စားသောက်ဆိုင်တစ်ခုတွင် ဖြစ်သည်။ ဂုဏ်သရေရှိ လူကြီးတစ်ဦး ၀ီစကီအရက်ကို မှာသောက်သည်။ ပထမတစ်ခွက်၊ ဒုတိယတစ်ခွက်၊ တတိယတစ်ခွက်နှင့် စတုတ္ထတစ်ခွက် ဆက်တိုက်မှာကာ သောက်ချလိုက်သည်။ ထို့နောက်တွင်ကား လျှာလေး အာလေးအသံဖြင့် နောက်တစ်ခွက် ထပ်ယူလာရန် စားပွဲထိုးအား မှာလိုက်သည်။
`လူကြီးခင်ဗျား… အရက်တော်တော်များနေပြီဖြစ်လို့ တော်လောက်ပြီလို့ ထင်ပါတယ်။´
`ရပါတယ်ကွ… ငါ့မျက်လုံးတွေ ကောင်းကောင်း မြင်နေသေးတာပဲ´
`ဘာမြင်ပါသလဲ ခင်ဗျာ´
`ဟိုမှာလေ… ကြောင်တစ်ကောင် အခန်းထဲကို ၀င်လာနေတယ်၊ သူ့ဆီမှာ မျက်လုံးနှစ်လုံးရှိတယ်´ဟု ပြောလိုက်သဖြင့် စားပွဲထိုးလေးက ပြန်ပြောလိုက်သည်မှာကား…
`မဟုတ်ဘူး ဆရာ၊ ကြောင်ဟာ အခန်းအပြင်ကို ထွက်သွားနေတာပါ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment