ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 29, 2010

29 Nov, 10// စေတနာမှန်မှ မိတ်ဆွေ

> အယူအဆမတူတိုင်း ရန်သူလို့ သဘောမထားအပ်ကြောင်း မကြာမကြာ ရေးလေ့ရှိတာနဲ့ ပတ်သက်ပြီး လူငယ်တချို့က ဒီလိုဆိုရင် အားလုံးကို မိတ်ဆွေအဖြစ် သဘောထားပြီး စိတ်ချယုံကြည်ရမှာလား လို့ စောဒက တက်ကြပါတယ်။ တချို့ကတော့ ခေတ်စားနေတဲ့ win- win နည်းဗျူဟာ အတူတူပဲလားလို့ မေးကြပါတယ်။

**ကာလာမသုတ်နဲ့ အညီ**
လူငယ်တွေခုလို မေးခွန်းပြန်ထုတ်တာ ၀မ်းသာစရာကောင်းတယ်။ သူများပြောတိုင်း မျက်စီမှိတ်ပြီး လက်ခံတာမျိုး မလုပ်ကြဘူးဆိုတာ အနာဂတ်အတွက် အားရစရာလည်းဖြစ်တယ်။ ဗုဒဟောကြားတော်မူခဲ့တဲ့ ကာလာမသုတ် ကို လူငယ်တွေက ပိုပြီး သဘောပေါက်ကြပါလို့လည်း အောက်မေ့မိတယ်။ အခု သူတို့တတွေ စောဒကတက်ကြတဲ့ စကားကလည်း လိပ်ပတ်လည်အောင် ရှင်းမပြဘူးဆိုရင် ဟိုလိုလို ဒီလိုလိုနဲ့ တော်တော်ရှုတ်ထွေး သွားစေနိုင်တဲ့ စကားမျိုး ဖြစ်နေတာကိုး။ အယူအဆ မတူတိုင်း ရန်သူလို့ သဘောမထားနဲ့ဆိုတဲ့ စကားက ရန်သူလို့ သဘောထားရမယ့် သူမရှိဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ကောက်ယူလို့ ရသွားနိုင်တဲ့ စကားမျိုး ဖြစ်နေပါတယ်။ ဆောင်းပါးတွေထဲ တည့်ရေးဖြစ်တဲ့အခါမှာ ရေးတဲ့အကြောင်းအရာနဲ့ ဆက်စပ်ပြီး ဖတ်ရတော့ သိပ်ပြီး ရှုပ်ထွေးစရာ အကြောင်းမရှိပေမယ့်၊ သူ့ချည်းသက်သက် ကောက်ပြောလိုက်ရင်တော့ အဓိပ္ပါယ် တစ်မျိုးဖြစ်သွားနိုင်ပါတယ်။

**မသမာသူ မိတ်ဆွေမဟုတ်**
အယူအဆ မတူပေမယ့် ရိုးသားစွာနဲ့ သူယုံကြည်တဲ့အတိုင်း အများအကျိုး၊ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်သူများကို ရန်သူလို့ သဘောမထားအပ်ကြောင်း ဆိုလိုတာပါ။ ကိုယ့်တစ်ကိုယ်ကောင်းစားဖို့ ကြီးပွားချမ်းသာဖို့ အောင်မြင်ကျော်ကြားဖို့အတွက် ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်မျိုးနဲ့ အယူအဆတစ်ခုကို ခုတုံးလုပ်ပြီး ကြွေးကျော် သူမျိုးကိုတော့ ဘယ်လိုလုပ်ပြီး မိတ်ဆွေအဖြစ် စိတ်ချယုံကြည်လို့ ရမှာလဲ၊ ပိုက်ဆံနဲ့ ပါဝါတွဲပါတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလောကမှာ အဲဒီလို မသမာတဲ့ ရည်ရွယ်ချက်(ukterior motive)နဲ့ လုပ်ဆောင်သူတွေ ပိုများပါတယ်။ ဆေးဝါးအတု လုပ်တာ၊ နို့မှုန့်ထဲ မယ်လမင်း ရောတာ၊

အစားအသောက်တွေထဲ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ရောနှောထည့်တာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတာ၊ လူတသ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတာတွေဟာ စီးပွားရေး မသမာမှုတွေဖြစ်တယ်။ လူတွေ သေကြကြေကြ ရောဂါတွေရကြလည်း ဂရုစိုက်စရာ မလိုဘူး။ ပိုက်ဆံရဖို့က အဓိကပဲလို့ သဘောထားသူတွေကိုတော့ ရန်သူအဖြစ် သဘောထားကြရမှာပဲဖြစ်တယ်။ ဘယ်နည်းနဲ့မှ မိတ်ဆွေမဖြစ်ချင်ပါဘူး။

**အိုင်ဒီယော်လော်ဂျီ မျက်နှာဖုံး**
နိုင်ငံရေးလောကမှာလည်း အများအကျိုး တိုင်းကျိုးပြည်ကျိုးအတွက် နိုင်ငံရေးလုပ်ပြီး အသက်စွန့်သွားတဲ့ အာဇာနည်တွေ အများကြီး ရှိပါတယ်။ အလားတူပဲ အများအကျိုး၊ တိုင်းကျိုးပြည်ကျိုးဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကိုယ်ကျိုးအတွက် ကောက်ကျစ်စဉ်းလဲမှုမျိုးစုံ၊ လိမ်ညာလှည့်စားမှုမျိုးစုံသုံးပြီး မရှက်မကြောက် လုပ်ကြသူတွေလည်း အများကြီးရှိပါတယ်။ ပထမ အမျိုးအစားထက် အဆတစ်ရာလောက် ပိုများတယ်လို့တောင် ပြောလိုက်ချင်ပါတယ်။ နိုင်ငံရေးမသမာသူက စီးပွားရေး မသမာသူထက် ပိုကြောက်စရာကောင်းတယ်။ စီးပွားရေးသမားက ပိုက်ဆံပဲရှိတာ ပါဝါမရှိဘူး။ နိုင်ငံရေးမသမာသူကြတော့ ပိုက်ဆံရော ပါဝါပါ အစွမ်းထက်လက်နက် နှစ်မျိုးစလုံး ကိုင်ထားနိုင်သူဖြစ်တယ်။ ဒါကြောင့် ပိုအန္တရာယ်ရှိတယ်။ ပြီးတော့ နိုင်ငံရေးသမားလက်ထဲမှာ လူထုကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ၀ါဒ (အိုင်ဒီယော်လော်ဂျီ)ရှိသေးတယ်။ မသမာသူတွေက ၀ါဒတစ်ခုကို ယုံကြည်လက်ခံသယောင် မျက်နှာဖုံးစွပ်ပြီးမှ ကိုယ်ကျိုးရှာတာဖြစ်လေတော့ တော်ရုံနဲ့ လူတွေက သူတို့ရဲ့ သရုပ်မှန်ကို မသိကြဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ ၀ါဒကိုသာကြည့်ပြီး ထောက်ခံအားပေးလေ့ရှိတယ်။ အဲဒီလို နိုင်ငံရေးမသမာသူတွေကိုရော ဘယ်လိုလုပ်ပြီး မိတ်ဆွေအဖြစ် စိတ်ချယုံကြည်လို့ဖြစ်မှာလဲ။ ရန်သူလို့ပဲ သဘောထားရမှာပေါ့။

**နယ်မြေခွဲဝေယူကြဖို့**
နောက်တစ်ခုကတော့ ပေါ်ပင်ဖြစ်နေတဲ့ win-win ဆိုတဲ့စကား။ ဒီစကားက ဂလိုဘယ်လိုက်ဇေးရှင်းကို ၀ါဒဖြန့်နေတဲ့ မဟာ့မဟာ ကော်ပိုရေးရှင်းကြီးတွေက ဘီလျံနာကြီးများရဲ့ သည်းခြေစိုက် လက်သုံးစကား ဖြစ်တယ်။ သူဌေးတွေအချင်းချင်း ဈေးကွက်လုနေမယ့်အစား တွဲလုပ်ကြစို့၊ ပေါင်းလိုက်ကြစို့၊ နယ်မြေခွဲဝေပြီး အပိုင်စားယူကြစို့လို့ ဆိုကြတာလေ။ သူတို့ချင်းတေ့၊ သူမသာ ကိုယ်မနာ ဟန်ကျနေကြတာပေါ့။ ဒါပေမယ့် စီးပွားရေးသမားနဲ့ စားသုံးသူကြားမှာ win-win ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ စီးပွားရေးသမားက အမြတ် များများရချင်တယ်။ ဒီတော့ စားသုံးသူက ဈေးကြီးပေးဝယ်ရတယ်။ စားသုံးသူက လျော့ဈေးလိုချင်တယ်။ ဒီတော့ စီးပွားရေး သမားမှာ ထိခိုက်တယ်။ သဘာဝအရ ကိုယ်က စီးပွားရေးသမားနဲ့ စားသုံးသူကြားမှာ win-win ဆိုတာ မရှိနိုင်တဲ့အရာ ဖြစ်တယ်။ စီးပွားရေးသမား အရင်းရှင်အချင်းချင်း ဈေးကွက်လု ပြိုင်ဆိုင် တိုက်ခိုက်ကြရင် နှစ်ဖက်စလုံး နစ်နာတာမို့၊ အဲဒီလိုမဖြစ်အောင် အပေးအယူလုပ် စေ့စပ်ညှိနှိုင်းပြီး ဝေစုခွဲကြတဲ့ နေရာမှာသာ win-win ရှိနိုင်ပါတယ်။ အကျိုးစီးပွားချင်း ဆန့်ကျင်ဖက်ဖြစ်ကြသူတွေကြားမှာတော့ မရှိနိုင်ပါဘူး။

**စေတနာမှန်မှ မိတ်ဆွေ**
နိုင်ငံရေးလုပ်တယ်ဆိုတာ တိုင်းကျိုးပြည်ကျိုး လူအများအကျိုး သည်ပိုးဆောင်ရွက်ခြင်းဖြစ်တယ်။ စေတနာမှန်မှန်ကန်ကန်နဲ့ ရိုးသားဖြောင့်မတ်စွာ နိုင်ငံရေးလုပ်သူချင်းဖြစ်ရင်၊ တစ်ဦးနဲ့တစ်ဦး အမြင်အယူအဆတွေ မတူပေမယ့် တစ်ခရီးတည်းသွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ခရီးအတူ မသွားနိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ မန္တလေး သွားတယ်ဆိုပါစို့။ တစ်ဦးက ရထားနဲ့ သွားတယ်။ တစ်ဦးက ကားနဲ့ တစ်ဦးက လေယာဉ်နဲ့သွားတယ်။ နောက်တစ်ဦးကျတော့ သင်္ဘောနဲ့ သွားတယ်။ ဘယ်လမ်းကပဲ သွားသွား မန္တလေးကိုရောက်ကြမှာချည့်ပဲ။ ငါ့လမ်းကကောင်းတယ်။ သူ့လမ်းက မကောင်းဘူးလို့ ရန်ဖြစ်နေစရာ မလိုပါဘူး။ ရထားတစ်စီးတည်း အတူစီးသွားတာခြင်းတူပေမယ့် မန္တလေးသွားခြင်းဟာ လမ်းမှာ ဘိန်းမှောင်ခိုရောင်းဖို့၊ မူးယစ်ဆေးပြားသယ်ဖို့ သွားတဲ့လူဆိုရင်တော့ ခရီးသွားဖေါ်မိတ်ဆွေလို့ ဘယ်သဘောထားနိုင်တော့မှာလဲ။ အယောင်ဆောင် အရေခြုံ ကိုယ်ကျိုးရွာသမားမို့ ပြတ်ပြတ်သားသား ရန်သူလို့ပဲ သတ်မှတ်ရတော့မှာပေါ့။

**ကယ်တင်ရှင်လား ရန်သူလား**
အီရတ်ကို ကယ်တင်ဖို့ ဆိုပြီး ရောက်လာတဲ့ အမေရိကန်စစ်သားက၊ မိန်းမပျိုလေးကို မိဘတွေရှေ့မှာ မတော်မတရားပြုတယ်။ ပြီးတော့ နှုတ်ပိတ်ဖို့ တစ်အိမ်သားလုံးကို ပစ်သတ်လိုက်တယ်။ အဲဒီစစ်သားကို ကယ်တင်ရှင်အဖြစ် မိတ်ဆွေအဖြစ် သဘောထားရမှာလား။ စာသင်ကျောင်းတွေပေါ်၊ ဆေးရုံတွေပေါ်၊ လူနေရပ်ကွက်တွေပေါ် အဝေးကြီးက ဒုံးကျည်တွေနဲ့ လှမ်းပစ်ပြီး ကလေးနဲ့ အရပ်သူ အရပ်သား ၁၀၀ သေချင်သေပါစေ။ တာလီဘန်တစ်ယောက် မလွတ်ရင် ပြီးတာပဲဆိုတဲ့ သူတွေကို အာဖဂန်နစ္စတန်လူမျိုးတွေက ရန်သူလို့ သတ်မှတ်တာ သဘာဝကျတယ်။ မှန်လည်း မှန်တယ်။ အာဖဂန်နိုင်ငံထဲ ၀င်ရောက်တိုက်ခိုက်နေသူတွေကို မိတ်ဆွေပါလို့ ပြောရင်တော့ အဲဒီသူဟာ ဦးနှောက်ပျက်နေလို့ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း လေရူးသုန်သုန် ၀တ္ထုကြီးထဲက စစ်ကြောင့် စီးပွားဖြစ်တဲ့ ရက်ဘတ္တလာလို လူစားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ သာမန် ဆင်ခြင်တုံတရား ရှိသူမှန်ရင် ကိုယ့်ကို မတရားလာပြီး အနိုင်ကျင့် စော်ကား၊ သူကို ပြတ်ပြတ်သားသား ရန်သူလို့ သတ်မှတ်ရမှာချည့် ဖြစ်ပါတယ်။ လူငယ်တွေ ဒီအချက်ကို သတိရှိကြစေချင်လို့ ရေးလိုက်ရတာဖြစ်ကြောင်းပါ။

**လူထုဦးစိန်ဝင်း**
(လူထုရနံ့ စာစုများမှ၊ ၅-၉-၂၀၀၉)

အယူအဆမတူတိုင်း ရန်သူလို့ သဘောမထားအပ်ကြောင်း မကြာမကြာ ရေးလေ့ရှိတာနဲ့ ပတ်သက်ပြီး လူငယ်တချို့က ဒီလိုဆိုရင် အားလုံးကို မိတ်ဆွေအဖြစ် သဘောထားပြီး စိတ်ချယုံကြည်ရမှာလား လို့ စောဒက တက်ကြပါတယ်။ တချို့ကတော့ ခေတ်စားနေတဲ့ win- win နည်းဗျူဟာ အတူတူပဲလားလို့ မေးကြပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)