ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 31, 2010

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

>

(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာဘွဲ့ကို ပေးအပ်ထားရုံသာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့် လည်း ထောပနာပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာစိတ်လည်း ကိန်းအောင်းနေပေသည်တမုံ့။ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက်ကြည့်ရှုအားပေးခြင်းသာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာရေးစပ်ခြင်းကိုလည်း ၀ါသနာထုံကြောင်းကိုကား သိသူ အလွန်နည်းပေသည်။

ကျွန်ုပ်သည် မကြာတော့သော အချိန်ကာလတွင် ဘ၀နေ၀င်ချိန်ရောက်ရှိတော့မည့်အဖြစ်ကို ကစင့်ကလျား သတိပြုမိခြင်းနှင့်အတူ မင်းတြားကြီး အဖြစ်မှ မကြာမီ သိုးဆောင်းစကားဖြင့် (ရီတိုင်းယာ)ခေါ် အနားယူ အနိုင်ပိုင်းတော့မည်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပေသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ကျွန်ုပ် ဤလောကမှ အနားယူသင့်ပြီမှန်သော်လည်း ကျွန်ုပ်ဖြစ်ချင်သော အရာတခုက ရှိနေပေသည်။ ယင်းမှာ ကျွန်ုပ်သည် ဆင်ဖြူငါးစီးကို ပိုင်ဆိုင်ထားလင့်ကစား ဆင်ဖြူခြောက်စီး သာ ပိုင်ဆိုင်ခဲ့သော် ရှေးရှေး မင်းတို့ ထက်သာလွန်အောင် ခြောက်စီးရှင် မင်းတြားကြီး ဟု သမုတ်ခေါ်ဝေါ်ခံလိုချင်းဖြစ် ပေသည်။ ပမာပြရသော် အကယ်ဒမီ ငါးဆုရထားသူက ၆ ဆုရယူလိုသည့်ဆန္ဒကဲ့သို့သာတည်း။ ကျွန်ုပ်ကို အများ က “ခြောက်စီးရှင် မင်းတြားကြီး” “ခြောက်စီးရှင် မင်းတြားကြီး” ဟု ခေါ်ဝေါ်ခဲ့သော် မည်မျှ နားဝင်ချိုပေမည်နည်း။ မည်မျှ နားအရသာရှိပေမည်နည်းဟု “ခြောက်စီးရှင် မင်းတြားကြီး” ဘ၀ကို ဖြစ်လိုသည့် အာသီသ ရှိကြောင်းကို ၀န်ခံလိုပေသည်။ (စကားချပ်)

ရှိစေတော့..။ “ခြောက်စီးရှင် မင်းတြားကြီး” ဖြစ်မို့ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပေသည်။ ရာဇ၀င်တွင် ငါးစီးရှင်မင်းတြားတို့သည် ငါးစီးပိုင်ဆိုင်ပြီး မကြာမီ ထီးနန်းစွန့်ရသူချည်းဖြစ်ပေရာ ကျွန်ုပ်လည်း ထီးနန်းစွန့်ရ တော့မည့်အဖြစ်ကို သဘာဝကျကျ နားလည်လက်ခံထားပြီးဖြစ်ပေသည်။

ထိုသို့ ထီးနန်းမစွန့်ခင် ကျွန်ုပ်အကြောင်းကို နောင်လာနောင်သားများ ပြောဆိုကြရာတွင် “ငါးစီးရှင်ကျော်စွာ” သည် ကာချင်းများကို ရေးသားခဲ့သလို “ငါးစီးရှင် ကျောက်ဆည်” သည်လည်း ကာချင်းများရေးသားခဲ့ပေသည် ဟု သမိုင်းတွင်ချင်သဖြင့် ကျွန်ုပ်သည် ကဗျာများကို လေ့လာဖတ်ရှုကာ ကာချင်းများရေးသားနိုင်အောင် အားထုတ် ခဲ့ ပေသည်။ ပင်းယခေတ်တွင် ကာချင်းပေါ်ခဲ့သလို မင်းရွ ခေတ်တွင်လည်းကာချင်းပေါ်ခဲ့ချင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ပါသည်။

မင်းရွခေတ် ငါးစီးရှင် ကျောက်ဆည်မင်း ရေးသားသော ကာချင်းကို အောက်ပါအတိုင်း မှတ်တမ်းတင်အပ်ပါသည်။ အယ်ဒီတာမင်းတို့ ဖေါ်ပြကြပါကုန်။ (စာမူခလည်း ပေးကြပါကုန်။ ဤကား စကားချပ်-ဟီဟိ)

