ရဲစခန်းအတွင်းသို့ လူကြီးတစ်ယောက် ၀င်လာပြီး တာဝန်ကျရဲတစ်ဦးအား ပြောသည်။ `ကျနော့်ပိုက်ဆံအိတ် ပျောက်သွားတယ်။ ကူညီစေချင်ပါတယ်။´
`ဒါများ အဘရယ်၊ တိုင်ချက်ဖွင့်လိုက်ပေါ့´
`မဖြစ်သေးဘူးထင်တယ်´
`အဲဒီပိုက်ဆံအိတ်ကို အဘရဲ့မြေးက တွေ့တယ်တဲ့´
`ဒါဆိုလည်း ပြီးရောပေါ့ အဘရယ်၊ ဘာလို့ ရဲစခန်းကို တိုင်နေရသေးတာလဲ´ဟု ပြောလိုက်သဖြင့် အဘိုးကြီးက ပြန်ပြောလိုက်သည်မှာကား…
`မဟုတ်ဘူးကွယ့်၊ အခုလည်း အဘရဲ့ မြေးကိုတွေ့အောင်ရှာဖို့လိုပါတယ်´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment