(၁)
သီချင်းသံ ငြင်းသံ၊ ခြင်ရိုက်သံ
(ရေဒီယို)သတင်းသံများပေပွ။
အသားတွေက ညိုညိုတင်းတင်း
မျက်နှာများက ၀င်းဝင်းလတ်လတ်
ဝိုင်းရယ်ကြ လုပြောကြ။
ဖခင်တယောက်ရဲ့ ယုယလက်နဲ့
ပစ္စည်းတွေကိုင်ဆပုံက မြတ်မြတ်နိုးနိုး။
**လှမ်းခေါ်သံပေါ်လာ
ဝန်စည်စလည်တွေသယ်ပိုး
ကျည်းထိုးသံ ဆူညံ၊ သော့ပိတ်
စခန်းကုန်းပေါ်ကဆင်းသွားကြ- ပေါ့ပါး
ခွေးမလေးက ပွိုင့်ကြိုပြေး။
ဝါးရုံပင်တွေက ခါးညွတ်လိုက်ငေး
ခွပ်ဒေါင်းအလံက ဖျတ်ဖျတ်လူးလူး။
(၂)
တိတ်ဆိတ်ခြင်းက
ချက်ခြင်းလို
ပြိုဆင်းလာခဲ့။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ၊ ၁၂ ဇူလိုင်လ ၂၀၀၄)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
သီချင်းသံ ငြင်းသံ၊ ခြင်ရိုက်သံ
(ရေဒီယို)သတင်းသံများပေပွ။
အသားတွေက ညိုညိုတင်းတင်း
မျက်နှာများက ၀င်းဝင်းလတ်လတ်
ဝိုင်းရယ်ကြ လုပြောကြ။
ဖခင်တယောက်ရဲ့ ယုယလက်နဲ့
ပစ္စည်းတွေကိုင်ဆပုံက မြတ်မြတ်နိုးနိုး။
**လှမ်းခေါ်သံပေါ်လာ
ဝန်စည်စလည်တွေသယ်ပိုး
ကျည်းထိုးသံ ဆူညံ၊ သော့ပိတ်
စခန်းကုန်းပေါ်ကဆင်းသွားကြ- ပေါ့ပါး
ခွေးမလေးက ပွိုင့်ကြိုပြေး။
ဝါးရုံပင်တွေက ခါးညွတ်လိုက်ငေး
ခွပ်ဒေါင်းအလံက ဖျတ်ဖျတ်လူးလူး။
(၂)
တိတ်ဆိတ်ခြင်းက
ချက်ခြင်းလို
ပြိုဆင်းလာခဲ့။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ၊ ၁၂ ဇူလိုင်လ ၂၀၀၄)


No comments:
Post a Comment