ကာချင်ကိုရွတ်ဆိုရာတွင် ဇာတိမာန်တက်ကြွအောင် ရှေးက လက်တဖက်က ကာကိုကိုင်၍ အခြားလက်တ ဖက်တွင် ဓါး၊ လှံကိုကိုင်ကာ သီဆိုခဲ့ပေရာ ရဲတော်တို့က သေနတ်ကိုင်၍ သီဆိုကြပါကုန်..။

မင်းရွခေတ်-- ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

ချာဝတိံသာ နန့်ရွာလော ငရဲရွာလော ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ကြပ်ပြေးဟူသည် ပူသည်ပူသည်။
ကြပ်ပြေးနေပြည် ပူအိုက်နေ ကာရာအိုကေ အရက်ပေါကြွယ်
စစ်ဗိုလ်မူးမူး ခွေးကမြူး ဖုန်ထူဖာပေါတယ် ဖာပေါတယ်
ညချမ်းခါကို ပါတီဆို ခွက်ပုန်းမော့ကြမယ် မော့ကြမယ်
လျှပ်စစ်မီးဆို ထိန်ထိန်ပို တို့တွေပျော်ကြတယ် ပျော်ကြတယ်
တပ်မတော်နေ့ဆို ကညာပျို မော်ဒယ်မလေးရယ် မလေးရယ်
ကမြူးဟစ်ခုန် ကဲကြပုံ တော်သလင်းလသို့နှယ် လသို့နှယ်။
စုကြ၀ိုင်းအုံ ကတော်စုံ ပိုကာဆွဲကြတယ် ဆွဲကြတယ်။
သားနှင့်မြေးစုံ ပျော်ကြပုံ ရာဘဆေးချတယ် ဆေးချတယ်။
မကောင်းလော မသိလော မတွေ့လော..။

တိုင်းပြည်တွင်းမှာ ဆူသည် ဆူသည်။
မုန်းတိုင်းတိုက်လေ ရေကြီးလေ လူတွေသေကြတယ် သေကြတယ်။
မြို့ရွာအနှံ့စုံ မကြာမကြာကို အလွန်ဗုံးပေါက်တယ် ဗုံးပေါက်တယ်။
သွေးလွန်တုပ်ကွေး ကြက်တုပ်ကွေး လူနာတွေပေါကြွယ်
ဝမ်းလျှောဖျားနာပုံ ရောဂါစုံ အလွန်ထိတ်လန့်ဖွယ် ထိတ်လန့်ဖွယ်
သူခိုးဓါးပြစုံ ခါးပိုက်နှိုက်အစုံ လူလိမ်တွေပေါကြွယ် အလွန်ပေါကြွယ်
ဘုန်းကြီးဆွမ်းခံ မြင်ရပြန် လှူရန် ရှားလှတယ် ရှားလှတယ်
မြို့ရောတောမကျန် မီးကမမှန် မှောင်နဲ့မည်းမည်းရယ် မည်းမည်းရယ်
စားနေ၀တ်ဒဏ် အလူးအလဲခံ ထမင်းရည်သောက်ကြတယ် သောက်ကြတယ်
မကောင်းလော မသိလော မတွေ့လော..။

ရွေးကောက်ပွဲမှာ လိမ်သည် လိမ်သည်
ရွေးကောက်ပွဲသံ ဆူညံညံ လူတွေရယ်ကြတယ်။
ချော့ခြောက်ပေးဘုန်း မဲစည်းရုံး ကြံ့ဖွတ်လုပ်နေတယ် လုပ်နေတယ်
လမ်းတ၀က်ခင်းကာ မဲထည့်ပါ မဲရမှလမ်းခင်းပေးမယ် ခင်းပေးမယ်
မဲပေးကြလျှင် ဗလီပင် ယခုပင် ဆောက်ပေးမယ် ဆောက်ပေးမယ်
မဲမပေးလျှင် သိစေချင် အလုပ်တွေ ဖြုတ်ပစ်မယ် ဖြုတ်ပစ်မယ်
မဲမပေးကြရန် အတိုက်အခံ ပြောရင် ဖမ်းချုပ်မယ် ဖမ်းချုပ်မယ်
လမ်းခွဲထွက်သွား ဒီမိုသမား ညစ်သမျှ ခံရတယ် ခံရတယ်
ကြံ့ဖွတ်ဆိုလျှင် လူတိုင်းချဉ် မိုက်ရင်မဲပေးကွယ် မဲပေးကွယ်
မလိမ်လော မညာလော မညစ်လော

တို့တိုင်းပြည်ရွာ တို့မြန်မာတို့ စစ်ကျွန်ဖြစ်ကာ မစည်းရုံးပါ၍ ခံရသည်ချည်း ခံဖက်တည်း။

**ငါးစီးရှင် ကျောက်ဆည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)