(မက္ကဆီကိုစီးတီး၊ အောက်တိုဘာလ ၂၁-ရက်)
မက္ကဆီကိုနိုင်ငံရှိ ရာဇ၀တ်မှု ထူပြောသော နယ်စပ်မြို့တစ်မြို့၏ ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် အသက် (၂၀)အရွယ်ရှိ ကျောင်းသူလေးတစ်ဦး ခန့်အပ်ခံရကြောင်း သတင်းမီဒီယာများက အောက်တိုဘာလ ၂၁-ရက်နေ့တွင် ရေးသားဖော်ပြသည်။ (အင်တာနက်)
** ပါလက်စတိုင်းအကူအညီပေးရေး သင်္ဘောအုပ်စု အီဂျစ်နိုင်ငံသို့ ရောက်ရှိ **
(ကိုင်ရို၊ အောက်တိုဘာလ ၂၁-ရက်)
ကမ္ဘာတစ်ဝန်းမှ ပါလက်စတိုင်းထောက်ခံသူများ တင်ဆောင်လာသည့် အကူအညီပေးရေး သင်္ဘောအုပ်စုတစ်စုသည် အီဂျစ်နိုင်ငံ အယ်လ်အရစ်ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးရားရုပ်သံလိုင်းက ကြာသပတေးနေ့တွင် ထုတ်လွှင့်သည်။ (အင်တာနက်)
** ကြိုမမှန်းနိုင်ငံသော အကြမ်းဖက်ခြိမ်းခြောက်မှုများ ရှိနေသောကာလနှင့် ဗြိတိန်ရင်ဆိုင်နေရ **
(လန်ဒန်၊ အောက်တိုဘာလ ၂၁-ရက်)
အယူအဆများ အစုအပြုံလိုက် လူများရွှေ့ပြောင်းနေထိုင်ခြင်းများနှင့် တိုးတက်လာသော နည်းပညာရပ်များကို အရင်းခံ၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ တိုးမြင့်များပြားလာသည့် မသေချာသော ခေတ်ကာလကို ဗြိတိန်နိုင်ငံသည် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ယင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီက သတိပေးခဲ့သည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ငလျင်ဒဏ်ခံ ဟေတီနိုင်ငံတွင် အသေအပျောက်များသည့် အပြင်းဖျားရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးလျက်ရှိ **
(ပေါ်တိုပရင့်စ်၊ အောက်တိုဘာလ ၂၁-ရက်)
ငလျင်ဒဏ်ခံ ဟေတီနိုင်ငံတွင် အပြင်းဖျားခြင်း၊ ပျို့အန်ခြင်းနှင့် ၀မ်းလျှောဝမ်းပျက်ရောဂါများကြောင့် လူ ၅၀ အထိ သေဆုံးကြောင်း၊ ပေါ်တိုပရင့်စ်မြို့တော်တောင်ပိုင်း ဆေးရုံများတွင်လည်း အလားတူ ရောဂါခံစားရသည့် လူနာအများအပြားသည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရပ်ကွက်များက ဆိုသည်။ (အင်တာနက်)
** ဘရိတ်ချို့ယွင်းမှုကြောင့် ကားစီးရေ ၁ ဒသမ ၅ သန်းကို တိုယိုတာကုမ္ပဏီ ပြန်သိမ်းဆည်း **
(တိုကျို၊ အောက်တိုဘာလ ၂၁-ရက်)
အောက်တိုဘာလ ၂၁-ရက်နေ့က ကမ္ဘာတစ်ဝန်းရှိ ယာဉ်စီးရေ ၁ ဒသမ ၅ သန်းကျော်အား ဘရိတ်ချို့ယွင်းမှုကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း တိုယိုတာကုမ္ပဏီက ကြေညာခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ပြစ်မှုထူပြောသော မက္ကဆီကို နယ်စပ်မြို့၌ ရဲတပ်ဖွဲ့မှူးအဖြစ် ကျောင်းသူတစ်ဦးခန့်အပ်ခံရ **

No comments:
Post a Comment