ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 28, 2010

ဖတ်ပါ၊ လေ့လာပါ၊ အတုမခိုးပါနဲ့

> သတင်းစာသင်တန်း တက်ရောက်တဲ့ လူငယ်တွေက လက်တွေ့ ဆောင်ရွက်မှုအနေနဲ့ အဖွဲ့လေးဖွဲ့ခွဲပြီး သတင်းစာလေးစောင် ထုတ်ကြပါတယ်။ အဲဒီ သတင်းစာလေးစောင်ကို လက်ဆောင်ရပြီးကတည်းက လူငယ် လုံမငယ်လေးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာပြီး ကျနော်တို့ ကျမတို့ လုပ်ထားတာ ကြည့်ပေးပါဦး၊ အကြံပေးပါဦး၊ ထင်မြင်ချက်ပေးပါဦးလို့ တစ်မေးတည်း မေးကြပါတယ်။ လျှပ်တစ်ပြက်ကလည်း လာမေးတဲ့အတွက် လိုတိုရှင်းဖြေပေးလိုက်ပါတယ်။ ကိုယ်တိုင် လုပ်ကြကိုင်ကြတဲ့ လူငယ်လေးများက မျှော်လင့်အားထားစွာနဲ့ လာလာပြီး မေးကြတာကို ၀တ်ကျေတမ်းကျေ ဖြေရုံလောက်တော့ မသင့်ဘူးထင်လို့ စာတစ်စောင် ပေတစ်ဖွဲ့ ရေးလိုက်ရတာ ဖြစ်ပါတယ်။

**တကယ်တော်ကြတယ်**
လူငယ်တွေရဲ့ လက်ရာ သတင်းစာလေးစောင်ကို မြင်မြင်ချင်း ကိုယ့်မျက်စိ ကိုယ် မယုံနိုင်လောက်အောင်ကို တအံ့တသြ ဖြစ်သွားရပါတယ်။ သင်တန်းသားတွေရဲ့ သင်တန်းဆင်း လက်တွေ့ ဆောင်ရွက်ချက် လက်ရာဆိုတော့ အမှန်ဆိုရရင် သိပ်မျှော်လင့်မထားမိတာ အမှန်ပါ။ အမြင်သဘောလောက် လုပ်ကြမှာပဲလို့ ထင်ထားပါတယ်။ ဒါပေမယ့် တကယ်တွေ့လိုက်ရတဲ့အခါကျတော့ တကယ်ကို အပီအပြင်ကြီး လုပ်ထားကြပါလား ဆိုပြီး မအံ့သြဘဲကို မနေနိုင်အောင် ဖြစ်သွားပါတယ်။ တစ်စောင်ပြီးတစောင် ဖတ်ကြည့်လိုက်တော့လည်း ဒီနေ့ ထွက်နေတဲ့ ဂျာနယ်တွေနဲ့ တသွေမတိမ်း တူအောင်ကို လုပ်နိုင်ကြတာ တွေ့ရပါတယ်။ သတင်းတွေ ပါသလို ဆောင်းပါးတွေလည်း ပါတယ်။ အယ်ဒီတာ့ စကားဆိုတာမျိုးပါသလို စာအုပ်အညွှန်းတွေလည်းပါတယ်။ ကြော်ငြာတွေလည်းပါတယ်။ ဂျာနယ်တွေနဲ့ တစ်ထပ်တည်းကို တူပါတယ်။ လူငယ်တွေ တကယ်တော်ကြပါတယ်လို့ ချီးမွမ်းလိုက်ရပါတယ်။

**တူအောင်တုကြတယ်**
ပုဂလိက သတင်းစာတွေ မရှိတာ နှစ်ပေါင်း လေးဆယ်ကျော်ခဲ့ပြီဆိုတော့ သတင်းထောက်၊ အယ်ဒီတာတွေ မျိုးဆက်ပြတ်သွားပြီ သတင်းစာတွေ ထုတ်ခွင့်ရတဲ့ အချိန်ရောက်ရင်တောင် လုပ်တတ်တဲ့သူ မကျန်တော့မှာ စိုးရိမ်တာကြောင့် စာနယ်ဇင်းလုပ်ငန်း အတတ်ပညာဆိုင်ရာတွေ၊ စာနယ်ဇင်း ကျင့်ဝတ်တွေ၊ စာနယ်ဇင်း မူပိုင်ခွင့်တွေလို စာမျိုးစုံကို အဓိကထားပြီး ဆယ်စုနှစ်ပေါင်းများစွာ ရေးသားခဲ့သူမို့ ဒီခေတ် လူငယ်တွေရဲ့ အစွမ်းကို မြင်ရတာ အင်မတန် ၀မ်းသာအားရ ဖြစ်သွားပါတယ်။ အနာဂတ်အတွက်လည်း