ဟောလိဝုဒ်မှ နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးသည် နာမည်ကျော် ဓာတ်ပုံဆရာတစ်ဦးထံသို့ ဓာတ်ပုံအရိုက်ခံသည်။ ရက်အနည်းငယ်ကြာသောအခါ ဓာတ်ပုံရွေးရန် သူမ ရောက်လာသည်။ ထိုအခါ ဓာတ်ပုံများကိုကြည့်၍ မကျေမနပ်ဖြင့် `ရှင့်ဓာတ်ပုံတွေကလည်း ချာလှချည်လားရှင့်၊ ကျမရဲ့ နဂိုရုပ်တောင် မပေါ်တော့ဘူး။ အရင်တုန်းက ရှင်ရိုက်တဲ့ ဓာတ်ပုံတွေက ဒီထက်အများကြီး ကောင်းတာပဲ´ဟု ပြောလိုက်ရာ ဓာတ်ပုံဆရာက ခံပြင်းစွာဖြင့် ပြန်ပြောလိုက်သည်မှာကား…
`ဟုတ်မှာပါခင်ဗျား… ဒါပေမယ့် ဟိုတုန်းက ခင်ဗျားရော ကျနော်ပါ အခုအသက်ထက် ဆယ်နှစ်ငယ်သေးတယ်လေဗျာ´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment