ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 21, 2010

ခေါင်းဆောင်အပေါ်ဘယ်လိုသစ္စာရှိမလဲ

> လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကျမတို့ ခေါင်းဆောင် ကို ကျမ
တို့လေးစာချစ်ခင်တာ အားကိုးတာ ဟာ ဗိုလ်ချုပ်သမီးဖြစ်ရုံသက်သက်ကြောင့်
မဟုတ်ပါဘူး သူ့ ရဲ့ပေးဆပ်မှုစွန့် လွှတ်အနစ်နာခံမှု နဲ
့ခိုင်ကြည်တဲ့ဇွဲလုံ့ လကြောင့် ဖြစ်ပါတယ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို တည်ထောင်ကာစက ကျမ
ကမျိုးချစ်တပ်ဦးလူငယ်အဖွဲ့ ချုပ် မှာရှိနှင့်ပြီးသားပါ။ ကျမတို
့တပ်ဦးကရှစ်လေးလုံးက
ဖြစ်ပေါ်လာတဲ့ တပ်ဦးပါ ။ ဗိုလ်ချုပ်ကြီး တင်ဦး(NLDဒုဥက္ကဌ)အကူအညီယူပြီး
ဗိုလ်မှုးကြီးကျော်ဆန်းသားငယ်ရဲ့ဦးဆောင်မှုနဲ့ အဲဒီ့မျိုးချစ်တပ်ဦးမှာ
ကျမတို့ မဆလနဲမဆလအလွန်စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တယ်။ ကျမတို
့တပ်ဦးကနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြရမယ် ဆိုတော့ မြေအောက်
ရောက်သွားခဲ့ပါတယ် ။

မြေအောက်လှုပ်ရှားမှုမှာ လိုအပ်ရင် လက်နက်ကိုင် ဖို
့ကျမတို့မျိုးချစ်လူငယ် ၁၀၀ ထဲ က
၅၀ကျော်လောက်ကကိုယ်ခံပညာတွေသင်ကြာခဲ့ကြတယ်။
အဲဒီ့အချိန်မှာ ပါတီက စတင်ရှင်သန်နေပါပြီ ကျမ ပါတီနဲခပ်ဝေးဝေးပဲ
လူငယ်စိတ်ကြောင့်လားမသိ စစ်အာဏာရှင်အောက် ကရွေးကောက်ပွဲလုပ်ပေးမှာ
ကိုသံသယရှိနေခဲ့တယ် ။ ၁၉၈၉ မတ်လ လည်မှာတော့ကိုယ့်တပ်ဦးရဲ့
လုပ်ငန်းစဉ်တခုဖြစ်တဲ့ ပျောက်ကျားဆန္ဒပြမှု နဲ့  ပြည်သူကြားပြောလွှားပြီး
တရားဟောဖို့ ကို ကျမ နဲ့ အတူ ကျမတို့ တပ်ဦးရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌတို့ က
တာဝန်ယူခဲ့ကြတယ်။ အဲဒီမှာ ကျမနဲ့ ဒုဥက္ကဌ ထောင်ထဲရောက်ခဲ့တယ်ပေါ့-
ဥက္ကဌ ကိုတော့ ကျမတို့  က အကာအကွယ်ပေးပြီးအမှုက လွှတ်စေခဲ့တယ်။

ကျမကို စစ်ခုံရုံးမှာ ပုဒ်မ ၅(ည) နဲ့ ရုံးတင်စစ်ဆေးနေဆဲ
ရုံးထုတ်ရက်တရက်အပြန်မှာ ထောင်ထဲပြန်အသွင်းထောင်ဗူးဝ မှာအသက် (၄၀)
ဝန်းကျင်
လူကြီးသုံးယောက်က လက်ထိတ်တွေနဲ့  ကျမနာမည်လည်း ပြောနေတယ်
အဲဒါ--------ပေါ့ တဲ့ ကျမ က ဘယ်က လူဆိုးတွေ ငါ့နာမည်ခေါ်လည်းဆိုပြီး ဂျို
ကြည့် ကြည့်လိုက်သေးတယ် ။ လူရည်သန့် တွေ
မှန်းတော့သတိထားမိပေမဲ့အင်းစိန်ထောင်ဗူးအ၀င်မှာမဟုတ်လား ?
နောက်တပတ်ရမန် ယူတဲ့ နေ့ မှာတော့ တရားသူကြီးက ကျမနဲ့ 
ဒုဥက္ကဌကိုဇော်ဇော်ရှိန် ကို ဆင့်ခေါ်ပြီး အမှု ကိုရုတ်သိမ်းကြောင်း နဲ
့တရားခံ(၁) ဖြစ်တဲ့ မြို
့လည်လမ်းမပေါ်အလံကိုင်ပြီးတရားဟောတဲ့ကျမဟာအသက်မပြည့်သေးတဲ့
သူဖြစ်ပြီးကျမကို ကြိုးကိုင်သူတွေကိုတော့ ဖမ်းမိတဲ့ အတွက် ကျမနဲ့ အတူ
ဒုဥက္ကဌ က ဒီအမှုမှာလွှတ်ငြိမ်းခွင့် နဲ့ လွှတ်လိုက်ပါတယ် ဆိုတာပြောတော့ ကျမ
ဝမ်းမသာပဲ ရင်ထဲစို့ သွားတယ် ကြိုးကိုင်သူတွေ တဲ့  ဟိုတပတ်က
ထောင်ဗူးဝမှာတွေ့ တဲ့  သုံးယောက် သူတို့ ကို ကျမသိလည်းမသိ
မြင်လည်းမမြင်ဖူး --ဘုရားရေဒီတော့ တရားသူကြီးဆီက လွှတ်လိုက်တာနဲ့  ကျမကို
ထမင်းလာကျွေးတဲ့ မိသားစုတွေကျမတို့ရုံးထုတ်တာကို ၀န်းရံစောင့်ကြည့်တဲ့
ပင်နီဝတ် ထားတဲ့ပါတီဝင်တွေကို ကျမ ဘယ်လိုဖြစ်တာလဲ မေးတဲ့အခါ
ကျမထောင်မကျအောင် ကျမတို့ အင်းစိန်မြို့ နယ်
အမျိုးသားဒီမိုကရေစီအဖွဲချုပ် က အဖွဲ့ ချုပ်ထူထောင်ကာစ မြို့ နယ် စည်း
တွေ က ထောင်ကျခံပြီး
ကယ်ခဲ့တာပါ။ကျမ -----------အသက် (၁၆) နှစ်
ကိုအိမ်မှာဝိုင်းဖမ်းသွားတယ်လို့  အင်းစိန်မြို
့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ အတွင်းရေးမှုး ရှေ့နေ
ဦးဝင်းရွှေ(သေဆုံး) က ကြားကြားခြင်း အဖွဲ့ ချုပ် မြို့ နယ်
ဥက္ကဌဦးချစ်ခိုင်(ယခု ဧဒင် ကွန်စတက်ရှင်) ဒုဥက္ကဌ ဦးသိန်းထွန်း တို
့နဲ့တိုင်ပင်ပြီး အင်းစိန် မ၀တ
ဥက္ကဌ ဗိုလ်မှုးဆီစာတင်တယ် စာပါအကြောင့း်အရာကအသက်မပြည့်တဲ့ ကျောင်းသူ
-------------ကိုပြန်လွှတ်ပေးပါ ပြန်မလွှတ်ပေးရင်နောင်ဖြစ်လာမဲ့ အကျိုးဆက်
က မ၀တ တာဝန်သာဖြစ်တယ် လို့  ရှေ့နေဦးဝင်းရွှေရဲ့ရေးသားမှုကို
ဦးချစ်ခိုင်နဲ့ ဦးသိန်းထွန်း တို့ က လက်မှတ်ထိုးလိုက်ကြပါတယ်။။
ဒီလိုတင်ပြတောင်းဆိုမှု ကြောင့် အဲဒီ့ မြို့ နယ် စည်း (၃)ဦးလုံးဟာ
ကျမကိုထောင်ထဲက ဆွဲ ထုတ်ပြီး သူတို့ ထောင်ထဲ ၀င်သွားရတယ်ထောင်ကျရုံမက
ဘ၀တွေယုံကြည်ချက် နဲ့ သွေဖီတဲ့ လမ်းကို မိသားစုအရေး
ကြောင့်ပြောင်းပစ်ခဲ့ရတဲ့ ဧဒင် ကွန်စတက်ရှင် က သူဌေးဦးချစ်ခိုင် နဲ့ 
သေရွာသွားတဲ့ အထိ
ထောင်ထဲ ကဒဏ်ရာရင်ထဲဒဏ်ရာမပျောက်သွားခဲ့ရတဲ့  ရှေ့နေဦးဝင်ရွှေ တို့  ရဲ့
ကျမလို ကျောင်းသား လူငယ်ကို ကယ်တင်ခဲ့ တဲ့အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် မြို့ နယ် စည်း တွေရဲ့ ရပ်တည်ပေးဆပ်မှူတွေ ဟာ ကျမ မေ့လို
့ရနိုင်ပါ့မလား
အဲဒီလို နဲ့ ပဲ ----စာရေးတောင်းသူ ရှေ့နေ ဦးဝင်ရွှေက
ထောင်တစ်နှစ်ခွဲလက်မှတ်ထိုးသူ ဧဒင် ဦးချစ်ခိုင်နဲ
့ကျောင်းဆရာဦးသိန်းထွန်းတို့ က ထောင်ဒဏ်
၁ နှစ်စီ ကျခံလိုက်ရပြီး ကျမ ကတော့ လွတ်မြောက်ခဲ့ရပါတယ်။
ဒါကျမအကြောင်းကျမပြောပြချင်တာထက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဟာ စတင်
တည်ထောင်စက စပြီး ကျောင်းသားပြည်သူအပေါ်အနစ်နာခံပြီးရပ်တည်ခဲ့တဲ့ ပါတီပါ
-ကျမပါတီဝင်မဟုတ်ပေမဲ့  မဲထဲ့ခွင့်ရဖို့ အသက်မပြည့်သေးပေမဲ့ 
NLD အောင်နိုင်ရေးအတွက်အဖွဲ့ ချုပ် ဖက်က ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ် ။
ဒါပေမဲ့ အဲလို ကိုယ်ကျိုးစွန့် ခဲ့တဲ့ သူတွေ က အမတ်မလုပ်ပဲ
ဦးစိန်လှဦးလို လူမျိုးတွေ အတွက် ကျမတို့ မဲဆွယ်ပေးခဲ့ရတော့
ကောင်းကျိုးဆိုးကျိုး ကို
ကျမတို့ သုံးသပ်လေ့လာလိုက်ရင် ကျောင်းသားပြည်သူဖြစ်တဲ့ကျမတို
့ကိုယ်တိုင် အားနည်းခဲ့တယ်လို့ ပဲ ဆိုရပါလိမ့် မယ် ။

အဖွဲ့ ချုပ် ကနေ ဘယ်သူတွေ ပေါ်ထွက်လာလဲ မေးရင်း ကလေးဘ၀ထဲ
ကထောင်ထဲတူတူတွဲဝင်ပြီး ၁၉၉၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာ
ကျမမြို့ နယ်လူငယ်တာဝန်ယူစဉ်မှာပဲ သူငယ်ချင်းကိုပါတီအလုပ်တွေ တွဲလုပ်ဖို
့ကျမသွားခေါ်ခဲ့တယ် သူက ခု ၂၀၀၇ မှာကမ္ဘာသိဖြစ်ခဲ့တဲ့ သင်းသင်းအေး(ခ)
မီးမီး ပါပဲ ။ ပြီးတော့ စုစုနွေးပြီးတော့ ဖြူဖြူသင်း ပြီးတော့
ကိုထင်ကျော်ပြီးတော့ နေဘုန်းလတ်ဒီလူငယ်တွေ ကတော့ကမ္ဘာသိပေါ့ အတိုင်းအတာ
တစ်ခုထိ လူသိသူသိ ရှိသလိုလူလုံးဝမသိတဲ့ အငြိမ်ရွှေ့နေတဲ့
လူငယ်ကလေးတွေအများကြီး ရဲရဲရင့်ရင့် လှုတ်ရှားနေဆဲပါပဲ ။
ကျမကော ဘယ်လို ကြောင့် အဖွဲ့ ချုပ်ရောက်လဲ ဆို စောစောက
ထောင်ကျသွားတဲ့သုံးဦးထဲ လုံးက ထောင်ကပြန်လွှတ်တဲ့အခါ ကျမအပေါ်သူတို
့သမီးလေးလို တူမလေးလို ခင်မင်လေးစားကြပါတယ် ။မိသားစုနဲ့သမီးတွေ
သိတ်အလွှမ်းမိုးခံရတဲ့ ဧဒင်ဦးချစ်ခိုင်
ဆိုရင်နိုင်ငံရေးသာမလုပ်ရဲရှိတော့တယ်
ကိုယ့်အပေါ်တော့ ခင်မင်လေးစာဆဲ ပါ ။ ၁၉၉၅မှာ လူထုခေါင်းဆောင် ပြန်လွှတ်တော့
ကျမ ကို မြို့ နယ်လူငယ်အဖြစ်တောင် မရပ်တည်ခိုင်းပဲ မြို့နယ်
လူယ်ခေါင်းဆောင်အဖြစ်တာဝန်တန်းပေးခဲ့တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌတစ်ဦးကပါ ။ဘယ်လိုအမျော်အမြင်နဲ့ လဲဆိုရင်ကျောင်းသာလှုတ်ရှား
မှုမှာသတ္တိရှိတာနဲ့ ဇတ်ဇတ်ကြဲ အမှန်ကိုပြောရဲတာသူတို့  လိုအပ်လို့ပေါ့လေ
--တဲ့ဒီလိုနဲ့ ကျမ ဟာအဖွဲ့ ချုပ် ရဲ့
သစ္စာကိုစောင့်သိရမဲ့အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် လူငယ်ဖြစ်ခဲ့ပါတယ် ။
သစ္စာစောင့်သိတယ်ဆိုရာမှာခေါင်းဆောင်
ကိုနောက်လိုက်ကောင်းတစ်ယောက်သဖွယ်ကျိုးကြောင်းဆင်ခြင်ပြီးထောက်ပြပြောဆိုနေတာလို
့ကျမနားလည်
တဲ့အတွက် အဖွဲ့ ချုပ် မှာ အန်တီ အားနည်းတဲ့ အချက်ရှိရင်တောင် တင်ပြဖို
့ရာကျမ၀န်မလေးခဲ့ပါဘူး
(မကြာခင်ကမှထောင်က လွှတ်လာတဲ့ အန်ကယ်(လ်)ဦးဝင်းထိန်တို့ပိုသိကြပါတယ်)
၁၉၉၅ ၁၉၉၆ ကာလ လွန် အကြတ်အတည်းတွေ မှာ ကျမတို့ ဟာ
မျက်ရည်တွေအကြိမ်ကြိမ်ကျရပြီး ခေါင်းဆောင်ရဲ့ လူငယ်ထုအပေါ်ထားတဲ့
စိတ်စေတနာ
တွေ ကို ဘယ်လို တုန့်ပြန်ရမှန်းမသိရအောင်ကိုယ့်ကိုယ်ကိုယ်မကြေမနပ်ဖြစ်ခဲ့ပါတယ်
။ဂွတ်တလိပ်လမ်းဆုံ(ဦးချစ်မောင်လမ်း)ကို အရထွက်ခဲ့တယ်
ကျမတို့ တွေရိုက်နှက်ခံခဲ့ရတယ် အဖွါးအိုတွေ တင်ပါးတွေ ကျော်တွေမှာရာဘာ
ဒုတ်ရာတွေ နဲ့  ဒါကို အန်တီ မြင်ပြီး သူ့ မျက်ဝန်းက၀ိုင်းနေပြီးကျလုမတ
မျက်ရည်တွေ ကို ပြန်သိမ်းနေရတာတွေ ကျမရင်ထဲမချိခဲ့ပါဘူး ။
၁၉၉၆ ဒီဇင်ဘာကျတော့ ကျောင်းသားထု က ခပ်ရင့်ရင့် နဲ
့ဘယ်ပါတီနိုင်ငံရေးမှမပါရဘူး ကျောင်းသားသမဂ္ဂပဲ တောင်းမယ် ဆိုပြီး၁၉၉၆
ဒီဇင်ဘာပွဲ
ကို ကျမလို နိုင်ငံရေးပါတီက လူမြင်တာနဲ့ တောင်ကြိုးဝိုင်းထဲပေးမ၀င်တဲ့
အချိန်မှာ အန်တီ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဟာ ဘယ်သူ့ အတွက်
ထူထောင်တာလဲ ဘယ်သူတွေ ရှေ့မားမားမတ်မတ်ရပ်ရမလဲ ဆိုတဲ့မေးခွန်း ကိုသာမေးခဲ့ပါတယ် ။။
ဘာလုပ် --ဘာလုပ်ပါလို့ 
မညွန်ကြားခဲ့ပါဘူးအညွှန်ကြားခံချင်သူဟာအလုပ်မလုပ်ချင်တဲ့သူတွေပဲလို
့လည်းအန်တီပြောခဲ့ပါတယ်။ဒီတော့ အန်တီ က ဘာကို
ညွှန်ကြားရမှာလဲ ကိုယ်လုပ်ရမှာကိုယ်သိရမှာပေါ့ အန်တီ့လို
့ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်ကို ညွှန်ကြားခိုင်းနေသူက နိုင်ငံရေးနဲ
့အတော်ဝေးနေသူ
နိုင်ငံရေး အသိမရှိသူနိုင်ငံရေးမှာဘယ်သူ့အကျိုးကိုမှမစွမ်းဆောင်ဖူးသူပဲဖြစ်ပါလိမ့်မယ်။

၉၆ ကျောင်းသားတွေဟာ လူထုခေါင်းဆောင်ရဲ့နေအိမ် ခြံဝင်း တွင်း
ကိုရဲရဲရင့်ရင့် ပဲ ၀င်ထွက် ခဲ့ကြပြီး ဘဘဦးကြည်မောင်ဦးဆောင်တဲ့ ကျမတို
့စာဖတ်ဝိုင်းမှာ
ပါဝင်ခဲ့ကြတယ်။ အန်တီနဲ့ လည်းထိတွေမှု တွေရှိခဲ့တယ် ဒေါ်အောင်ဆန်းစုကြည်
က၁၉၉၆ ကျောင်းသား တွေ သမဂ္ဂတောင်းနေပြီ ဆိုတဲ့ အခါ ကျောင်းသား
တွေကနိုင်ငံရေးမပါဘူးဆိုတဲ့ ကြွေးကျော်မှုအပေါ်သူနားလည်မှုပေးနိုင်ခဲ့ပြီး
ပါတီလူငယ်တွေ ကို တော့ ဗိုလ်ချုပ်တိုလက်ထက်က လူမိုက်အလိုရှိသည် ဆိုတဲ့
ဆောင်ပုဒ်လေးကိုပြောပြခဲ့တယ်။ ပြီးတော့ ဒီကျောင်းသားလှုတ်ရှားမှုမှာ
လူငယ်တွေပါသင့်လားမပါသင့် ဘူးလားဆိုတာ ကို လူငယ်တွေကိုယ်တိုင်ကိုယ့်
ဖာသာဆုံးဖြတ်စေတယ် ။ ကဲ နင်တို့ သွားဆန္ဒပြချေ လိုခေါင်းဆောင်က
မပြောခဲ့ပါဘူး သူ့ နောက်လိုက်တွေရဲ့ အရည်အချင်း ကိုလည်း
မညံ့ဖျင်းစေခဲ့ပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တဲ့ စကားပေါ်မှာ
လူငယ်တွေလည်းသဘောထားကွဲခဲ့ကြပါတယ် ။ဗိုလ်ချုပ် တို့ ခေတ်က
သမိုင်းကြောင်းတောင်မသိတဲ့
ကျမတို့ ထက် အသက်ကြီးတဲ့ တိုင်းလူငယ် တချို့ ဆို လူမိုက်အလိုရှိတယ် ဆိုတာ
ငါတို့ ကို လူမိုက်မလုပ်နဲ့ပြောတာကွ ဆိုပြီး အရေးအကြောင်းရှိရင် ရှောင်
တိမ်းချင်တဲံသူတွေ တလွဲတွေးပြီး တလွဲ ယူဆခဲ့ကြပါတယ်
။အလုပ်မလုပ်ချင်ရင်ညွှန်ကြားချက် တောင်းကြတယ် ဆိုတဲ့ စကားကိုလည်း
ညွန်ကြားချက်
ရှိမှလုပ်ရမယ် လို့ ယူဆပြီး ၁၉၉၆ ဒီဇင်ဘာကျောင်းသားအရေးကို ၀န်းရံခဲ့တဲ့
ပံ့ပိုးခဲ့တဲ့ရန်သူနဲ့ ထိပ်တိုက်တွေ့ တဲ့ မှောင်မဲ တဲ့ ညနက်ထဲ မှာ
ကျောင်းသားတွေ ကိုရောနှောပြီး အားဖြည့်ပါဝင်ခဲ့တဲ့ ကျမတို့ ကို အပစ်တင်ခဲ့ကြပါတယ် ။
ခေါင်းဆောင်ကို နေရာတကာ ခေါင်းပုံချချင်သူတွေ က ကိုယ်ပိုင်အစွမ်းအစမရှိသူ
လို့ ကျမတို့ ယူဆပြီး ကျမတို့ လုပ်သင့်တာတွေ ကျမတို့ လုပ်လာခဲ့ကြ
ပါတယ် ။
ကျမတို့ ဟာ ခေါင်းဆောင်ကိုချစ်ရုံသက်သက် ကြည်ညိုလေးစားရုံသက်သက် နဲ
့တော့ကျမတို့ ရည်မှန်းတဲ့ ပန်းတိုင်ကိုမရောက်နိုင်ဘူးလို့ ကျမ က
နားလည်တယ် ။သူမျှော်မှန်းတဲ့ ပန်းတိုင်ကိုသူကိုယ်တိုင်က ချီတက်ဖို
့ခက်ခဲနေတဲ့အချိန် ပိတ်ပင်တားဆီးခံထားရတဲ့အချိန်မှာ ကျမတို့ က
အိုက်ပန်းတိုင်ကို
အရောက်သွားရလိမ့်မယ်ဒါဟာခေါင်းဆောင်အပေါ်သစ္စာရှိတာပဲ ။
သူမ မှလုပ်နိုင်တာကိုး တို့ က ဘာမှ မှ မဟုတ်တာလို
့ခေါင်းဆောင်ကိုမြှောက်သယောင်နဲ့  ပုံချချင်သူတွေလည်း ဒုနဲ့ ဒေးပါ။ဒီမှာ
သတိရလို့  ဖြစ်စဉ်
လေးတစ်ခု တင်ပြချင်ပါတယ် ၁၉၉၆ အစောပိုင်း ကာလမှာNLD ညီလာခံခေါ်ဖို
့ပြင်ဆင်မှုအပေါ်နက်ဖန် ညီလာခံ ခေါ်မယ် ဆိုတာ နဲ့  ညဖက်မှာပဲ
ကျမ ကိုလာဖမ်းပါတယ်အင်းစိန်ရဲစခန်းကပါပဲ ။ ကျမကလည်း အပြင်ကအပြန်
အိမ်ထဲဝင်ပြီး အခြေအနေမကောင်းဘူး ဒီနေ့ ည လာခေါ်နိုင်တယ်လို
အိမ်သားတွေ ကို စကားပြောလို့ မဆုံးခင်မှာရဲကား အိမ်ရှေ့ရပ်တော့ တာပါပဲ ။
ကြိုတင် သိနေတဲ့ ကျမလိုက်သွားပါတယ်ညီမတွေကတော့
အမ ကိုဖမ်းသွားပြန်ပြီဆိုပြီး
ညီမ အလတ်မ ဆို အရူးလိုပဲ ကားနောက်ပြေးလိုက်တာ -ဖမ်းသွားတာ ရဲစခန်း ကျမတို
့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထောင်ကိုမကြောက်ပေမဲ့
ရဲစခန်းကိုတော့ လန့်ပါတယ်ဘာ့ကြောင့် လဲ ဆို ရာဇ၀တ် သားတွေ နဲ့ ရောနှော
ထားလို့ ပါ ။ ကျမကိုကျားပါးစပ် ကနေတဆင့် အချုတ် ထဲ သူတို့ သွင်းလိုက်
တော့ အင်းစိန်မြို့ နယ် က အမျိုးသမီးအဖွဲ့ ဝင်
ဒေါ်ခင်မြင့်မြင့်ကရောက်နှင့်နေပါတယ် ။ ရဲစခန်း အချုတ်ဆိုတော့
ယောင်္ကျားလေးမိန်းမလေး နံရံက
ကပ်ရပ်မဟုတ်လား ။ ယောင်္ကျားလေးဘက်မှာ မြို့ နယ်စည်း၆ယောက် လူငယ်တာဝန်ခံ
ကိုသက်လွင်(ကွယ်လွန်)တို့  က ဟေးးးးး----------နင်ရောက်ပြီလားလို့ 
အော်မေးကြတယ် ကျမ လည်းထုံးစံအတိုင်းပေါ့ လို
့အော်ပြောလိုက်ပါတယ်။ပြောချင်တာ က အဲ ဒီ အဖမ်းခံရတဲ့ မြို့ နယ်စည်း
လူကြီး ၇ယောက် နဲ့ လူငယ်တာဝန်ခံ ၂ယောက် စုစုပေါင်း ကိုးယောက်ထဲမှာတောင်
စစ်အုပ်စု က လိုသလို သွေးခွဲစည်းရုံးပြီး အချုတ် ကနေ ထုတ်သွားပါတယ်
။ နာမည်တော့ မပြောလိုပါဘူး တစ်ယောက်ဆို ကျမကို ခေါက်ဆွဲကြော်ထဲ စာထဲ့ပြီး
မြို့ နယ်မှုးဆွေးနွေးမှု ကိုစိတ်ပါပါ မပါပါ လက်ခံ ဖို့  ပြောဖူးပါတယ် ။
အဲဒီ့ အချုပ်အနှောင်ကိစ္စ ကတော့ တစ်တိုင်းပြည်လုံးမှာ လှုပ်ရှားနေတဲ့ 
NLD မှန်သမျှ အချုတ်ခံရတဲ့ ကာလပါ ။ကာလက တိုပေမဲ့ ဒေါ်အောင်ဆန်းစု
ကြည် ခေါင်းဆောင်တဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညီလာခံ ခေါ်မဲ့အရေး
ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။
ဒီလို အချုတ်အနှောင် ကာလတိုလေး ခံရတာတောင် ဘက်ပြောင်းသွားတဲ့
သူတွေရှိသေးတာပဲ ဆိုတော့ ခေါင်းဆောင်အပေါ်သစ္စာမထားနိုင်ကြလို့ ပေါ့
လို့  ကျမ နားလည်ခဲ့ပါတယ် ။ဟော ခု ကျော်ဖြတ် ရမဲ့  စစ်အုပ်စုအဓမ္မ လုပ်မဲ
့ ရွေးကောက်ပွဲ ကိုကျတော့ရော -------- စစ်အုပ်စုက သူ့ ရဲ့ Rood Map
အတိုင်း ရွေးကောက်ပွဲ ဆိုတဲ့ အဆင့်ကိုရောက်လာပြီ သူတို
့လုပ်ခဲ့တဲ့ညောင်နှစ်ပင်ရဲ့ အဖြေ ကို ၂၀၀၈ နာဂစ်
မှာအကောင်အထည်ဖေါ်လိုက်ပြီ
ကဲ ကျမတို့  ဘာဆက်လုပ်မလဲ ?အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဘာလုပ်မလဲ
?နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ တော်လှန်ရေး အင်အားစုရဲ့စိတ်အ၀င်စားဆုံး
အခြေအနေ ပြီးတော့ မြန်မာပြည်သူလူထုထဲက မျက်စိနားဖွင့်ထားနိုင်တဲ့
ပြည်သူတချို့ ရဲ့ အာရုံစိုက်မှု အဲဒါတွေ က အဖွဲချုပ် ကြီးပေါ်မှာ
စုပြုံကျနေပြီ။
ကျမတို့ ကလည်း အဖွဲ့ ချုပ်သာ ရွေးကောက်ပွဲ ကို မှတ်ပုံတင်ခဲ့ရင် ၂၀၀၈
အခြေခံဥပဒေကိုသာသွားပတ်သတ်ရင်ကျမ တို့ ကိုယ်တိုင် အဖွဲ့ ချုပ်
ကို ကန့် ကွက်ချုံ့ ချမယ်ပေါ့ ။။ ယုံကြည်ထားတဲ့ အချက်တခု က ဦးဝင်းတင်
ပဲ သူ့ ကို ကျမတို့ အားကိုးအားထားပိုကြီးမားလာတယ်
သူက တိုက်စစ်မှုးနေရာ မှာရှိ တယ။် ဘဘဦးဝင်းတင်ရယ်လို့ ယုံကြည်ခဲ့တာ
သူထောင်က ထွက်တဲ့ အချိန်မှပါ ။ ကျမနဲ့ ဘဘ ရင်းနှီးမှုတခါမှမရှိခဲ့ပါဘူး
၁၉၈၉ တုန်းက ဘဘတို့ ကို စစ်ခုံရုံးထုတ်ချိန် ကျမ ကပြန်လွတ်လာချိန် နဲ
့တိုက်ဆိုင်တော့ ဘဘတို့ခုံရုံးတင်စစ်နေတာ ကျမတို သွားကြည့်ကြရပါတယ်
ကိုစိုးသိန်း(စစ်ကိုနိုင်) မသူဇာတို့ နဲ့  အမှုတွဲပြီးစစ်နေတာပေါ့ အဲဒီ
့မှာ ထောင်ရဲ့စစ်ခုံရုံးမှာ သာမြင်ဖူးပြီး ခု ချိန် ထိ ဓါတ်ပုံ တွေ
မှာသာကြည့်ခွင့်ရတာပါ
ဒါပေမဲ့ နေ့ တဓူဝအမြဲ ထိတွေ့ ဆက်ဆံ ခဲ့တဲ့
စီအီးစီတွေကို(ဦးတင်ဦး၊ဦးကြည်မောင်မှလွဲ၍) ကျမ ဘာ့ကြောင့်
အားကိုးအားထားမှုမရှိခဲ့တာလဲ မေးရင် တခါမှ မမျော်လင့်ခဲ့ဖူးလို့ ပါ။
သူတို့ ကစွမ်းဆောင်ရည် ညံ့သူတွေမဟုတ်မှန်းသိပါတယ် သိပေမဲ့ တကယ်
တိုက်စစ်မှူးနေရာ စစ်သူကြီးနေရာ မှာ
ဒီပုဂိုလ်တွေ မစွမ်းသာဖူးလို့ နားလည်ခဲ့လို့ ပါပဲ ။
ဒါကတော့ ဘဘဦးဝင်းတင်ဆိုတဲ့ပုဂိုလ်အပေါ် ပုဂိုလ်စွဲ
မရှိခဲ့ပဲယုံကြည်အားထားကြောင်း တင်ပြမှုပါ ။

အဖွဲ့ ချုပ် က ၂၀၀၈ အခြေခံဥပဒေ တရားမမျှတတာ ရွေးကောက်ပွဲ ကို
ထပ်မှတ်ပုံတင်စရာမလိုတာကို ပြောင်ပြောင်တင်းတင်း ဦးဝင်းတင် က
စပြောနေပါပြီ
ဒေါ်အောင်ဆန်းစုကြည် ဘယ်သူ့ ဘယ်ဝါ့ ကိုမှမညွန်ကြားပါဘူး
ဦးဝင်းတင်ကသူလုပ်ရမဲ့ သမိုင်းသူလုပ်သင့်တဲ့ အမှန်တရားကို ဘယ်သူ
့ညွှန်ကြားချက်မှ မပါပဲရဲရဲပြောနေတဲ့အခါ ဦးဝင်းတင် က
ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ အတွက် အသံတစ်သံတည်းထွက်မလာခဲ့ပါဘူး ။
ပြည်ပကတော့ အော်တာပေါ့
ရဲရဲတောက် တွေ အပမ်းကြီးတဲ့ စွန့် စားရမှူမျိုးမှမဟုတ်ပဲ ။
ဒေါ်အောင်ဆန်းစုကြည် ဟာ စကားတွေ ကို ပါးပါးနပ်နပ် နဲ့  သူ
့အမြင်နဲ့ယုံကြည်ချက်တွေ လက်ဆင့်ကမ်းရင်းကနေ ဘူးသီး တစ်လုံးကို
အမျိုးသမီးအဖွဲ့ 
ကို ပေးလိုက်ပါတယ် ။ အယူအဆမျိုးစုံ နဲ့  အငြင်းပွါးနေရတဲ့ NLD တွေ
လည်းသဘောပေါက်သွားတယ် ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ ပြင်ဆင်နေတဲ့
ဦးအောင်ရွှေလည်း ပါးစပ်ပိတ်သွားတယ် ။မတ်လ (၂၉) ရက် နေ့  NLD
ရဲ့အဆုံးအဖြတ် ဟာ NLD ပါတီဝင်ဖြစ်ခဲ့ရတဲ့ တလျောက် မှာဂုဏ်သိက္ခါအရှိဆုံး
နဲ့  အခြားတော်လှန်ရေး အင်အားစုကြားမျက်နှာ မငယ်ရဆုံး နေ့  တနေ့အဖြစ်
ကိုယ်ကိုယ်တိုင် ကြည်နူးကြေနပ် ခဲ့ရတယ် ။

NLD မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူး ဆို
တဲ့သဘောထားတစ်ရပ်ရဲ့နောက်ဆက်တွဲ မှာ ကျမ တို့ ဘာလုပ်ကြမလဲ ပြည်ပ က
လူတွေဘာလုပ်နိုင်ခဲ့လို
့လဲ နိုင်ငံတာကာ က ချုံ့ ချ ကြောင်း ၀မ်းနည်းကြောင်းသတိပေးလိုက်ကြောင်း
တရားမျှတ ဖို့ တိုက်တွန်း ကြောင်း ဆိုတာ တွေ အတွက်ပေးခဲ့ လိုက်ရတဲ့
အချိန်တွေ အဲဒီအချိန်တွေ နဲ့ အတူ ပျက်ဆီးသွားကြတဲ့စိတ်ဓါတ်တွေ စာရိတ္တ
ဝါရိတ္တ တွေ ကိုယ်ကိုယ်တိုင်(၆)နှစ်လုံးလုံးလေ့လာခွင့်ရခဲ့တဲ့
ပြည်ပနိုင်ငံရေး
ဟာ အပြောင်းအလဲ တစ်ရပ်ကို မဖန် တီးနိုင်ဘူးလို့  လုံးဝဥဿုံ
ယုံကြည်လာခဲ့ပါတယ် ။ နည်းနာပံ့ပိုးနိုင်မှု အထောက်အပံ့ ပံ့ပို့ နိုင်မှု
ရှိ ခဲ့ပေမဲ့  လက်တွေ့ မှာ
အခွန်အကောက် ပေးနေတဲ့ အဆင့်လောက်သာ မြင်ရပါတယ် ။ ဒီတော့ ကျမတို့လုပ်ရမှာဘာလဲ ?

ကျမတို့ ရည်ရွယ်ချက်တွေ ဘယ်လို သယ်ဆောင်နိုင်မလဲ
ကျမတိုခေါင်းဆောင်မျော်လင့်တဲ့ ပြည်သူတွေလွတ်မြောက်ရေး ပန်းတိုင်ဘယ်မှာလဲ
မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်အပေါ်ဘယ်လို သစ္စာရှိကြမလဲ
ဒီတော့ပန်းတိုင်ကို သယ်ဆောင်နိုင်မဲ့သူဟာ့ ကျမတို့  ဟုတ်ခွင့် မရခဲ့ ဘူး
လေ့လာစူးစမ်းမှုအားနည်းစွာပဲ ပြည်ပ ကို ထွက်လာခဲ့မိတယ်
။ဘယ်သူတွေဘာလုပ်နေတယ် ဘာလုပ်သင့်တယ် ဘယ်နေရာကဖြင့် ဟာကွက် ဘာဖြစ်နေလဲ
ဆိုတာ ကိုတော့ ဘောလုံးပွဲ ကို ကောင်းကောင်း ကြည့်တက် နားလည်
သူတစ်ယောက်ကိုယ်တိုင်ဘောလုံးကန်ဖူးသူတစ်ယောက်အနေနဲ့ ထင်သာမြင်သာ
ကို ရှိလာတယ်။ဒီတော့ ဘာလုပ်သင့် တယ် ဘာလုပ်ရမယ် ဆို
တာပြတ်ပြတ်သားသားအကြံပြုတိုက်တွန်းခဲ့တယ် ။ကျမလုပ်နိုင်တာ ဒါပဲ ဒါ
ကိုရှင်းရှင်း
လေးဝန်ခံတယ် ဒီအကြံပြုမှုဟာ ပြည်သူ့ အစိုးရဖွဲ့ ဖို့ ပဲ
ပြည်သူ့အစိုးရဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ
NLDအပါအ၀င်
CRPP ခေါင်းဆောင်များ ပါဝင်တဲ့ လူထုအစိုးရ ဒီအစိုးရသာလျှင်တိုင်းပြည်ကို
ပြောင်းလဲနိုင်မယ် ။ဖမ်းဆီးရင် လူထုအားအပြည်ပြည်ဆိုင်ရာဖိအားကို
သယ်ဆောင်နိုင်မယ် ။သူတို့ မှလွဲ၍ မည်သူမဆို ပါလီမန်ပဲ ပြောပြောအစိုးရပဲ
ဆိုဆို ဘာဆိုဘာမှထူးခြားပြောင်းလဲ မှာ မဟုတ်ပဲ ငွေနဲ့ အာဏာ
ပေါ်မှာသာလုံးလည်ချာလည်လိုက်နေမဲ့
မဟာဗျူဟာမြောက်အဓွန့်ရှည်တော်လှန်ရေးလမ်းစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ဒါ့ကြောင့်
ကျမလုပ်နိုင်တာ က
ကျမ တိုက်တွန်းတယ် အကြံပေးတယ်
လမ်မှန်ကမ်းမှန်ထောက်ပြတယ်။ကျမတို့ကိုယ်တိုင်လည်း ကလေးဘ၀ထဲ က ပါတီ ရဲ့
ညီလာခံခေါ်ရေး
ကိစ္စမှာအချုတ်ထဲဝင်သွားရတယ် ၀င်သင့်ရင် မည်သူမဆို ပြည်သူအတွက် ထပ်
ထပ်ရင်းရပါမယ် ။ ကျမက အပြင်မှာနေပြီး အာတယ် လို့ ပြောကောင်း
ပြောမယ် သေချာတာက ကျမ အမတ်လုပ်မှာ ကျမသမ္မတလုပ်မှာမဟုတ်ဘူး ကျမတို့ က
မန်းဒိတ်ပေးထားတဲ့အဲဒီ့ ကိုးဆယ် အနိုင်ရပုဂိုလ်တွေသာလျှင်
တိုင်းပြည်ကိုအုပ်ချုပ်ရမှာမို့ တိုက်တွန်းနေတာပါ
တိုက်တွန်းခြင်းတိုက်တွန်းမှပြုလုပ်တဲ့ ကောင်းမှုမကောင်မှုဆိုတဲ့
သသင်္ခါရိက တရား ဆိုတာ
လည်း ဘုရားဟော မှာ ရှိနေ လေတော့ ဖြစ်ကောင်းဖြစ်ရဲ့ ပေါ့ ။စေတနာ ဇောတွေ
နဲကျမတို့ အလုပ်လုပ်ခဲ့ပါတယ် ။ကိုယ်တိုင်လည်း နက်ဖန် ထောင်ထဲ
ဝင်ရမှာ သိသိ နဲ့  လုပ်သင့်တယ် လုပ်ရမယ်မြင်သမျှ တစ်ကြိမ်မကရင်ဆိုင်
လုပ်ကိုင်ခဲ့ပါတယ် ။အန္တယယ်ကြီးတာ ကို တိုက်တွန်းရကောင်းလား
ဆိုပြီး ဒေါမနဿပွါးနေသူတွေကိုလည်း နားလည် နိုင်ပါတယ်သူတို့ တွေ
လည်းစေတနာ ဇော တွေဖြစ်ကောင်းရဲ့ပေါ့ လေ ။

ခုတော့ ရက်ကနီးကပ်လာလေ စိုးထိပ်မှုတွေ က ကျမတို့ မှာ ပို ပို
လာလေပါပဲ။မြန်မာပြည်ရဲ့တော်လှန်ရေးသမိုင်းတစ်လျောက် ပြန်ဆန်းစစ်ရင်
လွယ်လွယ် နဲ
့ရခဲ့ တာ ဘာကို ဘာမှမရှိခဲ့ပါဘူး ။
ဒီထက်ဆိုးတာကနဂိုကရည်ရွယ်ချက်ကောင်းကောင်းနဲ
့တော်လှန်ရေးမှာပါဝင်ရင်းအရူးအမဲသားစားမိသလို မောင်ကျန် တတို့ ဖြစ်ရင်းမက
ဖြစ်လာတဲ့ ပရယ်ပိုဇယ်ကိုလိုက်စားသွားသူတွေ ရဲ့သမိုင်းကွေးခဲ့ရတာတွေ
ပေးဆပ်ခဲ့မှုတွေ ရှိခဲ့ရင်တောင်သူတို့ရဲ့ကျိုးပျက်သွားတဲ့ သိက္ခါတွေအတွက်
က နှမျောစရာ အမှန်ပါပဲ ။ ဒီမှာ ကျမစာရေးရင်တခုသတိရသွားတယ် ထောင်ထဲ
ကအသုံးအနှုန်းလေးပါ သိက္ခါ ကိုရိက္ခါနဲ့လဲကြသူတွေ
တဲ့  ဒါကို ခုချိန်မှာ ထင်သာမြင်သာတွေ့ လာတော့တယ် ဒီတော့ ကျမတို