အားတက်သွားရပါတယ်။ လူငယ်တွေဟာ သူတို့ ဆရာများရဲ့ ခြေရာကို ထပ်ချပ်မကွာနင်းပြီး လိုက်နိုင်ကြပေတယ်လို့လည်း ကောက်ချက်ချ လိုက်မိပါတယ်။ လူငယ်တွေဟာ သူတို့ ဆရာသမားများနဲ့ ဘယ်လောက်ထိများ တူအောင် လုပ်ကြသလဲဆိုရင်၊ စောင်ရေတို့ ဈေးနှုန်းတို့လို အမှန်အတိုင်း မဖေါ်ပြကြတာမျိုး ထိတောင် တူအောင် တုကြတာကို တွေ့ရသဗျ။
**တခုခုပေးမှ တာဝန်ကျေ**
ဂျာနယ်ထဲမှာ စာတစ်စောင် ပေတစ်ဖွဲ့ရေးပြီး အများဖတ်ဖို့ ပုံနှိပ်ဖေါ်ပြမှာ ဆိုတော့၊ ဒါလောက်နဲ့တင် ပြီးလို့မဖြစ်ပေဘူး။ စာဖတ်ပရိသတ်ကို သတင်းစကား (message)တစ်ခုခု၊ ဒါမှမဟုတ် ရသတစ်ခုခု ပေးနိုင်မှ စာရေးဆရာရဲ့ တာဝန်ကျေတာ မဟုတ်လား။ စာဖတ်ပရိသတ်အားလုံးအတွက် မကျေနိုင်ရင်တောင် သတ်မှတ်ထားတဲ့ ပရိသတ်တစ်ခု (Targer audience)အတွက်တော့ တာဝန်ကျေရမယ်လေ။ ဒီလောကထဲ ၀င်ကတည်းက လူကြီးသူမများက ဒီလိုပဲ ဆုံးမခဲ့ကြတာဖြစ်တယ်။ အခုလည်း စာနယ်ဇင်းသမား လူငယ် လုံမငယ်လေးများအတွက် အကြံပေးချက်လေး တစ်ချက်လောက်ဖြစ်ဖြစ်တော့ ပြောမှဖြစ်မှာပေါ့။ တော်ပါတယ်၊ ကောင်းပါတယ်ဆိုတဲ့ စကားလောက်ကတော့ လူကိုယ်တိုင်တွေ့စဉ်က ပြောခဲ့ပြီးသားပဲ၊ ဆောင်းပါးတစ်ပုဒ် ထပ်ရေးဖို့ မလိုပါဘူး။
**အတုမခိုးနဲ့ **
လူငယ်တွေကို ပြောချင်တဲ့ စကားတစ်ခွန်းတည်း ရှိပါတယ်။ ရှေ့ကလူကြီးတွေ လုပ်တာကိုကြည့်ပါ။ လေ့လာပါ။ နာနာဖတ်ပါ။ ဒါပေမယ့် အတုမခိုးပါနဲ့ ဆိုတဲ့ စကားဖြစ်တယ်။ အတုခိုးရင် အတုပဲဖြစ်မှာ။ အစစ်မဖြစ်နိုင်ဘူး။ လက်တွေ့လုပ်ထားတဲ့ သတင်းစာလေးစောင်စလုံးဟာ လက်ရှိထွက်နေတဲ့ ဂျာနယ်တွေနဲ့ ထပ်တူထပ်မျှ တူနေတယ်။ ဆရာထက်တပည့်လက်စောင်းထက် ဆိုတဲ့ စကားလို ကျော်ဖြတ်ပြီး ထိုးထွက်လာတာမျိုး မတွေ့ရဘူး။ ဒါသိပ်မကောင်းဘူး။ အင်တာနက်ခေတ် လူငယ်တွေက ပိုကောင်းအောင် လုပ်ပြရမှာ မဟုတ်လား။ လက်ရှိထွက်နေတဲ့ ဂျာနယ်အများစုဟာ ရှေးက နာမည်ကြီးခဲ့တဲ့ သတင်းစာကြီးတွေနဲ့ ဂျာနယ်တွေကို အတုခိုးထားကြတာ
ဖြစ် လေတော့၊ လူငယ်တွေက အခုဂျာနယ်တွေကို ထပ်တူပုံတူ ကူးတာဟာ ရှေးရှေးက အဟောင်းတွေကို တုထားသလို ဖြစ်နေတယ်။ ရှေးလူကြီးတွေက နှစ်ဆယ်ရာစုနည်းပညာတွေ၊ အတွေးအခေါ်တွေနဲ့ လုပ်ခဲ့ကြတာလေ။ ဒီခေတ်လူငယ်တွေက နှစ်ဆယ့်တစ်ရာစု နည်းပညာတွေ၊ အတွေးအခေါ်တွေနဲ့ လုပ်ကြမှ သဘာဝကျမှာပေါ့။ ခေတ်မီတိုးတက်တယ်လို့ ခေါ်နိုင်ပါမှာပေါ့။
**သူရိယရဲ့ နိဂုံးသင်ခန်းစာ**
ရှေးလူကြီးတွေက သူတို့ခေတ်မှာ သူတို့တာဝန်ကျေအောင် လုပ်ခဲ့ကြတယ်။ ဒီခေတ်လူငယ်တွေက ဒီခေတ်ရဲ့ တာဝန်ကို ကျေအောင်လုပ်ကြရမယ်။ အတူယူတယ်ဆိုတာလည်း ယူထိုက်တာကိုသာ ယူရတယ်။ မယူထိုက်တာကို မယူရဘူး။ နောက်ပြီး အတိတ်ကနေ သင်ခန်းစာယူစရာကိုလည်း ယူတတ်ရတယ်။ အတိတ်ကို လေ့လာတာ သင်ခန်းစာယူဖို့ပဲ ဖြစ်ရမယ်။ အတုခိုးဖို့ မဖြစ်စေရဘူး။ ရှေးက သူရိယသတင်းစာဆိုတာ မြန်မာပြည်မှာ အရှိန်အ၀ါ အကြီးမားဆုံး သတင်းစာကြီး ဖြစ်ခဲ့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ပီမိုးနင်းတို့ တတွေ လုပ်ကိုင်ခဲ့
ကြ တယ်။ ဆရာတော် ဦးဥတ္တမလည်း ရန်ကုန်မှာ ရှိနေချိန်အများစုကို သူရိယတိုက်မှာပဲ အချိန်ကုန်လွန်စေခဲ့တာဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူရိယက ဘကြီးဘဖေက ၂၁ ဦး ဂိုဏ်းထောင်ပြီး ငါးထောင်စားကြီး လုပ်ပြီး နယ်ချဲ့အစိုးရနဲ့ ပေါင်းသွားလိုက်၊ နောက်ပိုင်ရှင်သစ် ဂဠုန်ဦးစောကလည်း သူ့နိုင်ငံရေး၊ သြဇာထူထောင်ဖို့ သတင်းစာကို ခုတုံးလုပ်ပြီး ပြည်သူလူထုကို ကျောခိုင်းခဲ့လေတော့ သမိုင်းကောင်းခဲ့တဲ့ သူရိယ သတင်းစာကြီး အဖတ်ဆယ်လို့ မရတော့လောက်အောင် ဂုဏ်သိက္ခာကျဆင်းပြီး ရပ်စဲ သွားရတော့တယ်။
**ခုတုံးလုပ်မခံနဲ့**
မြန်မာ့အလင်းသတင်းစာကျတော့ လူပုဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခုရဲ့ လက်ကိုင်တုတ် အဖြစ်မခံခဲ့ဘူး။ ဒါပေမယ့် မြန်မာအမျိုးသား အားလုံးရဲ့ လွတ်လပ်ရေးတိုက်ပွဲမှန်သမျှ ထောက်ခံအားပေးခဲ့တယ်။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သိန်းဖေစတဲ့ လူငယ်များကို အမြဲ ကူညီပံ့ပိုးခဲ့တယ်။ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းတွေကို အမြဲထောက်ခံခဲ့တယ်။ ဒါပေမယ့် ဘယ်ခေတ်မှာမှ လူတစ်စု၊ ပါတီတစ်ခုရဲ့ အသုံးချခံဘ၀ကို အရောက်မခံခဲ့ဘူး။ ဒါကြောင့်လည်း မြန်မာ့အလင်း သတင်းစာကြီးဟာ သက်တမ်းရှည်ခဲ့တာဖြစ်တယ်။ နောက်ထင်ရှားတာတစ်ခုက ဦးအုန်းခင်ရဲ့ ဗမာ့ခေတ်ဖြစ်တယ်။ ဦးအုန်းခင်က ကလိတဲ့ ရိတဲ့ အရေးအစားတွေ၊ ပြည့်တန်ဆာ ဘုံကျင်လည်ခဲ့စဉ်က ဆိုတဲ့ ဆောင်းပါးမျိုး တွေ၊ နာမည်ကြီး သူဌေးကတော်ကြီးတစ်ဦးနဲ့ ဘိုးတော်တစ်ယောက်ရဲ့ တိတ်တိတ်ပုံး ဇာတ်လမ်းမျိုး နာမည်ကျော် မြန်မာတိုင်းရင်းဆေး ဆရာကြီးတစ်ယောက်ရဲ့ မာယာကြာခြည် ဇာတ်လမ်းမျိုးတွေနဲ့ သူ့သတင်းစာကို မြန်မာပြည်မှာ စောင်ရေအများဆုံး သတင်းစာကြီးတစ်စောင်ဖြစ်အောင် လုပ်ခဲ့တာဖြစ်တယ်။ ဗမာ့ခေတ်သြဇာကြီးက အလွန်ကြီးမားတော့ ဘယ်တော့မှ ပြိုလဲမယ် မထင်ရပါဘူး။ ဒါပေမယ့် သန့်ရှင်းတည်မြဲ အကွဲမှာ ဦးအုန်းခင်က ဗမာ့ခေတ်ကို သူ့လက်ကိုင်တုတ်အဖြစ်နဲ့ နိုင်ငံရေးနယ်မှာ အသုံးချခဲ့လေတော့ ဗမာ့ခေတ်ကြီးဟာ အရိပ်ကလေးတောင် မကျန်အောင် ကွယ်ပျောက်သွားခဲ့ရတယ်။
**ပါးနပ်တဲ့လူမျိုး**
ဒီအဖြစ်တွေကို ရေးပြတာက အတိတ်ကိုလေ့လာပြီး လူငယ်တွေ သင်ခန်းစာ ယူတတ်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာ့အလင်း၊ သူရိယနဲ့ ဗမာ့ခေတ်တို့ကို လေ့လာခြင်းအားဖြင့် မြန်မာလူမျိုးများဟာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အင်မတန် ပါးနပ်ကြတယ်။ ဘယ်သူက လိမ်နေတာ၊ ဘယ်ဟာက ညာထားတာ ဆိုတာမျိုးကို ကောင်းကောင်းခွဲခြားသိမြင်တယ်။ နောက်ပြီးတော့ တခြားဘယ်နေရာမဆို မြန်မာလူမျိုးများဟာ ခွင့်လွှတ်နိုင်ပေမယ့် နိုင်ငံရေး ကလိမ်ကကျစ်လုပ်တာမျိုးကိုတော့ ဘယ်တော့မှ ခွင့်လွှတ်လေ့ မရှိဘူးဆိုတာ သိသာထင်ရှားစေတယ်။ အင်မတန် သြဇာကြီးမားတဲ့ သူရိယသတင်းစာကြီးကို ဘကြီးဘဖေတို့ ဦးစောတို့ကြောင့် စာဖတ်ပရိသတ်က ဒဏ်ခတ်လိုက်တဲ့အတွက် စုန်းစုန်းမြုပ်သွားခဲ့ရတာလည်း အင်မတန် သင်ခန်းစာယူဖို့ ကောင်းတဲ့အချက်ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ထပ်ပြီး လူငယ်တွေကို သတိပေးချင်တာကတော့ ရှေးလူကြီးတွေ လုပ်ခဲ့တာတွေကို လေ့လာပါ။ သင်ယူပါ။ နာနာဖတ်ပါ။ ညက်အောင်ဝါးပြီး စာကြေအောင် လုပ်ပါ။ ဒါပေမယ့် အတုမခိုးပါနဲ့ ဆိုတာပဲ ဖြစ်ပါတယ်။

**လူထုဦးစိန်ဝင်း**
(လူထုရနံ့ စာစုများမှ၊ ၄- ၉- ၂၀၀၉)

သတင်းစာသင်တန်း တက်ရောက်တဲ့ လူငယ်တွေက လက်တွေ့ ဆောင်ရွက်မှုအနေနဲ့ အဖွဲ့လေးဖွဲ့ခွဲပြီး သတင်းစာလေးစောင် ထုတ်ကြပါတယ်။ အဲဒီ သတင်းစာလေးစောင်ကို လက်ဆောင်ရပြီးကတည်းက လူငယ် လုံမငယ်လေးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာပြီး ကျနော်တို့ ကျမတို့ လုပ်ထားတာ ကြည့်ပေးပါဦး၊ အကြံပေးပါဦး၊ ထင်မြင်ချက်ပေးပါဦးလို့ တစ်မေးတည်း မေးကြပါတယ်။ လျှပ်တစ်ပြက်ကလည်း လာမေးတဲ့အတွက် လိုတိုရှင်းဖြေပေးလိုက်ပါတယ်။ ကိုယ်တိုင် လုပ်ကြကိုင်ကြတဲ့ လူငယ်လေးများက မျှော်လင့်အားထားစွာနဲ့ လာလာပြီး မေးကြတာကို ၀တ်ကျေတမ်းကျေ ဖြေရုံလောက်တော့ မသင့်ဘူးထင်လို့ စာတစ်စောင် ပေတစ်ဖွဲ့ ရေးလိုက်ရတာ ဖြစ်ပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)