နယ်မြို့လေးတစ်မြို့တွင် ဖြစ်၏။
`ဒီမြို့လေးမှာ အတော်ဆုံး ရှေ့နေက ဘယ်သူလဲဗျ´
`ဟင်နရီလေ… အရက်သာ မမူးရင်တော့ သူဟာ ဒီမြို့မှာ အတော်ဆုံးရှေ့နေပါပဲ´
`ဒါဆိုရင် ဒုတိယအတော်ဆုံးရှေ့နေက ဘယ်သူလဲဗျ´ဟု မေးလိုက်သဖြင့် မြို့ခံလူက ပြန်ဖြေလိုက်သည်မှာကား…
`ဟင်နရီပဲပေါ့၊ အရက်မူးလာပြီဆိုရင် ဒုတိယအတော်ဆုံးရှေ့နေဖြစ်သွားရော၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမြို့မှာ ရှေ့နေဆိုလို သူတစ်ယောက်တည်းပဲ ရှိတာမဟုတ်လား´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment