၁၉၈၈ ခုနှစ် က မြန်မာပြည်တွင်း ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကာလများဆီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး ပါတီဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစတင်ကာထိုင်း မြန်မာနယ်စပ်သို့ တိမ်းရှောင်အခြေစိုက်ခဲ့ရသော ‘’ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ”၏ (၂၂) နှစ်မြောက်ပါတီ ဖွဲ့ စည်းတည်ထောင်ခြင်း နှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့် ကျင်တိုက်ဖျက်ရေး ဆွေးနွေးပွဲ တရပ်ကို ထိုင်းမြန်မာနယ်စပ်တနေရာ၌ ယနေ့ ကျင်းပသည်။
(မြန်မာပြည်သား သတင်းစဉ်)
(အောက်တိုဘာ ၁၃ ၊၂၀၁၀)
့ဖြစ်ရပ် - ၁ ။ ။ဗွီဒီယိုအပြာခွေနှင့် ကာတွန်းကားခွေများ ရောင်းချမှုဖြင့် မြန်မာအလုပ်သမား (၂) ဦးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူကွန်ဗစ် လမ်းမပေါ်ရှိ ညဈေးဧရိယာတွင် ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။အဆိုပါ (၂) ဦးမှာ မြန်မာနိုင်ငံ ကျောက်မဲမြို့ဇာတိ အသက် (၂၉) နှစ်အရွယ် ဆန်နီနှင့် မြစ်ကြီးနားဇာတိ အသက်(၂၄) နှစ်အရွယ် ဘီဂျေးတို့ ဖြစ်ကြောင်း ၎င်းတို့ဆိုင်အနီး ပတ်ဝန်းကျင်တွင် အင်္ကျီရောင်းသည့် ကိုသန်းထူးက ပြောသည်။ထိုသူ (၂) ဦးနှင့်အတူ ဗွီဒီယိုခွေရောင်းချသည့် ထိုင်းအမျိုးသမီး အလုပ်သမား (၁) ဦးလည်း အဖမ်းဆီးခံခဲ့ရသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ် - ၂ ။ ။ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ(၆)မှ နှစ်ကြိမ်ပြောက်ကျားပစ်ခတ်ခံရသဖြင့် ကျဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ယခုလ(၇) ရက်နေ့၌ ခုံခန်းရွာနှင့် တောင်စွန်းရွာအကြား တာစူးရွာအနီးလယ်ကွင်းကို ဖြတ်ကျော်နေစဉ် KNU မှစောင့်ဆိုင်းပစ်ခတ်ခဲ့ရာတွင် ခလရ(၃၂)မှ (၃) ဦးသေ၊ တစ်ယောက်ဒဏ်ရာရခဲ့သည်ဟု ဗဒိုစောထဲနေက ပြောသည်။ထို့အပြင် ၄င်းတိုက်ပွဲ၌ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံရသူ တောင်စွန်းရွာသား ကရင်အမျိုးသား စောမောင်လတ် အသက်(၄၀)ခန့်သည် ခါးလည်၌သေ နတ်ထိရှဒဏ်ရာရရှိသည်ဟုလည်း KNU ကပြောသည်။တဖန် နောက်နှစ်ရက်အကြာ ယခုလ(၉) ရက်နေ့တွင်လည်း အနန်းကွင်း-ရဲတံခွန်အကြား ရဲဖောရွာအနီး ကကတစ်တောင်ကြား၌ အဆိုပါမြန်မာစစ်ကြောင်းအား ထပ်မံပစ်ခတ်စဉ် (၃) ဦးဒဏ်ရာရရှိသည်ဟုလည်း KNU မှ ဆက်ပြောပါသည်။(ကောင်းဝါ)
(အောက်တိုဘာ ၁၂ ၊၂၀၁၀)
ဖြစ်ရပ် - ၁ ။ ။ မလေးရှားနိုင်ငံ ရာဂျန်မြစ် အတွင်းသို့ သစ်လုံးများနှင့်ထင်းအစ အနများစုပုံမျောပါလာခြင်းကြောင့်မြစ်အတွင်းသယ်ယူပို့ ဆောင်ရေး လုပ်ငန်းများပိတ်ဆို့ ပြီး မြစ်အောက်ပိုင်းဒေသများ၌ ရေလွှမ်းမိုးမည့်အန္တရာယ်နှင့်ဲကြုံတွေနေရကြောင်းသိရသည်။ဆာရာဝပ်ပြည်နယ် ရာဂျန်မြစ်ကမ်းရှိ (ကာပစ်မြို့ ) မှာ ယခုအခါ အဆက်အသွယ်ပြတ်တောက် နေသည်ဟု မလေးရှားမီဒီယာများကဖော်ပြကြသည်။
ဖြစ်ရပ် -၂ ။ ။မြ၀တီမြို့ပြင်ရှိ ဒီကေဘီအေတပ်ရင်း (၉၀၂) ခွဲထွက်အဖွဲ့၏ တပ်စခန်းနယ်မြေအနီးတွင် နအဖတပ်များ လာရောက် အခိုင်အမာတပ်စွဲ ၀ိုင်းရံထားသဖြင့် မကြာမီ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဒီကေဘီအေအဖွဲ့က ပြောသည်။ယခုကဲ့သို့ နအဖတပ်၏ ၀ိုင်းရံပိတ်ဆို့မှုကို လက်မခံဘဲ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု (၉၀၂) ဒီကေဘီအေတပ်ရင်းမှူး ဗိုလ်ကျော်သက်က ပြောသည်။(ခေတ်ပြိုင်)
(အောက်တိုဘာ ၁၁ ၊၂၀၁၀)
မြန်မာစစ်အစိုးရ တဖက်သတ်ပိတ်ထားသော ဘုရားသုံးဆူနယ်စပ်တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ်အား ပြီးခဲ့သည့်စနေနေ့မှစတင်၍မသိမသာပြန်ဖွင့်လိုက်သည်ဟုဒေသခံများပြောသည်။“အလုပ်သမားတွေအတက
်အဆင်းလုပ်ဖို့အတွက်ပါပဲ၊ ကားတွေကျတော့ ဒီလမ်းကနေအတက်အဆင်း လုပ်ခွင့်မရသေးဘူး” ဒေသခံတစ်ဦး ပြောသည်။၂၀၀၆ခုနှစ်မှစ၍ အဆိုပါနှစ်နိုင်ငံတရားဝင် ဖြတ်ကျော်လမ်းကို မြန်မာအာဏာပိုင်တို့ တဖက်သတ်ပိတ်ခဲ့သဖြင့် ဘေးမလွယ်ပေါက်များမှ ဒေသခံများ ဖြတ်ကျော်သွားလာခဲ့ရသည်။မြန်မာအလုပ်သမား လေးထောင်ခန့် ထိုင်းနယ်မြေသို့ နေ့စဉ် အလုပ်ဝင်ရောက်လုပ်ကိုင်လျှက်ရှိသည်ဟု အထည်စက်ရုံပိုင်ရှင် မွန်အမျိုးသားတစ်ဦးက ပြောသည်။(ကောင်းဝါ)
(အောက်တိုဘာ ၁၀ ၊၂၀၁၀)
ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနယ်စပ် ခွန်ကယ်မြို့ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံမှာ အလုပ်သမား ရပိုင်ခွင့်တွေ တောင်းဆိုနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်ကို အလုပ်ကထွက်ဖို့ အလုပ်ရှင်က ဖိအားပေးခံရပြီး ဒီနေ့မှာတော့အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်ခတ် ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကို အလုပ်သမားတွေက ၀ိုင်းဝန်းဖမ်းဆီးရာမှာ သေနတ်သမားတွေရဲ့ ဆိုင်ကယ်တစီးကို ရမိလိုက်ပါတယ်။အလုပ်သမားတွေက ဒီဆိုင်ကယ်ကို သက်သေခံ
အဖြစ် ယူဆောင်ထားပေမဲ့ ဒါကို ထိုင်းရဲ ၂၀ လောက်က လာရောက် ယူဆောင်သွားပါတယ်။ဒီအလုပ်သမား ၅၆၉ယောက်ကို ထိုင်းအလုပ်ရှင်က လုပ်ခလစာ မပေးဘဲ ဒီလ ၆ ရက်နေ့က အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကို အလုပ်သမားတွေက လုပ်ခလစာ အပါအ၀င် အလုပ်သမား အခွင့်အရေးရဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။(VOA)
(အောက်တိုဘာ ၉၊၂၀၁၀)
တရုတ်-မြန်မာ နယ်စပ်တွင် နယ်စပ် ဆက်ဆံရေးရုံး (BLO) ၂ ခု ဖွင့်လှစ်ပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆောင်ရွက်နေ သော်လည်း ထိုင်း-မြန်မာ နယ်စပ်များတွင်မူ အဆိုပါရုံးများ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။ထိုင်း-မြန်မာလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး သဘောတူစာချွန်လွှာကို ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အ ကောင်အထည်ဖော်မည့် အရာများအား ရေးဆွဲညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ နယ်စပ်ဆက်ဆံရေးရုံးများကို တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ဖွင့်လှစ်ရန် ရွေးချယ်ထားကြောင်း သိရသည်။(ဧရာဝတီ.)
(အောက်တိုဘာ ၈၊၂၀၁၀)
ထိုင်းနိုင်ငံ မြောက်ပိုင်း လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် မြန်မာ အလုပ်သမား ၉၀၀ ကျော်နှင့် အလုပ်ရှင်အကြား လုပ်ခလစာ အပါအ၀င် ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်၍ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။အဆိုပါစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမား ၆ ဦး၏ အလုပ်လုပ်ခွင့် ကတ်ပြား(Work Parmit)ရှိ ဓာတ်ပုံ များကို ပြောင်းလဲပစ်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်၌ ပါရှိသော ဗီဇာ စာရွက်တွင် CANCEL ဟူသော စာကို ရေးသား ထား ခြင်းကြောင့် မကျေမနပ်ဖြစ်မှုမှ စတင်ကာ အလုပ်သမားများက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးကပြောပြသည်။ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီးနောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရန်
အလုပ်ရှင် က ကတိပြုခဲ့သော်လည်း လုပ်ခလစာနှင့် စာရွက်စာတမ်းများကို စက်ရုံတွင် ထုတ်ပေးခြင်းမရှိဘဲ ထိုင်း လူဝင်မှုကြီး ကြပ်ရေးရုံးတွင် ထုတ်ယူရန် အောက်တိုဘာလ ၆ ရက်နေ့က ကြေညာချက် ထုတ်ရာမှ ဆန္ဒပြမှုပြန်လည်ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော MAP Foundation မှ မမိုင်က ပြောသည်။(ဧရာဝတီ.)
(အောက်တိုဘာ ရ၊၂၀၁၀)
ဖြစ်ရပ်-၁။ ။နယ်ခြားစောင့်တပ်(BGF)နှင့် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)မှ တပ်ဖွဲ့ဝင် ၅၉ဦးသည် သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နှင့် လာရောက်ပူးပေါင်း ခဲ့ကြောင်း KNU ဘက်က ထုတ်ဖော်ပြောဆိုသည်။ပြီးခဲ့သည့် သြဂုတ်လ ၁၈ရက်နေ့က တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့သည့်နောက်ပိုင်းမှစ၍ စက်တင်ဘာ လကုန်အထိ နယ်ခြားစောင့်တပ်ဖွဲ့မှ ၃၉ဦး၊ ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် ၂၀ဦးတို့သည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၆)က သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ပြောသည်။
ဖြစ်ရပ်-၂။ ။ထိုင်း-လာအိုနယ်စပ်၊ ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ အလုပ်ထွက်စာတင်ထားသည့် မြန်မာအလုပ်သမားများ လုပ်အားခနှင့် ပတ်စ်ပို့စ် စာရွက်စာတမ်းများကို တောမောင်းရုံးတွင် သွားထုတ်ယူရန် စက်ရုံမှူးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ခြိမ်းခြောက်မှုမျိုးစုံ ခံနေရသည်။အလုပ်ထွက်စာ တင်ထားသည့် မြန်မာအလုပ်သမား (၅၆၉) ဦးအား သေနတ်များဖြင့် ချိန်ရွယ်မှုများပြုလုပ်နေကြောင်း အလုပ်သမားတဦးက ပြောသည်။ယင်းကဲ့သို့ ထိုင်းစက်ရုံ လုံခြုံရေးအဖွဲ့က ပြုလုပ်နေစဉ် မြန်မာအလုပ်သမား အုပ်ချုပ်ရေးအဖွဲ့မှ လူကြီး (၂) ဦး ရှိသော
်လည်း တစုံတရာ တားမြစ်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။(Yoma3)
ဖြစ်ရပ်-၃။ ။ မှန်လုံအမြန်ယာဉ်တစ်စီး ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံတစ်နေရာအတွင်း လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရာတွင် သေဆုံးသူမရှိဟု သိရသည်။ယမန်နေ့ကရနောင်းမြို့တွင် မြန်မာယာယီပတ်စပို့ပြုလုပ်အပြီး မြန်မာနိုင်ငံသားများကို ပြန်လည်တင်ဆောင်လာစဉ် စာမွတ်စာခွန်ခရိုင် မယ့်ဂလောင်မြို့နှင့် မဟာချိုင်မြို့အကြား အဝေးပြေးကားလမ်းမကြီးပေါ်၌ ရောက်ရှိမောင်းနှင်နေစဉ် လမ်းဘေးအရံအတားများနှင့် အရှိန်ပြင်းထန်စွာပွတ်တိုက်မိပြီး လမ်းဘေးထိုးကျခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ သိရသည်။(ကောင်းဝါ)
(အောက်တိုဘာလ ၆ရက်။ ကေအိုင်စီ)
မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တီဗီထပ်ဆင့်လွှင့်ဌာန(မိုက်ခရိုဝေ့ဗ်)အနီးတွင် ယမန်နေ့ည မြန်မာစံတော်ချိန် ၁၀နာရီကျော်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း လူများ ထိခိုက်သေကြေမှုမရှိကြောင်း သိရသည်။
မျက်မြင်သက်သေတစ်ဦးက “ဗုံးက ပေါက်ကွဲသံ အတော်ကျယ်တယ်။ ဒါပေမဲ့ ယမ်းအားပဲရှိပြီး ယမ်းစာမပါဘူးလေ။ နောက်တ ကြောင်းက ညဘက် လူအသွားအလာပြတ်ချိန်ဆိုတော့ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ဗုံးပေါက်တဲ့နေရာတ၀ိုက်က မြက်ပင်တွေ ပဲ သုံးလေးပေလောက် ပြောင်ရှင်းသွားတာ။ မြေကြီးတောင် မလွှင့်ပါဘူး။ ကြည့်ရတာ ချိန်ကိုက်ဗုံးဖြစ်မယ် ထင်တယ်။”ဟု ကေအိုင်စီ
ကို ပြောသည်။အဆိုပါ ဗုံးမပေါက်မီ တရက်အလိုက မြ၀တီမြို့တွင် ဖောက်ခွဲရေးသမား ၀င်ရောက်နေသည်ဟူသော သတင်းကြောင့် ဘုရင့် နောင်လမ်းပေါ်ရှိ မေတ္တာမွန်ဆေးခန်း လမ်းဆုံတွင် ရဲနှင့် ယာဉ်ထိန်းရဲများ ပါဝင်သည့် အဖွဲ့အချို့ လမ်းသွားလမ်းလာ ဆိုင် ကယ်များ၊ ကားများကို လှန်လှောစစ်ဆေးမှုများရှိခဲ့ပြီး နောက်တစ်ညတွင် ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။(KIC)
(အောက်တိုဘာ၅၊ ၂၀၁၀ )
ဖြစ်ရပ် - ၁ ။ ။မလေးရှား လ၀က အရာရှိ နှစ်ဦးသည်တရားဝင်စာရွက်စာတမ်းများမပါရှိပဲ နိုင်ငံခြားသားများအား
လာဘ်ငွေ (ရင်းဂစ်၃၃၆၆၀)ရယူပြီးနိုင်ငံအတွင်းဝင်ရောက်ခဲ့ခြင်းကြောင့်မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်
ရေးကော်မရှင် (MACC)ကဖမ်းဆီးလိုက်ကြောင်းသိရသည်။
ဖြစ်ရပ် - ၂ ။ ။မြန်မာဒုက္ခသည်စခန်း (၂) ခုတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ (၁,၅၀၀) ခန့်ရှိသည့်အနက် သေဆုံးသူ (၂) ဦးရှိပြီး ၀က်တုပ်ကွေးဖြစ်ပွားနေသူ (၅) ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိခဲ့သည်။
တုပ်ကွေးရောဂါ ကူးစက်မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယမ်းမြို့နယ်ရှိ မယ်ရာမိုစခန်းနှင့် မဲ့လာအူးစခန်း (၂) ခု၌ ရောဂါကူးစက်မှုကို ကာကွယ်ရန် ထိုင်းအာဏာပိုင်များက စခန်းအတွင်း ၀င်ထွက်သွားလာမှုများကို ကန့်သတ်လိုက်ပြီး လူစုလူဝေးမလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။(ခေတ်ပြိုင်)
(အောက်တိုဘာ၎၊ ၂၀၁၀)
ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြုလုပ်ပေးနေသည့် ဒုက္ခသည် မှတ်ပုံတင်ခွင့်ကို ရရှိနေသော အဖွဲ့အစည်းများက ယင်းမှတ်ပုံတင်ခွင့်ကို အကျိုးစီးပွားအတွက် ရောင်းစားနေကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) (NLD-LA)၊ ဗမာဒုက္ခသည် ကယ်ဆယ်ရေး အသင်း (BRO)၊ ချင်းဒုက္ခသည်ကော်မတီ (Chin Refugee Committee-CRC)၊ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ (ARRC) အပါအဝင် အဖွဲ့အစည်းများက ယင်းသို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မျက်မြင်သက်သေ မြန်မာအသိုင်းအ၀န်းက ပြောသည်။
ဖြစ်ရပ်-၂။ ။ ဘန်ကောက်မြို့စီးပွားရေး အချက်အချာကျသည့် ဆူကွန်ဗစ် လမ်းကြီးပေါ်တွင် မြန်မာကလေးငယ်များ ပါဝင်သည့် ညစ်ညမ်း ဗီစီဒီနှင့် ဒီဗီဒီ အခွေများကို လွတ်လပ်စွာ ရောင်းချနေကြောင်း သိရသည်။ဆူကွန်ဗစ် လမ်းမကြီးပေါ်ရှိ ဆွိုင် ၃ နှင့် ဆွိုင်၂၁ လမ်းများအတွင်း ယင်းတရားမ၀င် ညစ်ညမ်းခွေများ ရောင်းချနေပြီး မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဥရောပမှ ကလေးငယ်
များ ပါဝင်ကြောင်း၊ နောက်ဆုံးထုတ် ဟောလီးဝုဒ် ရုပ်ရှင် ခိုးကူးခွေများနှင့်အတူ ရောနှောရောင်းချ နေခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသား ထားသည်။ကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေများ၏ တန်ဘိုးမှာ ဗီစီဒီ တချပ်လျှင် ဘတ် ၈၀ (၂၄၀၀ ကျပ်ခန့်) ဖြစ်ပြီး တချို့သော အခွေများ၏ မျက်နှာဖုံးတွင် ကလေးငယ်များကို လိင်ဆက်ဆံနေသည့် ပုံများဖြင့် ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင် ကြော်ငြာထားကြောင်း၊ ကလေးငယ်တချို့မှာ အသက်အားဖြင့် ၇ နှစ်ခန့်သာရှိမည် ဖြစ်ကြောင်း သိရသည်။ (ဧရာဝတီ.)
(အောက်တိုဘာ ၁၊ ၂၀၁၀)
ဖြစ်ရပ် - ၁ ။ ။ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏အခွင့်အရေးများကိုလည်းအကာအကွယ်ပေးရန်တောင်းဆိုလိုက်သည်။ရွှေ့ပြောင်းအလုပ်
သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။(ခေတ်ပြိုင်)
ဖြစ်ရပ် - ၂ ။ ။ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများထဲမှ မိသားစုစီးပွားရေးအတွက် ဈေး ဆိုင်ခန်းဖွင့်သော အိမ်ထောင်စုများကို စခန်းတာဝန်ရှိသူများက ယနေ့တွင် တွေ့ဆုံစိစစ်ပြီး ရိက္ခာလျှော့ သင့်ပါက လျှော့ပေးသွားမည်ဟု စခန်းတာဝန်ရှိသူတဦး ပြောသည်။
“ဒီနေ့ မနက် ၉နာရီမှာ ကျနော်တို့ စခန်းတာဝန်ရှိသူတွေက ဇုံအေနှင့် ဇုံဘီရှိတဲ့ ဆိုင်ရောင်းတဲ့ သူတွေကို တွေ့ဆုံစိစစ်တယ်။ ဇုံစီမှာကျတော့ တနင်္လာနေ့မှ သွားစိစစ်ဖြစ်မယ်။ ဒီလိုလုပ်ရတာက စခန်းရှိ ဈေးဆိုင် တွေရဲ့ အခြေအနေတွေကို သိဖို့၊ ဒိုနာ (Donor) တွေ မေးလာရင် ရှင်းပြနိုင်ဖို့၊ အခုချိန်မှာ အကူအညီတွေ နည်းလာတယ်။ ဒိုနာတွေက ရိက္ခာတွေ ဖြတ်ဖို့ ရှိလာတဲ့အပေါ် အခုလို လုပ်ရတာဖြစ်တယ်။”ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ပြောသည်။ ဒုက္ခသည်များကို အကူအညီပေးနေသည့် (TBBC)၏ အကြံပြုချက်အပေါ် စခန်းတာဝန်ရှိသူများကလည်း အပြန်အလှန်ဆွေးနွေးပြီး ဒုက္ခသည်များအတွက် ကြီးကြီးမားမားနစ်နာမှုမရှိအောင် ရိက္ခာလျှော့မည့် ယခု အစီအစဉ်ကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။(KIC)
(အောက်တိုဘာ-၁၄ ၊ ၂၀၁၀)

No comments:
Post a Comment