့တော်လှန်ရေးအတွက် ခလုပ်ကသင်း တစ်ရပ် လို့  ကျမယုံကြည်လာတယ် ရီပို
့တွေ ဓါတ်ပုံအထောင်အထားတွေ တောင်းဆိုနေတဲ့ ဒိုနာ တွေ ကိုလည်း
လွန်ခဲ့တဲ့သုံးနှစ်ထဲ က ကျမ မြင်ပြင်းကပ်လာတယ် ဖိုက်တာ တွေ လို့  ကျမတို
့ခေါ်တဲ့
ရဲရင့်တဲ့ လူငယ်လေးတွေ ကလည်း ဖိုက်တာ အစား ရီပိုတာ တွေ ဖြစ်လို့နေပါလားပဲ
ဒါကို ကျမတို့ လက်ပိုက်ကြည့် လို့ မရတော့ဘူး စစ်အုပ်စုရဲ့စနစ်တကျ
ဖျက်ဆီးခဲ့လို့  စိတ်ဓါတ်တွေ ချွတ်ခြုံကျနေတဲ့ မျိုးဆက်ထဲ
ကရှားရှားပါးပါး ထွက်ပေါ်လာခဲ့တဲ့ သူရဲကောင်း အညတြ လေး တွေ ရဲ့
နဂိုမူလပိုင်ဆိုင်ခဲ့တဲ့
ဖြူစင်တဲ့ သတ္တိ ရိုးသားတဲ့ ရဲရင့်မှုတွေ ကို ကျမတို့ပြန် အရယူကြရမယ် ဒါမှ
လူငယ်ကို သိတ်အားကိုးအားထားရှိတဲ့ဒေါ်အောင်ဆန်းစုကြည် ကျမတို့ ရဲ့
ခေါင်းဆောင် လူထု ခေါင်းဆောင် အပေါ်ကိုသစ္စာရှိ ရာ သူ့ ယုံကြည်ချက် နဲ
့ကိုယ်ယုံကြည်ချက်ကိုစောင့်ရှောက်ရာရောက်မယ် ။
ခု ကြားနေရတဲ့ အခြေအနေဆိုးမှာ စစ်အုပ်စုကလည်း
အဓမ္မတရားဝင်အစိုးရဖြစ်အောင်လုပ်မယ် တချို့ တချို့ ကလည်း
ဒီမိုကရေစီအင်အားစုရဲ့ သဘောထား
ပါဆိုပြီး အစိုးရ လုပ်တမ်း ကစားကြဦးမယ် ထိခိုက်နစ်နာ တာကဘ၀တွေ အချိန်တွေ
ရင်ထဲ က ခံစားချက် ပြင်းပြင်းတွေ နဲရင်းနှီးပေးဆပ်နေရတဲ့ ကျမတို့ 
တတွေ ပဲ ကျမတို့ တတွေ ဆိုတာ တကယ့်ကိုယုံကြည်ချက် နဲ့ ဒီမိုကရေစီ
ပန်းတိုင်ကိုလျောက်နေတဲ့ သူတွေအားလုံးကိုဆိုလိုတာပါ ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ကိုကျမပြောလိုက်ပါတယ်
ဒီမိုကရေစီအင်အားစု လို့ တော့ အလွယ်မသုံးကြပါနဲ့ လို့ ကျမတို့ အဲဒီထဲ
မပါဘူး
နော် လို့  ကျမပြောတာရှင်းပါလိမ့်မယ် ။ ကျမတိုခေါင်းဆောင်က ကျမတို့ ကို
ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေ ရှိအောင် သူ့စကားသံတွေ သူ့ အလုပ်တွေ နဲ့ 
မွေးမြူခဲ့တာ ပြည်သူလူထုအတွက် ပါ ။ ဘယ်သို့သော လူတစ်စုအတွက်မှမဟုတ်ပါဘူး
။ ပြည်သူကို ကိုယ်စားမပြုတဲ့ မည်သည့်အုပ်စုကို မဆို တိုင်းပြည်
အုပ်ချုပ်ရေးမှာ လက်သင့်ခံမှာမဟုတ်ပါဘူး ကျမတို့အသက်တွေ ဘ၀တွေ က ၈၈ ထဲ က
သေဆုံးမယ်ဆို သေဆုံးပြီးသားမို့  ခုနေရင်းရလည်းရဲရဲပါပဲ ။
ရလဒ်ကောင်းနဲ့  လက်တွေ့ ကျတဲ့ တိုက်ပွဲတွေ အတွက်
ဒီတစ်ဘ၀ကတော့ပေးဆပ်ပြီးသားပါ ဒေါ်အောင်ဆန်းစုကြည်ပေးဆပ် နေတဲ့ ပေးဆပ်မှု
ရဲ့ခြေဖျားလေးတော့ မှီချင်တယ် ။ပြီးတော့ ခေါင်းဆောင် သွားနေတဲ့ လမ်း
ကြောင်း အပေါ်မှာသစ္စာစောင့်သိရမယ် ဘယ်လို စောင့်သိရမလဲ ဆိုတော့ သူ
့ရဲ့ယုံကြည်ချက်အပေါ်သူသစ္စာရှိနေသလို ကျမတို့ နဂိုမူလ တာ
စထွက်ခဲ့တဲ့ယုံကြည်ချက်အပေါ်ကျမတို့  သစ္စာရှိကြရင်ဖြင့်
ခေါင်းဆောင်အပေါ်သစ္စာရှိနေ
တာပဲဖြစ်လို့  ပါတီလူငယ် တွေ မျိုးဆက်သစ်လူငယ်တွေ မှန်ကန်တဲ့
လမ်းကြောင်းကို ပဲလျောက်ပါ မှားတာမြင်ရင် ပြောရဲတဲ့ ကန့် ကွက် ရဲတဲ့သတ္တိ
ကိုမွေးပါ
ဒီနေရာမှာ လူကြီးတွေ ကိုတော့ သိတ်မပြောလို ပါ
ယောင်ကြီးလျှင်ငိုက်လူကြီးလျှင် မိုက် ဆို သလို မိုက်ဇာတ်ခင်းနေတာတွေ
ဒုနဲ့ ဒေး တွေ့ နေရလို
့ပါ ကျမယုံကြည်တာကတော့ မှန်တာ ကို လုပ်ရဲ မှားတာ ကို ကန် ကွက်ဆန်
့ကျင်ရဲသူများလာသမျှ အောင်ပွဲရမှာ အသေအချာ လို ကျမယုံကြည်ပါတယ် ။
ကဲ သစ္စာတရားကိုလက်ကိုင်ထားပြီးရဲရင့်လိုက်ကြစို့ ။

**မေအိခင်(လယ်ဝေး)**

လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကျမတို့ ခေါင်းဆောင် ကို ကျမ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)