ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ကယ်မြို့ Dechapanich Fishing Net Factory မှာ အချိုးဖောက်ခံရတဲ့ အလုပ်သမားအခွင့်အရေးတွေအတွက် ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား (၃၇၆)ယောက်တို့ဟာ ဒီနေ့ မနက်စောစောပိုင်းမှာပဲ မဲဆောက်ကို ရောက်ခဲ့ကြပါပြီ။ ဒါပေမယ့် မဲဆောက်အ၀င် ၉ ကီလိုမီတာအကွာ အဝေးက `ဟွေဟင်ဖုံ´စစ်ဆေးရေးဂိတ်မှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးတို့ဟာ ဗီဇာမရှိပဲ အလုပ်သမားလက်မှတ်သာရှိတာမို့ (အခြားအလုပ်သမားများနည်းတူ ဗီဇာမရှိတာမို့)ဆွဲချခံကြရပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေက ကြိုတင်စီစဉ်ထားတဲ့ မယ်တော်ဘုန်းကြီးကျောင်း (၀ပ်ထိုင်ဝပ်ထနာရန်)စုရပ်ဆီကို (၃၇၁)ယောက်ပဲ ရောက်လာနိုင်ခဲ့ပါတယ်။
သိပ်မကြာပါဘူး ။ မက်ပ်ဖောင်ဒေးရှင်းက ကိုအေး ၊ ကိုနစ် တို့ ကသွားရောက်ဖြေရှင်းတာမို့ အဲဒီ(၆)ဦးစလုံးပြန်လွတ်လာ
ကြပါပြီ။မယ်တော်ဘုန်းကြီးကျောင်းကလည်း မနေ့ညက အထိ အလုပ်သမားတွေကို လက်ခံမယ်လို့ သဘောတူခဲ့ပြီးခါမှ ထိုင်း အာဏာပိုင်တွေရဲ့ ဖိအားကြောင့် လက်မခံရဲတော့ပါဘူး။ ဒါကြောင့် မယ်တော်ကျေးရွာအုပ်စု (ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး)ထိုင်းလက်ဝှေ့ရုံတစ်ခုအနီးမှာ (လမ်းပေါ်မှာပဲ)ပစ္စည်းတွေချထားကြလို့ ယာယီခေတ္တအားဖြင့်
ဖြစ်သလို နေကြရပါတယ်။ အဲသလို ဖြစ်သလို နေကြရစဉ်မှာ အလုပ်ရှင်အချို့ကနေ (ဘန်ကောက်ပြန်ခေါ်မယ်၊ အခုခေါ်မယ်)ဆိုပြီး ထန်းလျက်ခဲတွေ၊ သကာရည်တွေလောင်းကြတာရှိပါတယ်။ ဟော… အခုမွန်းလွဲပိုင်း (၀၁း၀၀)နာရီကျော်ကစပြီး တောချောရော(ခေါ်)နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ဧရိယာအတွင်းမှာ ဟောအလုပ်သမားတွေကို နေရာချထားနိုင်ခဲ့ပါပြီ…။အဲဒီလိုအမှတ်
(၄) နယ်ခြားစောင့်တပ်ဖွဲ့ ရဲ့ ဧရိယာထဲမှာ ကျယ်ဝန်း လုံခြုံစွာ နေရာချထားနိုင်တာဟာ သူတို့ အဖမ်းခံရတာလုံးဝမဟုတ်ပါဘူး။
အဲဒီဧရိယာထဲကို မနက် ၈ နာရီမှ ညနေ ၅ နာရီ အတွင်း(ရုံးချိန်)မှာမည်သူမဆို မိမိရဲ့ အထောက်အထားကဒ်ပြားတစုံတရာနဲ့ 
အလုပ်သမားတွေ ကိုလွတ်လပ်စွာ ၀င်ရောက်တွေ့  နိုင်ပါတယ်။
ကိုင်း…. ဓာတ်ပုံတွေကို ရှုစားကြပါဦး….
** စုစည်းတင်ပြသူ- မြန်မာပြည်သား **

No comments:
Post a Comment