်းပြောရရင် i
Phoneရဲ့သူဌေးဖြစ်တယ်။ ၁၉၈၅ခုနှစ်မှာ Jobsဟာ သူတည်ထောင်ခဲ့တဲ့ ပန်းသီးကုမ္ပဏီကနေ မောင်းထုတ်ခံခဲ့ရတယ်။ အဲဒီတုန်းက သူခံရတဲ့ ထိုးနှက်ချက်တွေကို သင်ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် Jobs ကြာကြာလဲကျမနေဘူး။ အချိန်တိုအတွင်းမှာ လဲကျနေရာက သူထရပ်နိုင်ခဲ့တယ်။
...Continue
________________________________________
အတွေ့အကြုံများ၊ ဗဟုသုတများ၊ ထင်မြင်ယူဆချက်များအား ယခုထက်ပိုမို၍ ဖလှယ်နိုင်ရန်အတွက်
မိမိတို့၏ သူငယ်ချင်း၊ မိတ်ဆွေများအား ဤ link မှတဆင့် ဖိတ်ခေါ်ပေးစေလိုပါသည်။
http://myanmarinsingapore.com/invite
Myanmar in Singapore website ကို ၀င်လို့မရရင်...
address bar က http:// ကို https:// သို့ ပြောင်းကြည့်ပါ။
ဥပမာ - https://myanmarinsingapore.com
________________________________________ To: "shwenanda@gmail.com"

No comments:
Post a Comment